Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရေး အရာထမ်းများ အရည်အသွေးမြှင့်တင်ရေးနှင့် ကုန်သွယ်မှုဖွံ့ ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Thu, 03/17/2016 - 11:17 -- journal_editor

   ကုန်သွယ်မှုမြှင့်တင်ရေးအရာထမ်းများအရည်အသွေးမြှင့်တင်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး စတုတ္ထထပ်ရှိ ကုန်သွယ်မှုသင်တန်းကျောင်းအဆင့်မြင့်သင်တန်းခန်းမတွင် မတ်လ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုန်သွယ်မှုမြှင့်တင် ရေးနှင့်စားသုံးသူရေးရာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က တက်ရောက်လာသော သင်တန်းသားများအား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ပြောကြားခဲ့ပါတယ်။ သင်တန်းနည်းပြများအဖြစ်ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊UMFCCI ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(DICA)နှင့်စက်မှုဝန်ကြီးဌာနတို့မှဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများကသင်ကြားပို့ချခဲ့ကြပြီး၊အဆိုပါသင်တန်းသို့ ကုန်သွယ်မှုမြှင့်တင် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ် နှင့်တိုင်းအသီးသီးမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ ကြကြောင်းသိရပါတယ်။
ကောင်းထွဋ်အောင်-YGN