Main menu

Background

ဧရာဝတီတိုင်းဒေသကြီး ပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးနှင့် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက်

Mon, 04/20/2026 - 14:19 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ  ရေမြေ သဘာဝရာသီဥတုပေါ်မူတည်၍ ပြည်တွင်းစားသုံး ရန်နှင့်  ပြည်ပသို့တင်ပို့ရန်  ဆန်၊ စပါး၊ ပဲမျိုးစုံ၊ လယ်ယာကိုင်းကျွန်းသီးနှံ၊ သစ်သီးဝလံမျိုးစုံ၊ စားဖို ဆောင်သီးနှံ၊ ဟင်းသီး ဟင်းရွက်မျိုးစုံ၊ စက်မှုကုန် ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ်တောထွက်ပစ္စည်း များ အမယ်များစွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင် သီဟိုဠ်ကိုလည်း စိုက်ပျိုးလျက်ရှိရာ သီဟိုဠ်ကို မူရင်းဒေသ တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် စတင်စိုက်ပျိုး၍ အိန္ဒိယနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ လည်း ပျံနှံ့ စိုက်ပျိုးခဲ့ပါသည်။ 
မြန်မာနိုင်ငံအတွင်းသို့ သီဟိုဠ်ကျွန်းမှ ဝင် ရောက်လာပြီး   ၁၉၈၈ ခုနှစ်မတိုင်မီ  အနည်း အကျဉ်းသာ စိုက်ပျိုးခဲ့သော်လည်း ၎င်းနောက်ပိုင်း ကာလများတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်း ရိုးတန်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်း ရေ၊  မြေရာသီဥတုနှင့်   ကိုက်ညီမှုရှိ၍ အောင်မြင်ဖြစ်ထွန်းပြီး တိုင်းအတွင်း သီဟိုဠ်စိုက် ဧက ၆၆၅၂၉ ဧက ရှိပြီး တစ်ဧကလျှင် ၂၃၄ ပိဿာ ခန့် ထွက်ရှိ၍ စုစုပေါင်းအထွက်နှုန်း  ပိဿာ ၁၀ဝ၀ဝ၀ ဝန်းကျင်ထွက်ရှိကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသ ထွက်ကုန်များတွင် ပြည်ပပို့ကုန် သီဟိုဠ်ဈေးကွက် မှာ ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလကုန်နောက်ဆုံးပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ ပြီး မတ်လပိုင်းမှာ  သီဟိုဠ်   လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊  သီဟိုဠ်ရာသီမှာ မိုးမရွာမီ အချိန်အထိ ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်၍ မေ၊ ဇွန်လများတွင် မိုးဖြိုင်ဖြိုင်  ရွာသွန်းပါက ဈေး ကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ် ရာသီ ပြီးဆုံးသွားကြောင်း၊ ယခင်နှစ်သီဟိုဠ်ကုန် ကြမ်း တစ်ပိဿာ ကျပ် ၅၀ဝ၀ ဈေးရှိပြီး ယခုနှစ် တွင် သီဟိုဠ် တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးရရှိ သည့်အတွက် ယခင်နှစ်ထက် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ဈေးပိုမိုရရှိပြီး သီဟိုဠ်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း  ပုသိမ်မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်မှ သိရသည်။ 
သီဟိုဠ်ကို   ပုသိမ်ခရိုင်၊   ဟင်္သာတခရိုင်နှင့် မြောင်းမြခရိုင်တို့တွင်  အများဆုံးစိုက်ပျိုးလျက် လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုး မှုရှိကြောင်းသိရသည်။ ပုသိမ်မြို့နယ်နှင့် သာပေါင်း မြို့နယ်ထွက်   သီဟိုဠ်သီဟိုစေ့မှာ  အစေ့ကြီးပြီး ရေကြည်မြို့နယ် ထွက်သီဟိုဠ်မှာ အလယ်အလတ် ရှိ၍ မြောင်းမြမြို့နယ်ထွက် သီဟိုဠ်စေ့မှာ အစေ့ သေးသော်လည်း အထွက်နှုန်းပို၍ ကောင်းမွန်ပြီး သီဟိုဠ် စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ရသည်အထိ ငါးနှစ် စိုက်ပျိုးရပြီး  အပင်သက်တမ်း နှစ် ၆၀ ရှိ သဖြင့်  ရေရှည်အကျိုးအမြတ်ရရှိသည့် နှစ်ရှည် သီးနှံအမျိုးအစားဖြစ်သည့် သီဟိုဠ် ခူးဆွတ်ခြင်းကို ဖေဖော်ဝါရီလမှ စတင်ခူးဆွတ်၍ မေလမိုးမရွာခင် အထိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်၍ မိုးထိ လျှင် သီဟိုဠ်စေ့မှာ မူလအရောင်ပျက်ကာ မည်း သွားပြီး  ဈေးကွက်တွင်လည်း  အရောင်းအဝယ် မဖြစ်တော့ကြောင်း သိရသည်။ 
သီဟိုဠ်ပေါ်ချိန် ပုသိမ်မြို့တွင် အဝယ်ဒိုင် ၁၀ဒိုင်ခန့်၊ သာပေါင်းမြို့ပေါ်တွင် အဝယ်ဒိုင် သုံးဒိုင်၊ မြောင်းမြမြို့ပေါ်တွင်   အဝယ်ဒိုင် နှစ်ဒိုင်နှင့် ရေကြည်မြို့ပေါ်တွင်  အဝယ်ဒိုင် နှစ်ဒိုင်ဖြင့် ဝယ် ယူလျက်ရှိသည်။
ဝယ်ယူရရှိသော သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန်မြို့သို့   အဓိကတင်ပို့၍  ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင် သီဟိုဠ်စေ့ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်နှင့် နထစသမအ ဈေးကွက် အဖြစ် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်မှတစ်ဆင့် တင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။ သီဟိုဠ်စေ့ကို တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ချောကလက်၊ ရေခဲမုန့်၊  ထိုးမုန့်၊  ကိတ်မုန့်အမျိုးမျိုး၊  မုန့်မျိုးစုံ ယိုမျိုးစုံ၊ ဒန်ပေါက်နှင့် ဟိုတယ်စာအဖြစ်နှင့် မုန့် အမျိုးမျိုးတို့တွင် ပါဝင်အသုံးပြုလျက်ရှိပြီး သီဟိုဠ် စေ့တွင် ဠငအောငညန-န ပါဝင်သဖြင့် ပြည်ပနိုင်ငံများ တွင် ဆံပင်၊ အသား အရေလှပသည့် မိတ်ကပ်အကူ ပစ္စည်း၊ ခေါင်းလိမ်းဆီ ထုတ်လုပ်ရာနှင့် အိန္ဒိယ နိုင်ငံတွင် သီဟိုဠ်စေ့အခွံ ကို သင်္ဘောဆေးလုပ်ငန်း တွင် ကုန်ကြမ်းအဖြစ်  အသုံးပြုလျက်ရှိကြောင်း သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်း သီဟိုဠ် စိုက်ပျိုးသော  ဧကများစွာရှိပြီး ဆက်စပ်နေရာ များတွင် စိုက်ပျိုးနိုင်ခြင်း၊ မြေလွတ်မြေရိုင်းများ ရှိနေခြင်း၊ နေရာမရွေး စိုက်ပျိုးနိုင်ပြီး အထွက် နှုန်းသင့် တင့်ကောင်းမွန်၍ ပြည်တွင်း/ပြည်ပ ဈေးကွက် ဝယ်လိုအားရှိသည့်အတွက် ကုန်ကြမ်း အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ် လုပ်၍ ပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုမှ ပို့ကုန်ကဏ္ဍတိုးမြှင့် တင်ပို့နိုင်ရန်အတွက် တိုင်း သီဟိုဠ်အသင်းကို စည်းမျဉ်းများနှင့်အညီ ကျစ် လျစ်ခိုင်မာစွာ ဖွဲ့စည်းပြီး ဧရာဝတီ ကုန်သည်များ နှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တစ်ဆင့် နောက်ပိုင်းတွင် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (့ငြ်္ဃဃှု) အသင်းကြီးနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင် ရန်နှင့် ဥညန ဠငေါူန ဥညန ဏမသိကခအ ကဲ့သို့ ပို့ကုန် အမယ်သစ်အဖြစ် ပြည်ပဈေးကွက် ပိုမိုထိုးဖောက် နိုင်ရန်  တိုင်းဒေသကြီး   သီဟိုဠ်လုပ်ငန်းရှင်များ အသင်း၊ သီဟိုဠ်စိုက်တောင်သူများ၊   ဒေသအာဏာ ပိုင် သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်၍ သီဟိုဠ် ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြှင့် တင်ရန်  အားလုံးဝိုင်းဝန်းပါဝင်ကြိုးပမ်းရေးကို ရှေး ရှုပြီး ရေးသားလိုက်ရပါသည်။  

 

မင်းမင်းဦး(ပသ)