Main menu

Background

ဟောင်ကောင်တွင်The 4th International Myanmar Pearl Auction (Hong Kong) ပြပွဲ ကျင်းပ

Mon, 03/21/2016 - 16:09 -- journal_editor

    The  4th  International Myanmar Pearl Auction (Hong Kong) ပြပွဲကို ၂၀၁၆ ခုနှစ်  ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ဟောင်ကောင်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာန၊  မြန်မာ့ပုလဲထုတ် လုပ်ရေးနှင့်  ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ ဦးဆောင်၍အမေရိကန် ဒေါ်လာ ၆ယ၈၁၈ယ၆၀၀  တန်ဖိုးရှိပုလဲ အတွဲပေါင်း ၃၂၄ တွဲ၊  ပုလဲလုံးရေ ၁၂၃၅၆၂ လုံး၊ အလေးချိန် ၈၁၆၈၅ ဒသမ ၈၅  မိုမီပုလဲများ သွားရောက်ပြသရောင်းချခဲ့ရာပုလဲအတွဲပေါင်း ၃၂၁  တွဲ၊ ပုလဲလုံးရေ ၁၂၂၆၃၆  လုံး၊ အလေးချိန် ၈၁၀၃၃ ဒသမ ၀၅ မိုမီ၊  အမေရိကန်  ဒေါ်လာ ၁၂ယ၅၂၇ယ၈၇၆ ရောင်းချခဲ့ရသဖြင့် ကြမ်း ခင်းဈေးပေါ်တွင် ၈၅ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရကြောင်း သိရှိရပါသည်။အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီပေါင်း ၈၀ တက်ရောက်ခဲ့ပြီး ပုလဲကုန်သည် ကုမ္ပဏီပေါင်း ၆၁ ခုမှ တင်ဒါ အောင်မြင်ခဲ့ပါသည်။  ယင်းပြပွဲသို့ ဂျပန်နိုင်ငံမှ Kobe Pearls & Gems Co., Ltd ကတန်ဖိုးငွေအမေရိကန်ဒေါ်လာ ၁ယ၁၉၇ယ၃၈၁ဖြင့် အများဆုံး တက်ရောက်ဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။အဆိုပါပြပွဲသို့မြန်မာ့ပုလဲများသွားရောက်ပြသခြင်းဖြင့်မြန်မာ့ပုလဲများအား  ပြည်ပတွင်ရောင်းချခဲ့ သည့် ပုလဲပြပွဲများတွင် အများဆုံးရောင်းချခဲ့ရသောပမာဏဖြစ်ခြင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲများနိုင်ငံတကာဈေးကွက်တွင်နေရာတစ်ခု ခိုင်ခိုင်မာမာရရှိခြင်း၊ မြန်မာ့ပုလဲများကို ကမ္ဘာကသိစေခြင်း၊ ကုန်သည်အသစ် များတိုးပွားခြင်း၊  နိုင်ငံခြားငွေများ ပိုမိုရရှိခြင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်၍  ပုလဲမွေးမြူရေး  လုပ်ငန်းများ ရင်းနှီး မြှုပ်နှံလာစေရန်  ဆွဲဆောင်မှု ရရှိခဲ့ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အတွက် အောင်မြင်သော ပြပွဲတစ်ပွဲဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။
ဇင်းလင်းအောင်  (TF)