COVID-19ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့်စားသုံးသူများအား၎င်းတို့၏ကိုယ်ခံစွမ်းအားကိုအထောက်အကူပြုသည့်အစားအစာနှင့်သောက်သုံးဖွယ်များကိုပိုမိုဝယ်ယူရန်လှုံ့ဆော်ပေးကြောင်း၊ဗီတာမင်စီ၊ဗီတာမင်ဒီ၊သံဓါတ်(Zinc) ၊ပရိုဘိုင်အောတစ်(probiotics)၊အာဟာရဓါတ်အပြင် ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်သောအစားအစာများ (functional foods)သည် အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ၊ဂျင်း၊နနွင်း၊ ကြက်သွန်ဖြူစသည့်ကျန်းမာရေးအကျိုးကျေးဇူးရှိသော ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအားမြင့်တက်နေကြောင်းသိရပါသည်။   

 ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ကိုရီးယားသမ္မတနိုင်ငံ၏ကုန်သွယ်မှုအနေဖြင့် ပို့ကုန် အမေရိကန်‌ဒေါ်လာ(၅၅.၈၂၆)ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ(၅၁.၆၂၄)ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၀၇.၄၅)ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၁၆.၇) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင်(၃၁)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက် နေ့မှ စက်တင်ဘာလအထိ ပို့ကုန်တွင် ယခင်နှစ်ကာလတူထက် (၂၆.၂) ရာခိုင်နှုန်း၊ သွင်းကုန်တွင် (၂၈.၆) ရာခိုင်နှုန်းဖြင့် တိုးတက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ 

     ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ နှံစားသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ တန်ချိန် ၂၅၀.၉၀ သန်း ထွက်ရှိနိုင်ကြောင်း  လယ်ယာထွက်ကုန်များနှင့်ပတ်သက်၍ သုတေသန ပြုလုပ်နေသည့် Systematic Survey of Agricultural Production (LSPA)အဖွဲ့၏ စက်တင်ဘာလ အတွင်းကခန့်မှန်းချက်ကို  Brazilian Institute of Geography and Statistics (IBGE)ကထုတ်ပြန် သည့် အောက်တိုဘာလ ၇ ရက်နေ့ သတင်းတွင်ဖော်ပြခဲ့သည်။   သုတေသနပြုတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ သီးနှံထွက်ရှိမှုသည် ၂၀၂၀ ပြည့်နှစ်တွင်ထွက်ရှိခဲ့သည့် တန်ချိန် ၂၅၄.၁ သန်းနှင့်နှိုင်းယှဉ်ပါက

   ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံစိုက်ပျိုးရာသီချိန်တွင် ဈေးကွက်အလားအလာကောင်းမွန် နိုင်သည့်မျှော်လင့်ချက်များဖြင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပဲပုတ်စေ့သီးနှံစိုက်ပျိုးမှုကို စက်တင် ဘာလ ၃၀ ရက်နေ့တွင် စတင်ခဲ့ကြသည်။ယခင်သီးနှံရာသီတွင် ဈေးကွက်ဝယ်လိုအား မြင့်မားခဲ့သဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် ပဲပုတ်စေ့စိုက်ပျိုးမှုသည် ဟက်တာသန်း ၄၀ အထိရောက်ရှိ ရန်ခန့်မှန်းထားကြောင်း၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းရက်များသည် ပဲပုတ်စိုက်ပျိုးရာသီဖြစ်သည့်အတွက်   ကမ္ဘာ့ပဲပုတ်ဈေးကွက်သို့အများဆုံးတင်ပို့နေသည့် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စိုက်ပျိုးမှုအခြေအနေများကို အမေရိကန်လုပ်ငန်း

ဒေါ်လာငွေတန်ဖိုးမြင့်တက်နေမှုနှင့်အတူ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေး နှုန်းများမြင့်တက်လျက်ရှိနေသဖြင့်  ဘရာဇီးလ်နိုင်ငံရှိ သီးနှံဈေးကွက်များတွင်လည်း ပဲပုတ်စေ့ ဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့ ၆၀ ကီလိုအရမ် ၁ အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေးကွက်တွင် ၁၆၇ ဟဲရာမှ ၁၆၉ ဟဲရာ၊ Missions regionဈေးကွက်တွင် ၁၆၆ ဟဲရာမှ ၁၆၈ ဟဲရာ၊ Rio Grandeဆိပ်ကမ်းဈေးကွက်တွင် ၁၇၀ ဟဲရာမှ ၁၇၂ ဟဲရာ၊ Paranáပြည်နယ် Cascavelဈေးကွက်တွင် ၁၆၅ ဟဲရာမှ ၁၆၆.၅၀ ဟဲရာ၊ Paranaguá (PR)ဆိပ်ကမ်းဈေးကွက်တွင် ၁၆၉.၅၀ ဟဲရာမှ ၁၇၂ ဟဲရာ၊ Rondonópolis (MT)ဆိပ်ကမ်း ဈေးကွက်တွင် ၁၆၃

     အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်တွင်ပါဝင်ဆောင်ရွက်လျက်ရှိသူများ အနေဖြင့်၎င်းတို့လက်ဝယ်ရှိကုန်လက်ကျန်ပမာဏကိုအိန္ဒိယစားသုံးသူရေးရာဌာန၏ အင်တာနက်စင်္ကြန်သို့တင်ပြရလျက်ရှိရာ လုပ်ငန်းရှင်ပေါင်း ၁၁၆၃၅ ဦးထံ၌ ၂၀-၉-၂၀၂၁ နေ့အထိ ပဲမျိုးစုံကုန်ချိန် ၃၀၉၇၆၉၄.၄၂ တန်ကျန်ရှိကြောင်းအိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန ၃၀-၉-၂၀၂၁ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ ချမှတ်ဆောင်ရွက်လျက်ရှိသော ပြည်ပကုန်သွယ်ရေးမူဝါဒ၂၀၁၅-၂၀၂၀ သည် ၃၁-၃-၂၀၂၀ နေ့၌ သတ်မှတ်ကာလကုန်ဆုံးခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၃၁-၃-၂၀၂၁ နေ့အထိ သက်တမ်း ၁ နှစ်တိုးမြှင့်ခြင်းကို ၃၁-၃-၂၀၂၀ နေ့တွင်လည်းကောင်း၊  ၃၀-၉-၂၀၂၁ နေ့အထိ ဒုတိယအကြိမ် သက်တမ်း ၆ လ တိုးမြှင့်မှုကို  ၃၁-၃-၂၀၂၁ နေ့၌ လည်းကောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (DGFT) က အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့ပါသည်။

ပြီးခဲ့သည့် ၇ ရက်တာကာလအတွင်း ပဲပုတ်စေ့တန်ချိန် ၄၉၅,၃၀၀ တန်တင်ပို့ပြီးနောက် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အာဂျင်တီးနားနိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၃၀.၅ သန်းတင်ပို့နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၉ ရက်နေ့(ကြာသပတေးနေ့)တွင်ပြောကြားခဲ့သည်။

              အာဂျင်တီးနားနိုင်ငံမှ ဆီထွက်သီးနှံစုစုပေါင်းတန်ချိန် ၃၂.၂ သန်းအား တင်ပို့ထားပြီးဖြစ်ရာ ယခင်နှစ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက လျှော့နည်းခဲ့ကြောင်း ဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏ ပြောင်းအထွက်ကျဆင်းမှုကြောင့် ပြည်ပမှ နှံစားသီးနှံ ဝယ်ယူ တင်သွင်းမှု များမြင့်တက်လျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအများဆုံး စိုက်ပျိုး ထုတ်လုပ်သည့် Mato Grossoပြည်နယ်သည် ၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ပြည်ပမှပြောင်းစေ့များ ဝယ်ယူတင်သွင်းခဲ့သည်။

     အိန္ဒိယနိုင်ငံမှ ပြည်ပသို့ကုန်စည်တင်ပို့ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ အင်တာနက်စင်္ကြန် (www.easeoflogistics.com) ကို အိန္ဒိယပို့ကုန် လုပ်ငန်းရှင်များ အသင်းချုပ် (FIEO) က ၂၇-၉-၂၀၂၁ နေ့၌ စတင်လွှင့်တင်လိုက်ပါသည်။