ကမ္ဘာ့ဘဏ်အနေဖြင့် ထိုင်းနိုင်ငံ၏စီးပွားရေး တိုးတက်မှု အပေါ် အကောင်းဘက်မှ ရှုမြင်ပြီး ယခုနှစ်အတွက် တိုးတက်မှု နှုန်းအား ၃ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊၂၀၁၈ ခုနှစ် အတွက် တိုးတက်မှုနှုန်းအား ၃ဒသမ ၆ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး တိုးမြှင့်ခန့်မှန်းထားကြောင်း၊ ပထမနှစ်ဝက်အတွင်း ပို့ကုန်နှင့် ခရီးသွားလာမှု လုပ်ငန်းများမှာ မူလမျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းခဲ့၍ ဖြစ်ကြောင်း ဖော်ပြထားပါ သည်။ ထိုင်းနိုင်ငံ အတွက် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် စီးပွားရေး တိုးတက်လာ မည်ဟု ရှုမြင်ကြောင်း၊ လတ်တလောတွင်စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အရှိန်အဟုန်ရနေကြောင်
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ဆက် လက်မြင့်တက်လာခြင်းမရှိစေရန် အိန္ဒိယဗဟိုအစိုးရက ကုန်သည်များ၏ ကြက်သွန်နီသိုလှောင်မှုပမာဏကို ကန့်သတ်ရန် ပြည်နယ်အစိုးရများအား သြဂုတ် ၂၃ ရက်၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ထို့ပြင် ပြည်တွင်း၌ ကြက်သွန်နီလုံလောက်မှုရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် ကြက်သွန် နီတင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေး နှုန်း (minimum export price-MEP) သတ်မှတ်ရန်အတွက်လည်း ဗဟို အစိုးရက စဉ်းစားနေကြောင်း၊ ထိုသို့ သတ်မှတ်ရာ၌ ကြက်သွန်နီပို့ကုန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဖြင့် သတ်မှတ်ရန်ကိုလည်း အိန္ဒိယ စားသုံးသ
ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် အတွက် ဘဏ္ဍာငွေဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျှော့ချပေးမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိရာ ဗန်ကောက်မြို့ရှိ ထိုင်း ယဉ်ကျေးမှုစင်တာနှင့် တာလင်ကျန်ကို ဆက်သွယ်မည့် လိမ္မော်ရောင်လျှပ်စစ်ရထားလမ်းစီမံကိန်း၏ အနောက်ဘက် လမ်းပိုင်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့် တည်ဆောက်ခွင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ပို့ဆောင်ရေး ဝန်ကြီးဌာနသည် လိမ္မော်ရောင် လျှပ်စစ် ရထားလမ်းစီမံကိန်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့်တည်ဆောက် ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော် နိုင်မည့် အခြေအန
အိန္ဒိယ အရှေ့မြောက်ဒေသအား စီးပွားရေးပါဝါကောင်းသည့် ဒေသ တစ်ခုဖြစ်လာစေရန်နှင့် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှုတို့ကို ပိုမို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ် ကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ ၃၅၂ ကီလိုမီတာရှည်သည့် အဝေးပြေးလမ်း မကြီးအား အဆင့်မြှင့်တင်ရန်အတွက် သြဂုတ် ၂၁ ရက်တွင် အိန္ဒိယဗဟိုအစိုးရ က ရူပီး ၆၁၆၇ ကုဋေခန့် ခွင့်ပြုပေးခဲ့ ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခြင်းအား ကန့် သတ်ကုန်စည်အမျိုးအစားခေါင်းစဉ်အောက်သို့ ထည့်သွင်းသတ်မှတ် လိုက်ပြီး ပြည်တွင်းသို့သင်္ဘောတင်ဝင်ရောက်မှုပမာဏ ခွဲတမ်းအား ဘဏ္ဍာနှစ်တစ်နှ စ်အတွင်း တန်ချိန်သုံးသိန်း အများဆုံး သတ်မှတ် ကြောင်း Directorate General of Foreign Trade ၏ သြဂုတ် ၂၁ရက်၌ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုအခြေအနေများကို စောင့်ကြည့်နေသည့် အမေရိကန်ကုမ္ပဏီများစွာရှိသည်ဟု မြန်မာ နိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံရုံး၏ ဒုတိယအကြီး အကဲဖြစ်သူ Mr.
ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment - BOI) သည် အဆိုပြုလျှောက်ထားလာသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဇူလိုင် ၂၇ ရက်၌ ကျင်းပသည့်အစည်းအဝေးတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဘတ် ၁၂၈ ဘီလီယံတန်ဖိုးရှိ စီမံကိန်းငါးခုကို အတည်ပြုပေးခဲ့ရာ၌ HEVs (Hybrid Electronic Vehicles)ကားလုပ်ငန်းအတွက် တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၉ ဘီလီယံ ပါဝင်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသ ည်။ တိုယိုတာသည် နှစ်စဉ် HEVsကားအရေအတွက် အစီး ၇၀၀၀ ကို တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး လိုအပ်သော ကားဘက်ထရီအရေအတွက် အလုံး ၇၀၀၀၀ ကိုလည်း ထုတ်လုပ်လျက်ရှိပါသည်။ထို့နောက်အခ
အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း၌ နို့နှင့် နို့ထွက်ပစ္စည်း ပြည်တွင်းလိုအပ်ချက် မြင့်တက်လာသည်နှင့်အညီ တိုးတက်ဖြည့်ဆည်းပေးနိုင်ရန် နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အစီအစဉ် များ ဆောင်ရွက်ရန်အတွက် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီထံမှ ချေးငွေရူပီး ၁၆၀၂၇ ကုဋေရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါချေးငွေ ရရှိရေးအတွက် အိန္ဒိယအစိုးရသည် JICA ထံသို့ "Dairying through Cooperatives-National Dairy Infrastructure Plan" ကိုရေးဆွဲကာ ချေးငွေရရှိရေး အဆိုပြုလွှာတင်ပြထားပြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းအ
အိန္ဒိယနိုင်ငံ ရာဂျတ်စသန်ပြည်နယ် အဝေးပြေးလမ်းမကြီးတစ်လျှောက် ဆက်သွယ်သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာစေရန်နှင့်ခရီးသည်များ၊ မော်တော်ယာဉ်များ ဘေးကင်းလုံခြုံစွာသွားလာနို င်ရေးတို့ကို ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် အိန္ဒိယအစိုးရတို့သည် အမေရိကန် ဒေါ်လာသန်းပေါင်း ၂၂၀ ရယူမည့် ချေးငွေသဘောတူစာချုပ်တစ်စောင် ကို ဇူလိုင် ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရပါသည်။ ADB ဘုတ်အဖွဲ့သည် အမေရိကန်ဒေါ်လာသန်း ၅၀၀ခန့် အသုံးပြုဆောင်ရွက်မည့် ရာဂျက်စသန်ပြည်နယ်အဝေးပြေးလမ်းမကြီး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်(Rajasthan State Highways Investment P
