ပြည်တွင်းလုပ်ငန်းရှင်များ၏ တိုင်ကြားချက်များ ကြောင့် တရုတ်နိုင်ငံမှ သံမဏိချောင်းများ တင်သွင်းမှု အပေါ် Anti-dumping ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အိန္ဒိယ အစိုးရက စတင်ပြုလုပ်လျက်ရှိကြောင်း  Press Trust of India ၏ စက်တင်ဘာလ ၂၅ ရက်သတင်းတွင် ဖော်ပြထားပါသည်။ အိန္ဒိယနိုင်ငံရှိ JSW Steel၊ Sunflag Iron and Steel၊ Usha Martin နှင့် Gerdau Steel India တို့အပါအဝင် ပြည် တွင်းသံမဏိထုတ်လုပ်သည့် ကုမ္ပဏီခြောက်ခုက တရုတ်နိုင်ငံ မှ တင်သွင်းလာသည့် အဆိုပါကုန်ပစ္စည်းများအပေါ် တန် ပြန်စုပုံခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးပါရန်နှင့် အခွန် စည်းကြပ်ကောက်ခံပေးပါ

        နယ်စပ်ဖြတ်ကျော်မှု လွယ်ကူစေရန်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ထူထောင်ရန်အတွက် တရုတ်ပြည်မကြီးရှိ ပြည်နယ်ကိုးခုမှ အကြီးအကဲများ၊ ဟောင်ကောင်နှင့် မကာအိုမှ ခေါင်းဆောင်များ တက်ရောက် သည့် ၂၀၁၇ ခုနှစ်၊ ပုလဲမြစ်ဝှမ်း  ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို ဟူနန်ပြည်နယ်၊ ချန်ရှတွင် ကျင်းပရာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Carrie Lam Yuet-ngor က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

          အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသ များ၌ မိုးရရှိမှုမညီမျှခြင်းနှင့် ရာဂျက် စသန်၊ ဂူဂျာရတ်၊ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာနှင့် အာသံပြည်နယ်တို့တွင် ရေလွှမ်းမိုးခြင်းတို့ကြောင့် လက်ရှိမိုးရာ သီစိုက်သီးနှံထုတ်လုပ်မှု ပမာဏကို ယခင်ထက် ၂ ဒသမ ၇၈  ရာခိုင်နှုန်း လျှော့ချပြီး တန်ချိန် ၁၃၄ ဒသမ ၆၇ သန်းရှိမည်ဟု အိန္ဒိယအစိုးရက ခန့် မှန်းလိုက်ကြောင်း၊ သို့ရာတွင် ယခုခန့် မှန်းထားသည့် ပမာဏသည်ပြီးခဲ့သည့် ငါးနှစ်အတွင်းက  ပျမ်းမျှထုတ်လုပ်မှု ပမာဏဖြစ်သည့် တန်ချိန် ၁၂၈ ဒသမ ၂၄ ထက်မြင့်မားနေသေးသည်ဟု စိုက် ပျိုးရေးဝန်ကြီးဌာန၏  ကြေညာချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။ ယခုနှ

         တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့  ရွှေတင်သွင်းမှုကို  ကန့်သတ် လိုက်သည့်အပေါ်  တောင်ကိုရီးယား အစိုးရက ကန့်ကွက်လိုက်ပြီး ယင်းတား မြစ်ချက်သည် နိုင်ငံတကာစံနှုန်းသတ် မှတ်ချက်များနှင့်  ကိုက်ညီခြင်း မရှိ ကြောင်း၊ အိန္ဒိယအနေဖြင့် ရွှေတင်သွင်းမှု ပိတ်ပင်ရန်အတွက် ယခုကဲ့သို့တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်မည့်အစား နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဦးစွာ ဆွေးနွေးညှိနှိုင်းသင့်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၂၁ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံမှ ရွှေတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ခန့်သို

      အိန္ဒိယနိုင်ငံ၌ အရန်သိုလှောင် ထားသည့် ပဲတန်ချိန် ၁၈ သိန်းအား ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည်များအား ဆောင်ရွက်ရန် NCCF အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများအား တိုက်တွန်းပြောကြား ထားေ ကြာင်း စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan က စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ ထို့ပြင်လက်ရှိရာသီတွင် ပဲမျိုးစုံ ဈေးနှုန်းမှာ သတ်မှတ်ထားသည့် MSP ဈေးနှုန်းအောက်ကျဆင်းပါက အစိုးရ ကဝယ်ယူပေး မည်ဖြစ်ကြောင်း၊ အိန္ဒိယ အစိုးရသည် ပဲစိုက်တောင်သူများ အတွက် ပိုမိုကောင်းမွန်သည့်ဈေးနှုန်း ရရှိစေရန်နှင့် ပြည်တွင်း၌ဈေးနှုန်းမြင့်တက်လာချိန်တွင် ဈေးနှုန်းထိန်းညှိနိုင် ရေး ထောက်ပံ့ရောင်းချရန်တို

        ဟောင်ကောင်လူဦးရေ၏  ၃၀ ရာခိုင်နှုန်း ကျော်မှာ နည်းပညာ  ဖွံ့ဖြိုးတိုးတက်မှုတွင် ဟောင်ကောင်မှာ အာရှ၏ ပြိုင်ဘက်နိုင်ငံများ နောက်တွင်ကျန်ခဲ့ပြီး အစိုးရအနေဖြင့် နည်း ပညာထုတ်ကုန်အသစ်များ  ထုတ် လုပ်နို င်ရေး တွန်းအားပေးရန်   လိုအပ်ကြောင်း၊  ဆန်းသစ် တီထွင်မှုဆိုင်ရာ နည်းပညာတွင်  မြို့ငါးမြို့အား အဆင့်သတ်မှတ်ရာတွင်  တိုင်ပေ၊   ရှန်းကျန့်၊ ဆိုးလ်နှင့်  စင်ကာပူတို့၏  နောက်တွင်ကျန်ခဲ့ ကြောင်းHKUPOP   အား ဆန်းသစ်တီထွင်မှု ဆိုင်ရာ  သုတေသနစာတမ်းတွင် ဖော်ပြထား သည်။  Sharing  Econom

      ဈေးပေါသည့် ပြည်ပသွင်းကုန်များ ဝင်ရောက်မှုကို ထိန်းချုပ်ဟန့် တားနိုင်ရန်အတွက် တရုတ်နိုင်ငံမှ သံမဏိပြားသွင်းကုန်များအပေါ် အပို ဆောင်းသွင်းကုန်ခွန် Additional import Tax ကို ငါးနှစ်ကြာစည်းကြပ်မည်ဖြစ်ေ ကြာင်း အိန္ဒိယအစိုးရက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန် သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။အိန္ဒိယအစိုးရသည်   ပြည်တွင်း  သံမဏိထုတ်လုပ်သူများအား အထောက်အကူပြုစေရန် ရည်ရွယ်ကာ သံမဏိပြားများhot-rolled and cold -rolled)  ပေါ်တွင်  Countervailing duty  ၁၈ ဒသမ ၉၅ ရာခိုင်နှုန်း စည်းကြပ်ရန် သတ်မှတ်လိုက်ကြောင်း၊ အိန္ဒိယအစိုးရသည်  ယခင်က တရုတ်၊ ဂျပန်နှင

    အိန္ဒိယ အကောက်ခွန်ဦးစီး ဌာနသည် ယုံကြည်မှုကိုအခြေခံ ည့် စည်းမျဉ်းစည်းကမ်း   လိုက်နာသော ဝန်းကျင်တစ်ခု  တည်ဆောက်ရန်နှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက်  ကုန် သွယ်မှုလျင်မြန်ချောမွေ့စေရန် ရည် ရွယ်ချက် များဖြင့်   ပို့ကုန်တင်ပို့မည့်  ကွန်တိန်နာများအား   လုပ်ငန်းရှင်များ ကိုယ်တိုင်ချိတ်ပိတ်သည့်စနစ်ကို အောက် တိုဘာလ ၁ ရက်မှစတင်ခွင့်ပြုမည်ဖြစ် ကြောင်း၊  ယခင်က အကောက်ခွန်ဦးစီး ဌာန တာဝန်ရှိသူများ၏   ကြီးကြပ် မှုဖြင့် စက်ရုံ၌  ချိတ်ပိတ်ခြင်းများ  ဆောင် ရွက်သည့် ပို့ကုန်လုပ်ငန်းရှင်များသည်လည်း    ယခုထု

     ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ကုန်တင်ကရိန်းကြီးများအား အိန္ဒိယ နိုင်ငံသို့ ဒုတိယအသုတ်အဖြစ် တင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းတွင် ဖော်ပြထားသည်။ဒိုးဆန်အကြီးစားစက်မှုလုပ်ငန်း(Doosan Vina) က ကုန်တင်ကရိန်း အကြီးစားသုံးခုကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုန်တင် ကရိန်းများကို အိန္ဒိယနိုင်ငံဘာဟာရတ်  မွမ်ဘိုင်းကုန်သေတ္တာတင်ဆိပ်ကမ်း ပရိုက်ဗိတ်လီမိတက်  (Bharat Mumbai Container Terminals Private Limited-BMCTPL)  က စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဒိုးဆန် အကြီးစား စက်မှုလုပ်ငန်းအနေဖြင့် MMCTPL ကုမ္ပဏီသို့ ကရိန်းကြီး ၁၂ စင်းကို ထုတ်လုပ

      အိန္ဒိယနိုင်ငံတွင် ပြည်နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် အချို့သောသီးနှံများ၏ စိုက်ဧကမှာ ကျဆင်း လာခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် မိုးသီးနှံ  စုစုပေါင်းထုတ်လုပ်မှု ပမာဏမှာ ယခင်နှစ်ေ အာက် လျော့နည်းနိုင်သည်ဟု ပညာရှင်များက သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။သို့ရာတွင် နိုင်ငံအတွင်း အခြေခံစားကုန်သီးနှံများအား အစိုးရ က အရန်သိုလှောင်မှုများ ပြုလုပ်ထားသည့်အတွက်  စားနပ်ရိက္ခာ လုံလောက်မှုရှိနိုင်ပြီး သီးနှံဈေးနှုန်းများကိုလည်း တည်ငြိမ်အောင် ဆက်လက်ထိန်းထားနိုင်မည်ဟုလည်း သုံးသပ်ထားကြောင်း သိရှိရပါ သည်။