ကြွေးမြီတာဝန်ခံမှုနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂)

ဒေသတွင်း နိုင်ငံများ၏ငွေချေးစာချုပ်များ ထုတ်ဝေမှုတွင် CGIF သည် ပြန်လည်ရုပ်သိမ်းခွင့်မရှိသည့်၊ ခြွင်းချက်မရှိသည့် အာမခံချက်ကိုပေးရပြီး ငွေချေးစာချုပ်ဝယ်ယူသူများသို့ သက်တမ်းစေ့၍ပြန်မအမ်းနိုင်ပါက အပြည့်အဝ ပြန်လည်အမ်းပေးနိုင်ရေးအတွက် အာမခံချက်ပေးရသည်။ အဆိုပါအာမခံချက်အတွက် ငွေကြေးများကို အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ထားသည့်ငွေကြေးများဖြင့် ကျောထောက်နောက်ခံပြုထားပါသည်။ CGIF ၏ငွေချေးစာချုပ်အာမခံချက်အစီအစဉ်အရ ငွေချေးစာချုပ်ထုတ်ဝေမည့် အဖွဲ့အစည်းများသည်  အောက်ဖော်ပြပါစံများနှင့်  ပြည့်စုံရန်လိုအပ်ပါသည်။
•    ကုမ္ပဏီနှင့် ၎င်း၏ အဓိက ရှယ်ယာရှင်များမှာ အာဆီယံ+၃ ဒေသတွင်းနိုင်ငံများမှ ဖြစ်ရမည်။
•    ကုမ္ပဏီသည်CGIF မှသတ်မှတ်ထားသည့် နိုင်ငံတကာတော ပေးဆပ်နိုင်ခွင့် စံများနှင့် ပြည့်စုံရပါမည်။
•    ကုမ္ပဏီမှဆောင်ရွက်မည့် ပရောဂျက်များ၊ လုပ်ငန်းများသည် CGIF  မှ ချမှတ်ထားသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးကာကွယ်စောင့်ရှောက်မှုစံများနှင့် ပြည့်စုံရပါမည်။
•    ကုမ္ပဏီမှ ဆောင်ရွက်မည့်လုပ်ငန်းများသည် တားမြစ်ကန့်သတ်ထားသည့် လုပ်ငန်းများမဖြစ်ရပါ။ ထို့အပြင် ငွေချေးစာချုပ်ထုတ်ဝေမည့်အဖွဲ့သည် CGIF၏ သတ်မှတ်ထား သည့် အာမခံချက် ပမာဏအတွင်းသာ ထုတ်ဝေရမည်ဖြစ် သည်။ 
•    ငွေချေးစာချုပ်တစ်ကြိမ်  ထုတ်ဝေလျှင် ှ့$ သန်း ၁၄၀ အထိ။
•    ငွေချေးစာချုပ်၏ သက်တမ်းမှာ အများဆုံး (၁၀) နှစ်။
•    အကယ်၍ ငွေချေးစာချုပ်ကို နိုင်ငံခြားငွေကြေးဖြင့် ထုတ် ဝေမည်ဆိုပါက ကုမ္ပဏီသည် လုပ်ငန်းနှင့်သက်ဆိုင်သည့် export receipts, inward foreign currency remittancesများနှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းများကို အပြည့်အဝ အကာအကွယ်  (hedge) လုပ်ပြီးဖြစ်ရပါမည်။
င်္ဃွှု မှ ြွေကးမြီအာမခံချက်ရယူကာ ငွေချေးစာချုပ်ထုတ် ဝေလိုသည့်အဖွဲ့များသည် (က) ကနဦး အကဲဖြတ်ချက် (ခ) တရားဝင် လျှောက်ထားခြင်း (ဂ) စိစစ်ခြင်းနှင့် အတည်ပြုခြင်း စသည့် အဆင့် (၃)ဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။ 

(က) ကနဦး အကဲဖြတ်ချက်
ငွေချေးစာချုပ်ထုတ်ဝေလိုသည့်ကုမ္ပဏီသည် ကနဦးအကြို ဆန်းစစ်ချက်ပုံစံများကို ဖြည့်သွင်းတင်ပြရမည်ဖြစ်သည်။ CGIF လုပ်ငန်းအဖွဲ့သည်  တင်ပြလာသည့် အချက်များကို  စိစစ်ပြီး လက်ခံရန် သင့်မသင့် ဆုံးဖြတ်ပေးသည်။ ဆက်လက်၍ Guar- antee and Investment ကော်မတီ၏  အတည်ပြုချက်ကို ရယူ သည်။ 

(ခ) တရားဝင် လျှောက်ထားခြင်း
အရည်အချင်းပြည့်သည့်ကုမ္ပဏီသည်CGIF ၏ သတ်မှတ်ထားသည့်လျှောက်လွှာများကို ဖြည့်စွက်ခြင်း၊ လိုအပ်သည့်စာရွက် စာတမ်းများကို တင်ပြခြင်းများ ဆောင်ရွက်ရသည်။
(ဂ) စိစစ်ခြင်းနှင့် အတည်ပြုခြင်း
CGIF ၏ လုပ်ငန်းအဖွဲ့သည် လျှောက်ထားသည့် ကုမ္ပဏီ မှ တာဝန်ရှိသူများနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ဆွေးနွေးမေးမြန်းခြင်း၊ လုပ်ငန်းများကိုစစ်ဆေးခြင်း (Due-Diligence)များကိုဆောင်ရွက်ရသည်။ လုပ်ငန်းအဖွဲ့သည် Guar- antee and Investment  ကော်မတီ၏ ထောက်ခံချက်နှင့်အတူ CGIF  ၏  ဒါရိုက်တာအဖွဲ့သို့ ဆက်လက်တင်ပြရပြီး ဒါရိုက်တာ အဖွဲ့မှ စိစစ်အတည်ပြုကာ ထောက်ခံချက် ထုတ်ပေးသည်။ 
( CGIFCredit Rating Agencies) ၏ အပြည့်အဝပေးဆပ်နိုင်စွမ်းကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ကြွေးမြီးပေးဆပ်နိုင်မှု အကဲဖြတ်အဖွဲ့(Credit Rating Agencies) များထံမှ ခိုင်မာသည့် အဆင့်များကို ရရှိထားပြီးဖြစ်ကာ ၎င်းတို့ ၏ အကဲဖြတ်အဆင့်များ ကိုအောက်ဖော်ပြပါဇယားတွင် တင်ပြထားပါသည်။ 
 SCommerce Investment Corporation အတွက် အာမခံချက် ထုတ်‌ပေးခြင်း
CGIF  သည်   ဗီယက်နမ်နိုင်ငံ   အခြေစိုက်SCommerce Investment Corporation (“SCommerce”)  ၏ ပထမဆုံး ထုတ်ဝေသည့် ငွေချေးစာချုပ်များအတွက် အာမခံချက်ကိုထုတ်ပေးခဲ့သည်။ SCommerce” သည် အတိုးနှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး သက်တမ်း ၇ နှစ် ရှိ သည့် ဗီယက်နမ်ဒေါင် ၅၀ ဘီလီယံ (ဒေါ်လာ ၂၂ ဒသမ၃ သန်း) တန်ဖိုးရှိ ငွေချေးစာချုပ်များကို ထုတ်ဝေရောင်းချခဲ့သည်။ 
ဤငွေချေးစာချုပ်ရောင်းချမှုသည် ဗီယက်နမ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအတွက်  CGIF ၏ ပထမဆုံး အာမခံဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ဘဏ္ဍာငွေဖြည့်တင်းရေး မဟာဗျူဟာ အတွက် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ ခုနစ်နှစ်သက်တမ်းရှိ ငွေချေးစာချုပ်၏ (S Commerce) အား တည်ငြိမ်ပြီး ကာလရှည်ရင်းနှီးငွေရရှိရေးအတွက် အထောက်အပံ့တစ်ခုဖြစ်ပြီး ပရောဂျက်၏ ငွေသားစီဆင်းမှုနှင့်လည်း ပိုမိုကိုက်ညီစေမည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီ၏ ငွေဖြစ်လွယ်မှုနှင့် လှည့်လည်ငွေရင်း တည်တံ့မှုကိုလည်း အထောက်အကူဖြစ်စေပါသည်။
ငွေချေးစာချုပ်မှရရှိသောငွေများကို ဗီယက်နမ်တောင်ပိုင်း ဒေသဝင်ပေါက်တွင် တည်ရှိပြီး မဟာဗျူဟာကျသည့်Tay Ninh  ပြည်နယ် Tan Kim စက်မှုဇုန်တွင် ခေတ်မီနည်းစနစ်များ အသုံးပြု မည့် Sorting Centre ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့သွားမည်ဖြစ်သည်။ Sorting Centre ဆိုသည်မှာ မိမိစင်တာသို့ ဝင်လာသည့် ပါဆယ်များ၊ စာများ သို့မဟုတ် ကုန်စည်များကို စီစဉ်ပြီး ၎င်းတို့၏ နောက်ထပ်သွားရမည့် နေရာများသို့ ပြန်လည် ညွှန်းပေးသည့် အထူးပြုထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတစ်ခုဖြစ်သည်။
ဗီယက်နမ် အီးကောမတ်စ်ကဏ္ဍ၏ တိုးပွားလာသော ဝယ်လိုအားနှင့်B2B ထောက်ပံ့ပို့ဆောင်ရေး ဖောက်သည်များ၏ ပိုမိုရှုပ်ထွေးလာသော လိုအပ်ချက်နှစ်ခုလုံးကို ဝန်ဆောင်မှုပေးရန် ဒီဇိုင်းထုတ်ထားသော SCommerce သည် အမျိုးသားထောက်ပံ့ပို့ဆောင်ရေးကွန်ရက်၏   တောင်ဘက်‌ဒေသအတွက် အဓိကကျောရိုးအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ တိုးချဲ့နိုင်မည်ဖြစ်သလို ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းမိတ်ဖက်များအတွက် ပိုမိုယုံကြည်စိတ်ချရသည့်  ထောက် ပံ့ရေးကွင်းဆက်ဖြေရှင်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ထွန်းသက်ထွန်း

http://www.cgif-abmi.org/