ဇွန် ၂၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ များသည် ကုန်သွယ်မှုသင်တန်းကျောင်းက စီစဉ်သော လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။ သွားရောက်ခဲ့သော နေရာများမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဝါးတန်းကုန်စည်ဒိုင် (မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း)၊ ဘုရင့်နောင်ကုန်စည်ဒိုင် (ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း)၊ ဧရာဟင်္သာဆန်စက်နှင့် FAME ဆေးဝါး စက်ရုံတို့ဖြစ်သည်။ အဆိုပါလေ့လာရေး ခရီးစဉ်သည် ကုန်သွယ်မှုသင်တန်းကျောင်း (Trade Training Institute-TTI) က စီစဉ်ပေးသော တတိယအကြိမ်မြောက် ခရီး
အထွေထွေသတင်းများ
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၁၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၁၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၁၇၀ဝ၀ဝ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၁၂ ရက်တွင် ကျပ် ၃၂၄၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေ ဈေးကွက်အတွင်းမှ သိရှိရသည်။
ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်းပေါင်း ၁၀ဝ၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအ ဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၅၁၃၆၃၆ စောင်ရှိပြီး တန်ဖိုးအား ဖြင့် ကျပ် ၁၀၁၄ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။
ဖန်ခါးပင်သည် Combretaceae မျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်ကြသည်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှားနှင့် ဗီယမ်နမ်နိုင်ငံများတွင် အများဆုံး ပေါက်ရောက်လျက်ရှိသည်။ ဖန်ခါးပင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက် လေ့ရှိပြီး အရိပ်ကောင်းအပင်ကြီးမျိုးဖြစ်၍ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ လည်းရှိသည်။ အရသာမှာ နာမည်နှင့် လိုက်အောင် ဖန်ပြီး ခါးသက်သက် အရသာ ရှိသည်။ ဖန်ခါးသီးအား သီးသန့်ကိုက်စားလိုက်လျှင် ခါးသော်လည်း စားပြီး ရေ သောက်လိုက်သည့်အခါ မထင်ထားလောက်အောင် ချိုမြန်သောအရသာရှိသည်။ ဖန်ခါးသီးကို စား
ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုး တက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဒုတိယဥက္ကဋ္ဌ Mr.
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် ဇွန် ၂၀ ရက်တွင် သွား ရောက်တွေ့ဆုံခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်း စပါးခွံကို အသုံးပြု၍ ထင်း၊ မီးသွေးအစား ကုန်ကျစရိတ်သက်သော စပါးခွံလောင်စာတောင့် ပြုလုပ်ရောင်းချ နေသည့် လုပ်ငန်းရှင် ၁၄ ဦးရှိပြီး ယခုအခါ အသစ်တည်ဆောက်မည့် လုပ်ငန်းရှင် ခြောက်ဦးခန့်ရှိကြောင်း လောင်စာတောင့်လုပ်ငန်းရှင်များထံမှ သိရသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၁ နိုင်ငံအနက် အိုင်ယာလန်နိုင်ငံသည် ယခုတစ် ပတ်တွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် သုည ဒသမ ၉ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံတွင် သုည ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၈ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် တစ်
ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အ ပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှဇွန် ၂၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၀၉ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဇွန် ၂၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၃၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဇွန် ၂၈ ရက်တွင်ကျပ် ၃၂၇၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။ ယခု၂၀၂၃ ခုနှစ်အတွင်း
