အဝယ်လိုက်လာ၍ နှမ်းဈေးများ မြင့်တက်လာ
ပြည်ခရိုင်အတွင်း မိုးနှမ်းစိုက်ဧက ၆၆၉၄၀၊ နွေနှမ်းစိုက်ဧက ၃၁၁ ရှိပြီး အထွက်နှုန်းအနေဖြင့် ၁၇ ရာခိုင်နှုန်းရှိသည်။
နှမ်းနီတစ်တင်းလျှင် သုံးတင်းဝင်တစ်အိတ်ဈေး ကျပ် ၄၀ဝ၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ဝ၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၄၂၅၀ဝ၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၃၉၀ဝ၀ဝ ဈေးရှိနေသော်လည်း ပြည်ခရိုင်အနေဖြင့် နှမ်းနီ၊ နှမ်းနက်များကိုသာ စိုက်ပျိုးမှုများသည်။
သြဂုတ်လနောက်ဆုံးပတ်တွင် နှမ်းဈေးများ မြင့်တက်ခဲ့ရာ နှမ်းနက်တစ်အိတ် လျှင် ကျပ် ၅၅၀ဝ၀ဝ၊ နှမ်းဖြူတစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀ဝ၊ နှမ်းညိုတစ်အိတ်လျှင် ကျပ် ၄၃၀ဝ၀ဝ ဖြင့် နှမ်းဈေးများ မြင့်တက်ခဲ့သည်။
ပြည်ကုန်စည်ဒိုင်မှာတော့ ခရိုင်အတွင်း စိုက်ပျိုးသောနှမ်းမျိုးများသာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး လတ်တလောတွင် နှမ်းဈေးများမြင့်တက်နေရခြင်းမှာ တရုတ်နိုင်ငံမှ အဝယ်လိုက်လာသည့်အတွက် ဈေးများမြင့်တက်ခဲ့တာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အရည်အသွေးကောင်း၍ အရောင်အဆင်းလှသော နှမ်းများအား အလျင်စလို ရောင်းချခြင်းမပြုလုပ်ကြရန် တိုက်တွန်းထားသည်။
ပြည်ခရိုင် မြေပဲဆန်ဈေးကွက်မှာလည်း သြဂုတ်လပထမပတ်တွင် ဆီဆန်တစ်ပိဿာလျှင် ကျပ် ၁၁၅၀ဝ၊ လုံးဆန်တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၄၅၀ဝ ဈေးဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး သြဂုတ်လနောက်ဆုံးပတ်တွင် ပဲအသစ် များ ပေါ်လာသည့်အတွက် မြေပဲဆန်ဈေးအေးသွားကြောင်းနှင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရသည်။
လွင်လွင်ဆန်း (DOCA PYAY)
