ဂျပန်နိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက် (အင်္ဂါနေ့) စတော့ရှယ်ယာစျေးကွက်ပြန်ဖွင့်ချိန်တွင် တိုကျိုစတော့ရှယ်ယာစျေးကွက်၏ နစ်ကေးအညွှန်းကိန်းမှာ ထိုးကျသွားခဲ့ကြောင်းသိရပါသည်။
တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး အိမ်ခြံမြေကုမ္ပဏီအုပ်စုဖြစ်သည့် Evergrande Group ၏ ငွေကြေးမလုံလောက်၍ ကုမ္ပဏီပြိုလဲနိုင်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဂျပန်ရင်းနှီးမြှုပ်နှံသူများအကြား၌ စိုးရိမ်မှုများ မြင့်တက်လာကြပါသည်။
