သြစတြေးလျသည် အိန္ဒိယနှင့် စိုက်ပျိုးရေး ထွက်ကုန် ကုန်သွယ်မှုတိုးမြှင့်လာစေရေး ကြိုးစား လျက်ရှိရာ အိန္ဒိယပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ပဲမျိုးစုံနှင့် အစေ့အဆန်ကုန်သွယ်မှု တိုးမြှင့်ရန် စိတ်ဝင်စားနေသည်ဟု k Australian High Commission ၏ Trade Commissioner Gregory Harvey က သြဂုတ်လ ၃၀ ရက်၌ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။Australia Business Week in India အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ရန် သြစတြေးလျကုန်သွယ်ရေး ဝန်ကြီးဦးဆောင်၍လုပ်ငန်းရှင် ၄၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အိန္ဒိယနိုင်ငံတွင် လက်ရှိကောက်ခံနေသည့်Goods and Services Tax(GST) မှာ စားသုံးသူ များမှ ပေးဆောင်ရသည့် သွယ်ဝိုက်ခွန်အဖြစ် ကောက်ခံသည့် အခွန်ဖြစ်သည်။GST အောက် တွင် Value Added Tax, Services Tax, Excise Duty, Customs Duty စသည်တို့ ပါဝင်ပါတယ်။ လက်ရှိတွင်ဗဟိုအစိုးရက ကောက်ခံသည့် အခွန် များနှင့် ပြည်နယ်အစိုးရက ကောက်ခံသည့် အခွန် ဟူ၍ နှစ်မျိုးရှိရာ ၎င်းင်းတို့မှာ
(က)Central Government မှကောက်ခံသည့် အခွန်များ
- Income Tax
- Excise Duty or Central VAT
- Service Tax
- Customs Duty
- Central Sales Tax
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Le Bourget တွင် ကျင်းပမည့်Texworld and Texworld Denim ကုန်စည်ပြပွဲသို့ မြန်မာ နိုင်ငံမှ အထည်ချုပ်လုပ်ငန်း တစ်ခု က သွားရောက်လေ့လာ ပြသမည် ဖြစ်ကြောင်း သိရ သည်။ အဆိုပါပြပွဲကို စက်တင်ဘာ လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ပြသသူပေါင်း ၆၀၀ ခန့် လာရောက် ပြသကြမည်ဖြစ်သည်။ ယင်းပြပွဲ သည် ဥရောပရှိ အထည်အလိပ် ဈေးကွက်တွင် ဦးဆောင်နေရာ တွင် ရပ်တည်နေသည့်ပြပွဲတစ်ခုအဖြစ် ၁၃ ကြိမ်မြောက်အဖြစ် ပြသခြင်းဖြစ် သည်။ ပြပွဲတွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီး ယား၊ ဟောင်ကောင်၊ အိန္ဒိယ၊ ပါကစ္စ တန်၊ ဆွီဒင်၊ တရုတ်(တိုင်ပေ)၊ တူရကီနှင့်
အမေရိကန်နိုင်ငံမှ တင်သွင်း လာသည့် အေးခဲအသားများ တင် ဆောင်လာသည့် ကုန်သင်္ဘောသည် တရုတ်နိုင်ငံ ရှန်ဟဲဆိပ်ကမ်းသို့ စက် တင်ဘာလ ၁ ရက် ဆိုက်ကပ်လာခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။အမေရိကန်နိုင်ငံမှ ကုန်တင် သင်္ဘောသည် အမေရိကန်ဒေါ်လာသုံး သိန်းကျော်တန်ဖိုးရှိသည့်အေးခဲအမဲ သား ၁၅ ဒသမ ၁ တန်ကို တင်ဆောင် လာခြင်းဖြစ်ကြောင်း ရှန်ဟဲ Entry-Exit Inspection and Quarantine Bureau ၏ ထုတ်ဖော်ပြောကြားချက် ကို ဆင်ဟွာသတင်းတွင် ဖော်ပြထား သည်။အမေရိကန်နှင့်တရုတ်နိုင်ငံတို့ သည် ၁၄နှစ်ကြာ ကုန်သွယ်မှုများ ရပ် ဆိုင်းခဲ့ပြီးနောက် ယခုနှစ် ဇွန်လမှစတင် ကာ ကုန်သွယ်မှု ပြန်လည်ပြု
ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ တွင် လက်ရှိဖြစ်ပွားနေသည့် ပြဿနာ များကို ဖြေရှင်း၍ ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းအသစ်များ ချမှတ်ဆောင်ရွက်ခြင်း ဖြင့် မဟာမဲခေါင်ဒေသခွဲ၏ စီးပွားရေး အချက်အချာဒေသ တစ်ခုဖြစ် လာသည် အထိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ရန် ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အမျိုးသားသတင်းဗျူရို ဌာနသို့ ပြောကြားခဲ့ပါသည်။မဟာမဲခေါင် ဒေသခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့်တရုတ်နိုင်ငံ၏ ယူနန်နှင့်ဂူရှီဇေ
ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် မကြာမီကထုတ်ပြန်ခဲ့သည့် အစိုးရ၏ဖြေ လျော့ဆောင်ရွက်ပေးမှုများအပေါ် အားရကျေနပ်မှုရှိပါကြောင်းနှင့် နိုင်ငံ ခြားသားများအတွက် အီလက်ထရောနစ်နည်းပညာများဖြင့် ဆောင်ရွက်ပေး မှုကို ထိုင်းအစိုးရကထောက်ပံ့ပေးရန်လိုအပ်ကြောင်းJoint Foreign Chambers of Commerce of Thailand (JFCCT) ၏ ဥက္ကဋ္ဌStanley Kangါ က ပြောကြား ပါသည်။ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) မှ ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းများရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ(WTO) ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ အစည်းအဝေးမတိုင်မီ ကျင်းပသည့်ညှိနှိုင်း အစည်း အဝေးကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေး၌ အိန္ဒိယသည် ၎င်း ၏ Trade Facilitation Agreement on Services (TFS) အဆိုပြု လွှာအား ဆွေးနွေးရန် တွန်းအားပေးဖွယ်ရှိကြောင်း သိရှိရပါသည်။
သြဂုတ်လအတွင်း တရုတ်နိုင်ငံ ထုတ်ကုန် စည် ၉၃ မျိုးအပေါ် တန်ပြန်စုပုံခွန်သစ်များ စည်း ကြပ်ရန် အိန္ဒိယကစီစဉ်နေသည်ဆိုသည့် သတင်း အား တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြခဲ့ခြင်းမှာ အဖြစ်မှန်မဟုတ်ဟု တရုတ်နို င် ငံရှိ အိန္ဒိယသံရုံးက ပြောကြားထားကြောင်း သိရှိရပါသည်။လက်ရှိကာလအထိ ဓာတုပစ္စည်းများ၊ သံမဏိနှင့် အခြားသတ္တုပစ္စည်းများ၊ ချည်ခင်များ၊ စက်ပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်း များ၊ လျှပ်စစ်ပ စ္စည်း များ၊ လူသုံးကုန်ပစ္စည်းများ စသည့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းအမယ်ပေါင်း ၉၃ မျိုးမှာ တန်ပြန်စုပုံခွန် စည်းကြပ်မည့် ပစ္စည်း များအဖြစ် သတ်မှ
အိန္ဒိယနိုင်ငံတွင် ယခုနှစ်မုတ်သုံရာသီအတွင်း အဆိုးရွားဆုံးရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း နိုင်ငံ၏လယ်ယာကဏ္ဍထုတ်လုပ်မှု အပေါ်တွင် အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်း တိုင်းမ်အော့ဖ်အိန္ဒိယ သတင်း တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီ စတင်ဝင် ရောက်ချိန်မှ ယနေ့အထိ အဆိုးရွားဆုံးရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။သို့သော် လည်း လယ်သမားများ အနေဖြင့် ရေပြန်လည်ကျဆင်းသွား ချိန်တွင် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ခဲ့သဖြင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုမရှိခဲ့ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။''တစ်နိ
ဖိလစ်ပိုင်နိုင်ငံက ဆန်ပိုမိုသို လှောင်ထားနိုင်ရန်အတွက် ဆန်တန် ချိန်နှစ်သိန်းခွဲ ဝယ်ယူသွားမည်ဖြစ် ကြောင်း၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာ ပူနိုင်ငံရှိ ဝယ်လက်များထံမှ အဆိုပါ ဆန်တန်ချိန်များကို ဝယ်ယူသွားမည် ဖြစ်ကြောင်း rice outlook သတင်းတွင် ဖော်ပြထားသည်။ဖိလစ်ပိုင်နိုင်ငံ ဆန်ဝယ်ယူရေး အေဂျင်စီဖြစ်သည့် အမျိုးသားအစား အစာအာဏာပိုင်အဖွဲ့ (National Food Authority's-NFA) က ဆန် တန်ချိန် ၂၅၀၀၀၀ ဝယ်ယူရေးအတွက် တင်ဒါခေါ်ယူ၍ ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုတင်ဒါခေါ်ယူ၍ ဝယ် ယူသွားမည့်ဆန်များကို သိုလှောင်ထား မည်ဖြစ်သည်ဟုဆိုသည်။အပြည်ပြည်ဆိုင်ရာ ဆန်တင်ပို့ သူများအသင်းတ
