Main menu

Background

မကွေးတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ

Mon, 07/01/2024 - 15:31 -- journal_editor

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းသည် အဓိက မဏ္ဍိုင်တစ်ရပ် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေး စား၊ အငယ်စား၊ အလတ်စား စီးပွားရေး(MSME)  စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ 
ဒေသထုတ်ကုန်များမှသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံ့စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မကွေးတိုင်းဒေသကြီးတွင် မြို့နယ် ပေါင်း  ၂၅ မြို့နယ်ရှိပြီး  အသေးစား၊ အငယ်စား၊ အလတ်စား MSME)လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ထားရှိပြီး လုပ်ငန်းများနှင့် မှတ်ပုံ မတင်ထားရသေးသော   တစ်ပိုင်တစ်နိုင် လုပ်ငန်းများစွာရှိရာ (MSME)လုပ်ငန်းများအနေဖြင့် စားသောက်ကုန်လုပ်ငန်း၊  လက်မှုပညာလုပ်ငန်း၊ စက်မှုလုပ်ငန်း အစရှိသဖြင့် လုပ်ငန်းများစွာရှိသည်။ နိုင်ငံတော်၏ အားပေး မြှင့်တင်မှုနှင့်အတူ စက်မှုလက်မှုလုပ်ငန်းများလည်း  များစွာ အောင်မြင်မှု ရရှိလျက်ရှိသည်။
စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ရာသီအလိုက် ဒေသထွက် ကုန် ကြမ်းများကို အသုံးပြုပြီး လတ်ဆတ်ခြင်း၊ တာရှည်ခံဆေးဝါးများ  အသုံး မပြုခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ ပါရှိခြင်းတို့ကြောင့် ယုံကြည်စိတ် ချစွာ အသုံးပြုနိုင်သည်။ ထို့ပြင် ပြည်တွင်းထုတ်ကုန်များဖြစ်သဖြင့် ပြည်ပသွင်း ကုန်အစားထိုးဖြစ်၍ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်သည်။ ဒေသထွက် စားသောက်ကုန်လုပ်ငန်းများမှာ ပဲယို၊ နှမ်းယို၊ ဆီးယို၊ သဘာဝ မန်ကျည်းဖျော်ရည်၊ ဆီးဖျော်ရည်၊ ဆီးဖြူသီးဖျော်ရည်၊ အုန်းမန်ကူ၊ ပဲချောင်း၊ ပဲခွေ၊ အာလူးကြော်၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ နှမ်းလှော်၊ မန်ကျည်းတော်ဖီ၊ ဆီးတော်ဖီ၊ မန်ကျည်းပလိပ်၊  ပါပလာ၊ နို့မလိုင်ခဲ၊ ကြက်ဥ မရွေး၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥ၊ ပဲကြီးကြော်၊ စားတော်ပဲကြော်၊ ကုလားပဲ လုံးကြော်/လှော်၊ ပဲကြီး လှော်၊ ပြောင်းဖူးပွကြော်နှင့် ပဲ/ဆန်မှုန့်၊ အသီး အနှံ များဖြင့်ပြုလုပ်သော ကိတ်မုန့်၊ ပေါင်မုန့်မျိုးစုံ လုပ်ငန်းများဖြစ်ကြသည်။ 
လက်မှုပညာလုပ်ငန်းများအနေဖြင့် ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်း များဖြင့် သစ်သား၊ ဝါး၊ ထန်းပင် အစရှိသည်တို့မှ အချောထည်ပြုလုပ်ခြင်းဖြစ် သည်။ သစ်သားမှပြုလုပ်သော အချောထည်များမှာ ဘုရားပုလ္လင်၊ ဆက်တီခုံ များ၊ ဗီရို၊ တန်းလျား၊ ခုတင်၊ မှန်တင်ခုံ၊ ဆီဆုံနှင့် မီးဖိုချောင်အသုံး အဆောင် ပစ္စည်းအမျိုးမျိုး၊  သစ်သား ပန်းကန်ပြား၊ ရေခွက်၊ ဇွန်း၊ ငရုတ်ဆုံ၊ ငရုတ်ကျည် ပွေ့၊ စင်တီတုံး ၊ ခေါင်ညှပ်/ကွင်းထိုးခုံဖိနပ် အရွယ်အစားမျိုးစုံ ဖြစ်ကြသည်။ 
ဝါးဖြင့်ပြုလုပ်သော အချောထည် အသုံးအဆောင်ပစ္စည်းများမှာ လူနေ အိမ်နှင့်  ပစ္စည်းသိုလှောင်ရုံထားရှိရာ အဆောက်အအုံများ၊ ဝါးထရံ၊ ဝါးနှီး သက်ငယ်မိုး၊ ဝါးခုတင်၊ ဖျာကြမ်း၊ သင်ဖျူးချောဖျာ၊ စားပွဲထိုင်ခုံ၊ တန်းလျား၊ ပက်လက်ကုလားထိုင်၊ လက်ဆွဲခြင်း၊ ကြက်အုပ်ဆောင်း၊ ထမင်းစားပွဲအုပ် ဆောင်း၊ ကြက်မဝပ်ခြင်း၊ တောင်သူသုံး ပစ္စည်းများ၊ ဆန်ကော၊ ဆန်ခါ၊ ပုတ် အရွယ် အစားအမျိုးမျိုး ဝါးတံမြက်စည်း၊ ဝန်းထရံကပ်၊ အသားကင်/ရေခဲ ချောင်း တုတ်ချောင်းနှင့် နှီးဖိနပ်များဖြစ်ကြသည်။ ထန်းပင်ထန်းလက်ဖြင့် ပြု လုပ်သော  ပစ္စည်းများမှာ ထန်းလက် အမိုးအကာ၊ ထန်းရွက်ပုတီး၊ ထန်း ခေါက်ဖာ၊   ထန်းခေါက်ခြင်း  အရွယ်အစားမျိုးစုံ၊ ထန်းလက်ကုလားထိုင်၊ နေအိမ်အဆောက်အအုံအတွက် အလှဆင်ပစ္စည်းများ၊ ထန်းလျှော်ကြိုး၊ ထန်း ရွက်ယပ်တောင်၊ ထန်းကြောဖျာ အရွယ်အစား အမျိုးမျိုး စသည်တို့ဖြစ်သည်။ 
ပြည်တွင်းဒေသထွက်ကုန် မြန်မာ့လက်မှုနည်းပညာ ပစ္စည်းများမှာ လှပ ခံ့ညား၍ ကြာရှည်အသုံးခံပြီး အမှတ်တရ လက်ဆောင်ပေးခြင်း၊ အိမ်အတွင်း၊ ရုံးခန်းအတွင်း အလှဆင်ခြင်း၊ နေ့စဉ်အသုံးပြုသော အသုံးအဆောင်များအဖြစ် သုံးစွဲကြခြင်း၊ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်စား ခံရခြင်း စသည့် ဂုဏ်ဒြပ်များနှင့် ပြည့်စုံလှပေသည်။ 
စက်မှုလုပ်ငန်းများအနေဖြင့် မိမိတို့ဒေသမှထွက်ရှိသော ကုန်ကြမ်းများ မှ ကုန်ချောထုတ်လုပ်ခြင်း၊ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ဆီးခွဲစက်၊ ဆန်မှုန့်ကြိတ် စက် စသည့်စက်ရုံများမှသည် စားသောက်ကုန်များ ထုတ်လုပ်ကြသည်။ စက်ရက်ကန်း၊ လက်ရက်ကန်း စက်မှုလက်မှုလုပ်ငန်းများမှလည်း မြန်မာ့ရိုးရာ ချည်ထည်အမျိုးမျိုး၊ အသုံးအဆောင်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ကြသည်။ 
ရိုးရာချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ရာသီအလိုက် သုံးစွဲနိုင်သည်။ နွေအခါအေးမြပြီး ဆောင်းအခါ နွေးထွေးသည့် ခံစားမှုမျိုးကို ပေးနိုင်သည်။ သဘာဝချည်ဆိုးဆေးများ အသုံးပြုပြီး ခိုင်ခန့်မှုရှိသဖြင့် ကာလ အတန်ကြာ သုံးစွဲနိုင်သည်။ ထို့ကြောင့် ပြည်ပသွင်းကုန်အစားထိုး ကောင်း မွန်သည့် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ပေါများလှခြင်းဖြစ်သည်။ 
တခြားတစ်ဖက်တွင်လည်း ရာသီအလိုက်ထွက်ရှိသည့် နာမည်ကြီး ဒေသထွက်ကုန် များစွာရှိသည်။ ပခုက္ကူ၊ ဆိပ်ဖြူ၊ ယောနယ်ဒေသထွက် ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ မကွေးနှင့် ပခုက္ကူနယ်အတွင်းမှ ထွက်ရှိသည့် ဆန်စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆေးရွက်ကြီး၊ ပဲမျိုးစုံနှင့် မြေပဲဆီသန့်၊ မြိုင်၊ ရေစကြိုမှထွက်သည့် ရှင်မတောင်သနပ်ခါး၊ အောင်သိဒ္ဓိ၊ ကံပွင့် အမွှေးတိုင် စသည်တို့သည် မိမိတို့တိုင်းဒေသကြီးအတွင်းတွင်သာမက အခြားပြည်နယ် များသို့ တင်ပို့လျက်ရှိပြီး ဒေသထွက်ကုန်များကို ဈေးရောင်းပွဲတော်များတွင် လာရောက်လေ့လာနိုင်ကြောင်းနှင့် မကွေးတိုင်းဒေသကြီး၏ ဒေသထွက်ကုန် များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအကြောင်း ရေးသားလိုက်ရပါသည်။                                          

  မြင့်မြင့်သန်း (ပခုက္ကူ)
ဤဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်များ
အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။)