ယခုဘဏ္ဍာရေးနှစ်တွင်FMI ကုမ္ပဏီသည် ဝင်ငွေ ကျပ် ဘီလီယံ ၁၁၀ ကျော်ရရှိခဲ့ကြောင်းFMI  ကုမ္ပဏီ ၏သတင်းထုတ်ပြန်ချက်များအရ သိရ သည်။FMI ကုမ္ပဏီသည် ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနှင့်ကျန်းမာ ရေး  ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီး မြှုပ်နှံလျက်ရှိရာယင်းကဏ္ဍကြီးသုံးခု အနက် ဘဏ္ဍာရေးဝနဆောင်မှုကဏ္ဍတစ်ရပ် ဖြစ်သည့် ရိုးမဘဏ်နှင့် ကျန်းမာ ရေး ဝန်ဆောင်မှုကဏ္ဍတစ် ရပ်ဖြစ်သ ည့် ပန်းလှိုင်စီလုံဆေးရုံတို့မှ ခိုင်မာသော ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၂၆ ရက်မှ  ဇူလိုင်၂ ရက်သီတင်းပတ်အတွင်း နနွင်း ၅၃၁ ဒသမ ၄၅၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ် ဘင်္ဂလားဒေရှ့်သို့ ၅၆ တန်၊ ဂျပန်သို့  ၁၈ တန်၊ မလေးရှားသို့ ၃၉၂ဒသမ ၄၅၇ တန်နဲ့  စင်ကာပူသို့ ၆၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတန်ချိန် ၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၉၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၅၀၅၀၇၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလအတွင်း နနွင်းတင်ပို့မှု တန်ချိန်မှာ ၆၅၅ တန်ကျော်ရှိခဲ့ပြီး ဇွန်လမှာ တန်ချိန်၁၃၁၀ ကျော်ရှိခဲ့တာကြ

ဧရာဝတီတိုင်းဒေသကြီး  ပြည်ပပို့ကုန်သီးနှံဖြစ်တဲ့  မတ်ပဲသီးနှံရဲ့ ယခုနှစ် ဈေးနှုန်းမှာ ယခင်နှစ်က ရရှိတဲ့ဈေးနှုန်းထက် ဈေးကောင်းရရှိနေကာ ဈေးကွက် ခိုင်မာလျက်ရှိကြောင်းသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ယခုနှစ် တွင်  မတ်ပဲစိုက်ဧက ၁၁၄၇၁၇၄ ဧကစိုက်ပျိုးခဲ့သဖြင့်  ယခင် ၂၀၁၅ ခုနှစ်က ထက် စိုက်ဧက ၁၃၁၁၁ ဧက ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပါတယ်။ဟင်္သာတခရိုင်မှာ ပဲဈေးကွက်ကြီးမား၍ ပဲကုန်စည်ဒိုင်၊ ပဲပွဲရုံနှင့်ပဲကုန် သည်များ အများအပြားရှိပြီး ပြည်၊ အညာဒေသများနှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဟင်္သာတ ခရိုင်ပတ်ဝန်းကျင်မြို့နယ်များ တွင် ပဲမျိုးစုံကို အဓ

OPPO က ထူးခြားကောင်းမွန် သည့် 4G စနစ်သုံး A37  ဖုန်းအမျိုး အစားကို ကျပ် ၂၂၉၀၀၀ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း OPPO ၏သတင်းထုတ်ပြန်ချက်များတွင် ဖော် ပြထားသည်။OPPO သည် အဆိုပါ စမတ်ဖုန်း အမျိုးအစားသစ်တစ်ခုဖြစ်သည့် ဗ၃၇ ဖြင့် မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းဈေးကွက် ကို ဦးဆောင်သွားရန်  ရည်ရွယ်ထား ကြောင်း သိရသည်။
OPPOအဆိုပါစမတ်ဖုန်းA37 အမျိုး အစားသည် ၂၀၁၆ ခုနှစ်အတွင်းမြန်မာ ပြည်ဈေးကွက်နှင့်အထူးသင့်လျော်မှု ရှိ စေမည့်စမတ်ဖုန်းဖြစ်ပြီး ဇူလိုင် ၁ ရက် မှစတင်ကာ ဈေးကွက်အတွင်း စတင် ဖြန်ချိလျက်ရှိကြောင်း သိရသည်။

ပြည်ဈေးကွက်သို့  မင်းတုန်း၊ ပုသိမ်နဲ့   ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ်တစ်နေ့လျှင် အိတ်၅၀၀ခန့်သာ အဝင်ရှိပေမယ့် အရောင်း အဝယ် မဖြစ်တာ တွေ့ရပါတယ်။ မိုးမြေပဲအသစ်များ အနည်းငယ် ဝင်ရောက်လာ သဖြင့် မြေပဲဆန်ဈေးလည်း အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။

တောင်တွင်းဒေသတို့တွင် နွေစပါးများလှိုင်လှိုင်ထွက် ရှိနေပြီဖြစ်သော်လည်း  ကြို့ပင်ကောက်   နွေစပါးထက် တောင်တွင်းဒေသမှ  ထွက်ရှိသည့် နွေစပါး များကို လူ ကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ကြို့ပင်ကောက် မှထွက်သော  နွေစပါးများမှာ အစို ဓာတ်များခြင်း၊ အကျိုးအကျေများ၍  စပါးအရည်အသွေး ညံ့သဖြင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းရှိသဖြင့် ပေါင် ၅၀ စပါး တင်း ၁၀၀ လျှင်  ကျပ် ၄၆၀၀၀၀ ရှိပြီး  ဝယ်သူအကြိုက် နည်းကြောင်း သိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံ သို့ ဇွန်လအတွင်း နေ့စဉ် ကြက်သွန်နီ  ကားအစီးရေ ငါးစီးမှ  ၂၀ စီးအထိ တင်ပို့လျက်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၇၈၂ သန်း တန်ဖိုးရှိ ကြက်သွန်နီတန်ချိန်  ၁၆၁၂၉ ဒသမ၂၄၀ တန်  တင်ပို့နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်၊  ဧပြီလကနေ  ဇွန်လကုန်ထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းတန်ဖိုးရှိကြက်သွန်နီတန်ချိန် ၂၁၀၂၈ ဒသမ ၄ တင်ပို့ လာနိုင်လို့ ယခင်နှစ်ကထက် ကြက်သွန်နီဈေးကွက် ပိုမိုကျယ်ပြန့် လာတာကို တွေ့ရှိရပါတယ်။  မြန်မာပြည်တွင်းမှာ ' ကြက်သွန်နီ ' ကို မုံရွာ၊ မြင်းခြံ၊ တောင် သာ၊ ပခုက္ကူ ၊  မန္တလေး၊ ကျေ

ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၇၉၆၇ တန်ဖိုးရှိတဲ့ နနွင်းတက် (ရှမ်းစ) ၇၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်တ စ်ပတ်ကလည်း ၇၁ တန်ခွဲ တင်ပို့ခဲ့တာ ကြောင့် မူဆယ်ကနေ တရုတ်ပြည်ကို နနွင်းတက်တွေ ပုံမှန်တင်ပို့နေ တယ်လို့ ဆိုရ ပါမယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို မိမိဘက်ပေါက် ဈေး(ငွေလဲ နှုန်းအရ)ဇွန် ၁၇ ရက်က ၉၁၇၁၉၀ ကျပ် ရှိခဲ့ပြီး  ဇွန် ၂၄ ရက်မှာတော့ ၉၁၉၅၆၀ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။

အောင်လံဈေးကွက်မှာ ယခုတစ်ပတ် ပဲစင်းငုံနီဈေး ယခင် တစ်ပတ်အတိုင်း ဆက်လက်ရှိနေပြီး တစ်ပိသာ1၄၅၀ ကျပ်   ( တစ်တန်ကို ၁၅၀၀၃၅၅ ကျပ် ) နဲ့ ပြည်ပအတွက် ရန်ကုန်ဝယ် လက်တွေက အဝယ်ရှိခဲ့ပေမယ့်  အရောင်း အဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ကို အိတ် ၁၅၀ မှ  ၂၀၀ ခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကတော့ ယခင်တစ်ပတ်ထက် ဈေးအနည်း ငယ်ကျခဲ့ပြီး နှမ်းနီတစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် တစ်ပိသာ ၂၀၀၀ ကျပ်၊ သိပ္ပံနှမ်း တစ်ပိသာ ၃၃၃၅ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပြီး တစ် နေ့ကို နှမ်းမျိုးစုံ  အိတ် ၃၀၀ မှ ၄၅၀ ကြား   အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဒေသအနှံအပြားတွင် ကူဘိုတာအမှတ်တံဆိပ်ဖြင့် လယ်ထွန် စက်များ၊ ရေစုပ်စက်များစသည့် လယ် ယာလုပ်ငန်းသုံးပစ္စည်း ကိရိယာများကို ရောင်းချလျက်ရှိသည့် ှ Siam Kubota Corporation Co., Ltd.  သည် မြန်မာ နိုင်ငံတွင် ကျင်းပမည့် ကလေးများနေ့ နှင့်အပြည်ပြည်ဆိုင ်ရာ ကလေးများနေ့  ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသောကလေးငယ် များအား ကျောင်းသုံးစာရေးကိရိယာ