ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု ဖြင့် ပဲခူးတိုင်း(အရှေ့၊အနောက်)ရှိ   ဆန်စက်လုပ် ငန်းရှင်များအသင်း၊   မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းများအသင်းနှင့်   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ၍ ဆန်၊ ဆီ၊ ကြက်ဥများအား  ပဲခူးတိုင်းဒေသကြီး အတွင်း  ခရိုင်၊ မြို့နယ်များရှိ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ဆန်များကို တစ်ခရိုင်လျှင် အိတ်  ၁၀ဝ၀ နှုန်းထားဖြင့်လည်းကောင်း ပြည်သူများလက်ဝယ် အရောက် ဈေးကားများဖြင့်  လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်က ဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ နှုန်းဖြင့် စားသုံးသူ ပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို သြဂုတ် ၁၃ ရက်မှစတင်၍ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ ရောင်းချမှုများ ဆက်လက်ဆောင် ရွက်နေကြောင်း သိရှိရသည်။

“30th Asia Trade Promotion Forum (ATPF)  Working Level Meeting” အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၇ ရက်အထိ Virtual  စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာထိန်လင်း၊ ကုန်သွယ်မှု  ဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် ဘာသာရပ်ဆိုင်ရာအရာရှိများ ပါဝင် တက်ရောက်ခဲ့သည်။ယခုကျင်းပသည့် အစည်းအဝေးသည်ATPFအဖွဲ့ဝင် နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်ချက် များအား မြှင့်တင်နိုင်ရန်နှင့် ကိုဗစ်(၁၉) ကာလအလွန်တွင် ဆောင်ရွက်နေသည့် ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များအား မျှဝေရန် ရည်ရွယ်၍ ကျင်းပ

မိုးဦးကျကာလဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုသည်နှင့် စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေသည့် Aracac (ခေါ်) ပိန်းမျိုးရင်း တစ်မျိုးဖြစ်သည့် “ဝဥ”ပင်များကို  စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ “ဝဥ” အပင်များသည် အပူပိုင်း ဒေသ များနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင်  စနစ်တကျ  စိုက်ပျိုးဖြစ်ထွန်းမှုရှိသော အပင်တစ်မျိုးဖြစ်သည်။ ချင်းပြည်နယ်   တောင်တန်းဒေသ များ တွင် ပေါက်ရောက်မှုပိုများပြီး ဝင်ငွေကောင်းကာ  ကျန်းမာရေးနှင့်သင့် လျော်သည့် ဥအမျိုးအစားဖြစ်သည်။ ချင်းပြည်နယ်၌  ၂၀၂၂-၂၀၂၃ နှစ်အတ

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ တွမ်ခရုစ်၏ ရုပ်ရှင်ဇာတ် ကားသစ် Top Gun: Maverick သည် အမေရိကန်ပြည်ထောင်စုတွင် စတင် ပြသနေပြီဖြစ်ရာ  ပထမဆုံး သုံးရက်အတွင်းမှာပင် ဝင်ငွေအမေရိကန်ဒေါ် လာ ၁၂၄ သန်း ရရှိခဲ့ကြောင်း topgun- movie.comတွင် ဖော်ပြထားသည်။ Top Gun: Maverickဇာတ်ကား သည် ၁၉၈၆ ခုနှစ်က ပြသခဲ့သည့်  Top Gun ရုပ်ရှင်၏ နောက်ဆက်တွဲဖြစ်ပြီး တွမ်ခရုစ်က စမ်းသပ်လေသူရဲတစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။ သုံးရက်အတွင်း အမေရိကန်ဒေါ်လာ ၁၂၄ သန်းရရှိထားသည့်  Top Gun: Maverick  ဇာတ်ကားသည် ရုံတင်ပြသပြီးချိန် တွင်  အမေရိကန်ဒေါ်လာ ၂၄၈ သန်း ရရှိနိုင်မည်ဟု ထုတ်လုပ်သူ ပါရာမောင့်ကခန့်

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင်တစ်ခုအပါအဝင်ဖြစ်သော ပုသိမ်ထီးဈေးကွက်မှာ ပြည်တွင်း/ပြည်ပဈေးကွက်ရှိပြီး ပြည်တွင်းဈေးကွက်မှာ ငွေဆောင်၊ချောင်းသာ၊ငပလီကမ်းခြေသုံး ထီးများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ၊ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိဟိုတယ်များတွင်လည်း အလှဆင်ထီးများ အသုံးပြုလျက်ရှိကြောင်းသိရသည်။ပုသိမ်ထီးပြုလုပ်ရာတွင် သစ်၊ ထီးရိုးဝါး၊ သရ ကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ ပြည်တွင်းဒေသထွက်ကုန် များကို အသုံးပြု၍ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှဝယ်ယူသည့်ကုန်ကြမ်းပစ္စည်းများမပါဝင်ဘဲမြန်မာအနုပညာကို ဖော်ထုတ်ထားသည့်ဆေးဆိုးခြင်း၊ပန်းချီရေးဆွဲခြင်းစသည်တို့ဖြင့်အလှဆင်ထားပြီး ထီ

ဝင်ရောက်လာသော လိုင်ချီးသီးများတောင်ငူမြို့နယ်၏ အရှေ့ဘက်မိုင်၂၀ခန့်ကွာဝေးသော ကရင်ပြည်နယ် လိပ်သိုဒေသရှိကျောက်ဗျားကျေးရွာမှ ထွက်ရှိ သော လိုင်ချီးသီးများသည် လိပ်သိုဒေသအတွင်း၌ ရောင်းချပါကအလုံး ၁၀ဝ ပါတစ်ထုပ်လျှင် ကျပ် ၂၄၀ဝ မှ ကျပ် ၂၅၀ဝ အထိရောင်းချရပြီး  တောင်ငူမြို့ရှိလိုင်ချီးသီးအဝယ်ဒိုင်များသို့ရောင်းချမည်ဆိုပါက ကျပ် ၃၀ဝ၀ ရရှိ၍အဝယ်ဒိုင်မှတစ်ဆင့်လက်ကားဈေး ကျပ် ၃၅၀ဝ ဖြင့် ဖြန့်ဖြူးရောင်းချနေပြီး လက်လီဈေးအနေဖြင့် လိုင်ချီးသီးတစ်ထုပ်လျှင် ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အထိ အသီးအရွယ်အစားပေါ်မူတည်၍ရောင်းချနေကြောင်း သိရှိရသည်။                   &

လတ်တလောကာလ  တရုတ်နိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ မြင့်တက်ခြင်းကို ထိန်းချုပ်နိုင်ရေးအတွက်  မြို့တော်ပေကျင်း၌ ဘူတာရုံများနှင့် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်း အများအပြားကို မေ ၄ရက်မှ စတင်ကာ ယာယီပိတ်ထားကြောင်း သိရသည်။ကိုဗစ်(၁၉)ကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့ကို  တစ်လကျော်ကြာ လော့ခ်ဒေါင်းချထားမှု မျိုးကို ရှောင်လွှဲနိုင်ရေးအတွက် မြို့တော်ပေကျင်း တွင် အများပြည်သူ  သယ်ယူပို့ဆောင်ရေးများကို ယာယီပိတ်ထားလိုင်ခြင်းဖြစ်ကြောင်း သိရသည်။မေ ၄ ရက်မှစတင်ပြီး  ပေကျင်းမြို့တော်ရှိ မြေအောက်ရထားဘူတာ ၄၀ ကျော်နှင့် ဘတ်စ် ကား သယ်ယူပို့ဆောင်ရေးလမ်း &nbs

   အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန် သွယ်မှု သဘောတူစာချုပ် ညှိနှိုင်းဆွေး‌နွေးမှုများကို မကြာမီစတင်တော့မည်ဖြစ်၍ အာဆီယံသာမကမိမိနိုင်ငံ၏အကျိုးစီးပွားအတွက်ကိုပါ ရလဒ်ကောင်း များရရှိအောင်စနစ်တကျ ကြိုတင် ပြင်ဆင်ဆောင်  ရွက်ကြရန်နှင့် ဘာသာရပ်အလိုက် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာ တွင် နိုင်ငံတကာသဘောတူညီချက်များ၊ မိမိနိုင်ငံ ၏ဥပဒေများကိုကျေညက်ပိုင်နိုင် ကျွမ်းကျင်သူများ ကိုသာ တာဝန် ပေးအပ်ရန်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးကဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့်အာဆီယံ-ကနေဒါ လွတ်လပ် သော ကုန်သွယ်မ

        စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ၊ ဦးသန်းဦး၊ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများသည် (၂၅-၁၀-၂၀၂၁) ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးအဖွဲ့ပါ မိတ်ဖက်ဌာနဖြစ်သော ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဦးစိန်လွင်၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဦးကိုကိုမြ၊ ဒုရဲမှူး၊ ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ Dr.အိမွန်သန့်၊ လ/ထညွှန်ကြားရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးစောသန့်ဇင်ဦး၊ ဦးစီးအရာရှိ၊ FDA ၊ ဒေါ်ဝင်းသူဇာကျော်၊ ဦးစီးအရာရှိ၊ ပြည်နယ်ပတ်ဝန်းကျ