ကျိုက်ထိုမြို့နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိ

ကျိုက်ထိုမြို့နယ်အတွင်းရှိဈေးများတွင် နေ့စဉ်ရောင်းဝယ်လျက်ရှိသည့် ကြက်သွန်နီဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရသည်။
ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေ၊ ရပ်ဝေးဒေသများမှ ကုန်စည်သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ကုန်ကျစရိတ်များ ပြောင်းလဲလာမှုတို့ကြောင့် ဈေးကွက်အတွင်းရောင်းချသည့်ဈေးနှုန်းများ လိုက်ပါပြောင်းလဲလာခြင်းဖြစ် ကြောင်းသိရသည်။
အောက်တိုဘာလတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။                                                                                                                                                     

   DOCA (မွန်)