အိန္ဒိယနိုင်ငံအတွင်းရှိ အင်ဖာမှ မြန်မာနယ်စပ်သို့ ဖောက်လုပ်ထား သည့် အဝေးပြေးလမ်းမကြီးအား လေး လမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်း နှင့် လမ်းအကျယ်တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရန် အိန္ဒိယစီးပွားရေးရာ ကော်မတီက ဇူလိုင် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း၊ အဆိုပါစီမံကိန်း အတွက် ရူပီးကုဋေ ၁၆၃၀ ဒသမ ၂၉ ကုဋေ ကျခံသုံးစွဲမည်ဖြစ်ကြောင်း သိရှိရပါ သည်။

       ပေကျင်းအခြေစိုက် Asian Infrastructure Investment Bank (AIIB) သည် အချိန်တိုအတွင်း အောင်မြင်မှုများ   ရရှိနေသော်လည်း အဓိက စိန်ခေါ်မှုသုံးခုကို သတိပြုကျော်လွှားရန် လိုအပ်ကြောင်းInter- national Business and Economics  တက္ကသိုလ်မှ  ပါမောက္ခတစ်ဦးက သုံးသပ်ထားပါသည်။

   Regional Comprehensive Economic Partnership (RCEP ) သြစတြေးလျတို့ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ  ကိုယ်စားလှယ် ပေါင်း ၇၀၀ ခန့်   တက်ရောက်မည့် အစည်းအဝေးကို     အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌     ဇူလိုင်လ ၂၄ ရက်မှစတင်၍   ငါးရက်ကြာ  ကျင်းပ မည်ဖြစ်ကြောင်း  အိန္ဒိယ   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

         တရုတ်စက်မှုနှင့် ကူးသန်းရောင်း ဝယ်ရေး ဘဏ်(အာရှ)ICBC(Asia)မှ ဇွန်လအစောပိုင်းထိ ၁၃ လအတွင်း တရုတ်နိုင်ငံ၏  ပိုးလမ်းမသစ်  တစ် လျှောက်တွင် အကောင်အထည်ဖော် မည့် စီမံကိန်းပေါင်း ၃၂ ခု၌ ဟောင် ကောင်ဒေါ်လာ ဘီလီယံ၂၀ အား ရင်းနှီး မြှုပ်နှံခဲ့ပြီး နှစ်ကုန်တွင် ဟောင်ကောင် ဒေါ်လာ ဘီလီယံ၃၀ ခန့် ရှိနိုင် ကြောင်း မျှော်မှန်းထားသည်။ အဆိုပါစီမံကိန်း များမှာ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် သြစတြေးလျအပါအဝင် နိုင်ငံအများ အပြားတွင် ပျံ့နှံ့လျက်ရှိကြောင်းICBC (Asia)၏ အမှုဆောင်ချုပ်က ပြောကြား ခဲ့သည်။

             အိန္ဒိယအစိုးရက ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်နေသည့်Air India  ၏ နိုင်ငံတကာ လေကြောင်းလိုင်း လုပ်ငန်းနှင့် ဈေးနှုန်းချိုသာသည့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း   Air India Express တို့ကို ဦးစားပေး ဝယ်ယူရန် ပြည်တွင်း၌ ဈေးကွက်ရှယ်ယာ အများဆုံးရရှိထားသညIndigo က စိတ်ဝင် စားနေကြောင်း၊ ှုညိငါသ သည် ပြည်တွင်း၌ ဈေးကွက်ရှယ်ယာ ၄၁ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်ရာ ပြည်ပလေကြောင်းလိုင်းများသို့ တိုးချဲ့ရန် စဉ်းစားနေသည့် အတွက် ပြည်ပခရီးသည်ရရှိမှု၌ ၁၇ ရာခိုင်နှုန်းရှိနေသည့်Indigoလေကြောင်း လိုင်းအား ဝယ်ယူရန် စိတ်ဝင်စားနေခြ

         ထိုင်းနိုင်ငံ၏ အရှေ့ပိုင်းစီးပွားရေးစြင်္ကံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ၊ စီးပွားရေး ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဇွန်လ ၂၂ ရက်တွင် ဆွဲဆောင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ကြောင်း နှင့် နိုင်ငံခြားသား စိတ်ပါဝင်စားသူများက  လျှပ်စစ် ကား ထုတ်လုပ်မှုတွင် ထိုင်းဘတ်ဘီလီယံ ၂၀ နှင့် စက်ရုပ်ထုတ်လုပ်မှုတွင် ဘတ် ၁၂ ဘီလီယံကို မကြာမီ တွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးMr. Uttama Savanayana  က ပြောကြားပါသည်။

        ထိုင်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးSupply Chain  ကုမ္ပဏီတစ်ခုဖြစ်သော Ceva Logistics ျ ကုမ္ပဏီသည် ၎င်းင်း၏လုပ်ငန်းများအား မဲခေါင် ဈေးကွက် တွင် မဟာဗျူဟာကျကျ ချဲ့ထွင် ဆောင် ရွက်မှု တစ်စိတ်တစ်ပိုင်း အနေဖြင့် မြန်မာနိုင်ငံ၊  ရန်ကုန်မြို့တွင်ရုံးခွဲကို ဖွင့်လှစ်ခဲ့ပါသည်။ Ceva Logistics ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နိုင်ငံ ပေါင်းစုံကုမ္ပဏီများနှင့် ပြည်တွင်း လုပ် ငန်းများအတွက် ထောက်ပံ့ ပို့ဆောင် ပေးသည့် ဝန်ဆောင်မှု များကို မိတ်ဖက် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ရန်ကုန် ရုံးခွဲအနေဖြင့် လေကြောင်းနှင့် ပင်လယ်

       အိန္ဒိယအစိုးရသည် ယခုနှစ်  သီးနှံရာသီ အတွင်း စိုက်ပျိုးမည့် နွေစိုက်သီးနှံ(Kharif Crops)  ၁၄ မျိုးအတွက်MSP  ဈေးနှုန်းများကို ဇွန်လ ၇ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြု သတ်မှတ်ခဲ့ရာ စိုက်ဧကများ ပိုမိုတိုး တက်လာစေရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေ ရန် ရည်ရွယ်၍ စပါးကီလီဂရမ် ၁၀၀ အတွက် ယခင်ထက် ရူပီး ၈၀ နှင့်  ပဲမျိုးစုံ တစ်ကွင်တယ် အတွက် ရူပီး ၄၀၀ စီ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ပဲပုပ်၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ နံှစားပြောင်း၊ ပြောင်း ဖူး စသည့် သီးနှံများအတွက်လည်း တိုးမြှင့်သတ် မှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။အိန္ဒိယဗဟိုအစိုးရသည် ဆန

      အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် ကတိကဝတ်ပြုထား သည့် အခြေခံအဆောက်အုံ စီမံကိန်းများ အကောင်အထည် ဖော်မှုတွင် နောက်ဆုံးသတ်မှတ်ကာလများထက်   များစွာ ကျော်လွန်လျက်ရှိပြီး တရုတ်နိုင်ငံက လက်ဦး မှုရ ယူနေသည့် အတွက် ယခုအခါ အဆိုပါ စီမံကိန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း၊ အိန္ဒိယအနေဖြင့် မြန်မာ နိုင်ငံအတွက်  အကူအညီနှင့် ချေးငွေပမာဏ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီ ယံကျော်အထိ သုံးစွဲခဲ့သော်လည်း စီမံကိန်း အကောင်အထည်ဖော်ရာ၌ နှောင့်နှေးကြန့်ကြာနေမှု ကြောင့် နိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကြောင်းTimes of India    သတင်းစ

         Belt & Road Initiative  အစီအစဉ်အရ ပူးပေါင်းဆောင်ရွက်မှုဖြင့် အာရှ၊ အာဖရိက၊သမုဒ္ဒရာကျွန်းနိုင်ငံများနှင့် ဥရောပကို ရေကြောင်း စီးပွားရေးလမ်းကြောင်းသုံးခုဖြင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် အတွက် Vision for Maritime Cooperation under the Belt & Road Initiative  စာအုပ်ကို National Development and Reform Commission  နှင့် the State Oceanic Administration  က ဇွန်လ ၂၀ ရက်က ထုတ်ပြန် ထားပါသည်။