Main menu

Background

ဇန်နဝါရီအတွင်း အာရှပစိဖိတ်လေကြောင်းသွားလာမှု မြင့်တက်

Thu, 03/24/2016 - 14:21 -- journal_editor

   လေဆိပ်များအချင်းချင်းတိုက် ရိုက်ဆက်သွယ်မှုများ တိုးတက်လာတဲ့ အတွက် အာရှပစိဖိတ်ဒေသအတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှုမှာအတက်ဘက်သို့ ဦးတည် လျက်ရှိနေကြောင်းအပြည်ပြည်ဆိုင်ရာ  လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း(International Air Transport Association-IATA) ရဲ့အစီရင်ခံစာကိုကိုးကားပြီးဖိလစ်ပင်းစတားအွန်လိုင်းသတင်းမှာဖော်ပြပါတယ်။IATAမှနောက်ဆုံးထုတ်ပြန်တဲ့ အာရှပစိဖိတ် လေကြောင်းလိုင်းများရဲ့ ဇန်နဝါရီသယ်ယူပို့ဆောင်ရေးအခြေ အနေက လွန်ခဲ့တဲ့တစ်နှစ်ကနဲ့ နှိုင်းယှဉ် ရင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း  မြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ယခုကဲ့သို့တိုးတက်လာခြင်းမှာလေကြောင်းလိုင်းများရဲ့  စွမ်းဆောင်ရည် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းနဲ့ ထိုစွမ်းဆောင်ရည်ကိုအသုံးချနိုင်မှု ပမာဏကလည်း ၇၉ ဒသမ ၃ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ''လွန်ခဲ့တဲ့  ၁၂ လအတွင်း အာဆီယံဒေသတွင်းမှာလေကြောင်းလိုင်းတိုက်ရိုက်ဆက်သွယ်မှုအရေ အတွက်မြင့်မားလာတဲ့အတွက် ဝယ်လို အားကိုတွန်းအားပေးပြီး    ဒေသတွင်းနိုင်ငံများမှာစီးပွားရေးဖွံ့ဖြိုးမှုကျဆင်း တာကိုခုသာ ခံသာရှိစေခဲ့ပါတယ်'' လို့ IATA ညွှန်ကြားရေးမှူးချုပ်နဲ့အမှုဆောင်အရာရှိချုပ်တိုနီတိုင်လာကပြောပါတယ်။ကမ္ဘာ့လေကြောင်းလုပ်ငန်းရဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုကြည့်ရင် ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာရော အပြည်ပြည် ဆိုင်ရာသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေမှာပါဝယ်လိုအားခိုင်မာမှုရှိလာ တာကိုတွေ့ရပါတယ်။''မကြာသေးမီက အီကွီတီရှယ် ယာဈေးကွက်တွေကသောင်းကနင်း ဖြစ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်က ရရှိထားခဲ့ တဲ့ ဖွံ့ဖြိုးမှုအလားအလာကို ဇန်နဝါရီ လေကြောင်း  သယ်ယူပို့ဆောင်မှုက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်''လို့ တိုင်လာက ပြောပါတယ်။