Main menu

Background

တပ်မတော်ခန်းမတွင်ပြုလုပ်မည့် ဟိုချီမင်း ကုန်စည်ပြပွဲတွင် Vietjet ပါဝင်ပြသမည်

Wed, 03/30/2016 - 14:53 -- journal_editor

    လာမည့် ဧပြီ ၁ ရက်မှ ၃ ရက် အထိ တပ်မတော်ခန်းမတွင် ကျင်းပမည့် ဟိုချီမင်းမြို့တော်ကုန်စည်ပြပွဲတွင် စရိတ်သက်သာသောလေကြောင်း လိုင်းတစ်လိုင်းဖြစ်သည့် Vietjetလေကြောင်းလိုင်းမှပါဝင်ပြသမည် ဖြစ်ကြောင်း Vietjet လေကြောင်းလိုင်း၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါပြပွဲတွင်Vietjet၏အနီရောင်ယူနီဖောင်းကိုဝတ်ဆင်ထားသည့်အကအဖွဲ့သည် ပြပွဲသုံးရက်စလုံးတွင် စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်များ၊ ဖျော်ဖြေ ရေးအစီအစဉ်များဖြင့် ဧပြီ ၁ ရက်မှ ၃ရက်အထိ ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။ပြပွဲသို့လာရောက်လည်ပတ်သူများအားလည်း Vietjet ၏ကံစမ်းမဲ အစီအစဉ်များမှတစ်ဆင့်ဗီယက်နမ်သို့သွားရောက်မည့် လေယာဉ် လက်မှတ် ကို ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရရှိမည်ဖြစ်ပြီးလေယာဉ်လက်မှတ်များကို မြန်မာကျပ်ငွေ ၇၇၇ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည့်  အခွင့်အရေးကို ရရှိမည် ဖြစ်ကြောင်းသိရသည်။''Vietjet  က ရှေ့ဆက်ပြီး အာရှ ဒေသမှာ ပျံသန်း ရေး ကွန်ရက်တွေ ချဲ့ထွင် သွားမည့်အပြင်များစွာသောအထူး အရောင်းမြင့်တင်ရေးတွေကို ပြုလုပ်သွားမှာဖြစ်ပြီး  လူတိုင်း Vietjet နဲ့အတူ  ပျံသန်းနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပတဲ့  ဟိုချီမင်းမြို့တော် ကုန်စည်ပြပွဲမှာ Vietjet   ရဲ့ခရီးသွားတွေ ဖြစ်လာနိုင်တဲ့ ခရီးသွားတွေကို Vietjet  အရောင်းကောင်တာမှာလာရောက်တွေ့ဆုံဖို့ ဖိတ် ခေါ်ချင်ပါ တယ်။ အနာဂတ်မှာ အတူတူ  ပျော်ပျော်ရွှင်ရွှင် ပျံသန်း ကြမယ်လို့လည်း မျှော်လင့်ပါတယ်''Vietjet  ၏ဒုတိယဥက္ကဋ္ဌ ဖြစ်သူNguyen Thi Thuy Binhကပြောသည်။ဟိုချီမင်းမြို့တော်  ကုန်စည်ပြပွဲသည်ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံ မှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးစင်တာတို့မှ ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးစင်တာသည် Vietjet ကဲ့သို့သော  ကုမ္ပဏီများကိုတိုးတက်လျက်ရှိသော  မြန်မာဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှု  အခွင့်အရေးများကို ရှာဖွေရရှိနိုင်မည့် ကောင်းမွန်သော အခွင့်အရေးများရရှိစေရန်  လုပ်ဆောင်ပေးလျက်ရှိသည်။