Nominal Effective Exchange Rate (NEER) ဖြင့် တွက် ချက်ပါက နစ်နာမှုများရှိနေသည့်အတွက် အိန္ဒိယနိုင်ငံ၏ အင်ဂျင် နီယာ ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့(Engineering Exporter's Organi- zation) သည် ၎င်းတို့၏ ပို့ကုန်ရငွေများအားReal Effective Exchange Rateန ဖြင့် လဲလှယ်ခွင့်ပြုရန် အိန္ဒိယဗဟိုဘဏ်နှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သို့ အဆိုပြုတင်ပြထားကြောင်း၊ ယခုနှစ်ပိုင်းတွင် ရူပီးငွေတန်ဖိုးမှာ သိသိ သာသာမာနေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ လက်ရှိကာလအတွင်း ရူပီးငွေတန်ဖိုးသည် ခြောက် ရာခိုင်နှုန်းဝန်းကျင်ခန့
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေခြင်းနှင့် ရူပီးငွေဈေးနှုန်း ခိုင်မာ အားကောင်းနေခြင်းတို့၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည့် အိန္ဒိယ ပို့ကုန်ကဏ္ဍကို အထောက်အကူပြုစေရန်အတွက် အားပေးမြှင့်တင်မှု များပြုလုပ်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှုမူဝါဒအား ပြန်လည်လေ့လာ သုံးသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရက စီစဉ်နေကြောင်း၊ အိန္ဒိယအစိုးရသည် ၂၀၁၅-၂၀၂၀ ခုနှစ်၊ နိုင်ငံခြားကုန်သွယ်မှုမူဝါဒ၏ ငါးနှစ်သက်တမ်းဝက်ကာလ ပြန်လည်သုံးသပ်မှုအား လာမည့် စက်တင် ဘာ၌ ပြုလုပ်ရမည်ဖြစ်ရာ မူဝါဒပြုပြင်ပြောင်းလဲရေးနှင် စပ်လျဉ်း၍ အကြံÓဏ်များပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်တွန်း မေးမြန်းတော
အိန္ဒိယနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံ ကြီးလေးနိုင်ငံဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့ကို သာလွန်ကာ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးဖြစ် လာနိုင်သည့် အနေအထားတွင် ကောင်းစွာရှိေ နကြောင်း အမေရိကန်အစိုးရ အေဂျင်စီတစ်ခု၏ အဆိုအရ သိရှိရပါ သည်။ကမ္ဘာ့ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) တို့က ကောက်ယူစုဆောင်းထားသည့် အချက် အလက်များကို အခြေခံကာအမေရိကန် စိုက်ပျိုးစီးပွားရေး သုတေသနဝန်ဆောင်မှုအဖွဲ့ (USDA) ၏ ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ် ၇ ဒသမ ၄ ရာခိုင်နှုန်း ဖြင့် နှစ်စဉ်ပျမ်းမျှတိုးတက်မည်ဆိုပါက ၂၀၃၀
တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့်The Belt & Road Initiative တွင် အမေရိကန်အား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ တရုတ်၏ အတွေ့အကြုံနည်းပညာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အမေရိကန်ကုမ္ပဏီများနှင့် အခြေခံအဆောက် အအုံလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသည့်International Finance and Infrastructure Forum တွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cui Tiankai က ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် ကျွမ်းကျင် ပညာရှင်တို့ ဆုံဆည်းရာ အချက်အချာ ဒေသအဖြစ် နာမည်ရလျက်ရှိသဖြင့် စင်ကာပူတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဂျပန်ကုမ္ပဏီများ က စင်ကာပူဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ပန်နာဆိုးနစ်၊ အင်န်အီးစီ စသည့် ကုမ္ပဏီများသည် စင်ကာပူကျွမ်းကျင် ပညာရှင်တို့အား ကျွမ်းကျင်မှု တိုးတက် လာအောင် လေ့ကျင့်ပေးရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင် ရွက်သော အစီအစဉ်များအနက် ကျောင်း သားအလုပ်သင် သို့မဟုတ် စီမံခန့်ခွဲမှု လေ့ကျင့်ရေး အစီအစဉ်များ ပါဝင်သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် မကြာသေးမီနှစ်များ အတွင်း တိုးတက်မှုနိမ့်ကျခဲ့သည်ကို ကြည့်ခြင်းအားဖြင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မည့် အလားအလာ ကို မတွေ့ရသေးကြောင်း မေ ၈ ရက်က ထုတ်ပြန်သော ကိန်းဂဏန်း များအရ တွေ့ရသည်။
အာရှဒေသ၏ ပို့ကုန်လုပ်ငန်း များသည် တိုးတက်သော နှုန်းထားဖြင့် ဖွံ့ဖြိုးလျက်ရှိကြောင်း၊ ဒေသတွင်း ကုန် ထုတ်လုပ်မှုလုပ်ငန်းမှာ ဒုတိယသုံးလ ပတ်တွင် အခြေခိုင်မာစွာ ရပ်တည် နိုင်ပြီဖြစ်သော်လည်း စစ်တမ်းေ ကာက် ယူထားသော နိုင်ငံ ၁၂ နိုင်ငံအနက် နှစ်နိုင်ငံမှာမူ ခြွင်းချက်အဖြစ် ရှိနေ ကြောင်း အေးရှနီကေးသတင်းတွင် ဖော်ပြသည်။အာရှဒေသ ပို့ကုန်လုပ်ငန်းကို တရုတ်(တိုင်ပေ) က ဦးဆောင်လျက် ရှိနေပြီး တရုတ် (တိုင်ေ ပ) ၏ ဝယ်ယူသူ မန်နေဂျာများ အညွှန်းကိန်းမှာ ဧပြီက ၅၄ ဒသမ ၄ ရှိခဲ့ပြီး ၁၁ လမြောက် မြင့် တက်ခဲ့ခြင်းဖြစ်သည်။ အ
တရုတ်၏ ပြည်တွင်းနည်းပညာဖြင့်တည်ဆောက်သည့် ခရီး သည်တင် C919 လေယာဉ်စတင် စမ်းသပ်ပျံသန်းမှုအစီအစဉ်ကို မေလ ၅ ရက်က ရှန်ဟိုင်း၌ ပြုလုပ်ခဲ့ပါသည်။ ပင်လယ်ရေမျက်နှာ ပြင်အထက် ကီလိုမီတာ ၃၀၀၀ကျော် မှ တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ၇၉ မိနစ်ကြာစမ်းသပ်ပျံသန်းခဲ့ပြီး လာရောက်ကြည့် ရှုသူဦးရေ ၃၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါသည်။ တရုတ်၏လေ ကြောင်းတီထွင် ဆန်းသစ်မှုနည်း ပညာနှင့်ထုတ် လုပ်မှုစွမ်းရည် အတွက် မှတ်ကျောက်တစ်ခုဖြစ်သည့်အပြင် ယခုဆောင်ရွက်နေသည့် Supply Side Reform ၏တီထွင်ဆန်းသစ်မှုဖြင့် လုပ်ငန်းမြှင့်တင် မည့် ကုန်ထုတ်လုပ်မှု စီးပွားရေးအတွက် အားထုတ်မှုတစ်ရပ်ဖြစ် ကြောင်း
တစ်နာရီလျှင် ကီလိုမီတာ ၄၀၀ ခုတ်မောင်းနိုင်သည့် မြန်နှုန်း မြင့်ရထားကို၂၀၂၀ခုနှစ်၌ တရုတ်နိုင်ငံတွင် စတင်ပြေးဆွဲမည်ဖြစ် ကြောင်း၊ အဆိုပါရထားအားစွမ်းအင်သုံးစွဲမှုသက်သာပြီး အလေးချိန် ပေါ့ပါးစေရန် Carbon Fib -er Aluminium Alloy ကို အသုံးပြု တည် ဆောက်ထားကြောင်း သိရှိရပါသည်။ ယခင်က တစ်နာရီလျှင် ကီလို မီတာ ၃၅၀ အမြန်နှုန်းဖြင့်ပြေးဆွဲသည့် ရထားနှင့် နှိုင်းယှဉ်ပါက ခရီး သည်တစ်ဦး၏စွမ်းအင် သုံးစွဲမှု ပမာဏ ကို၁၀ရာခိုင်နှုန်းအထိ လျှော့ချ နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။အဆိုပါ နည်းပညာမြင့်ရထားကို ပြည်တွင်းသုံးစွဲမှုအပြင်One Belt, One Road နိုင်ငံများ၏ ဈေးကွက်တွင် ရောင်းချရန် မျှော်မှန်း ထားကြောင်းသ
တရုတ်နှင့် Belt & Road လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအချင်းချင်း ကုန်စည် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ယခုနှစ် ပထမသုံးလပတ်အတွင်း ၂၆ ဒသမ ၂ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း၊ တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။ ပို့ကုန်အနေနှင့် ၁၅ ဒသမ ၈ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ ၄၂ ဒသမ ၉ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ အဓိကအားဖြင့် အခြေခံအဆောက် အအုံလုပ်ငန်း များကြောင့် တရုတ်ကုန်စည်များအား ဝယ်ယူမှုများပြားခဲ့ပါသည်။
