Main menu

Background

ပို့ကုန်အဆင်သင့်ဖြစ်မှု မြှင့်တင်နိုင်ရေး

Mon, 04/20/2026 - 10:56 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံထားသော နိုင်ငံ တစ် နိုင်ငံဖြစ်ပြီး လူဦးရေအများစု၏ အသက်မွေးဝမ်းကျောင်း၊ အလုပ် အကိုင်နှင့်  နိုင်ငံ့စီးပွားရေးတွင် စိုက်ပျိုးရေးသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ စိုက်ပျိုးရေး–အစားအစာ (Agri-Food) ကဏ္ဍတွင် ဆန်၊ ပဲ၊ အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက် များ၊ အသားငါးနှင့် အစားအစာထုတ်ကုန်များပါဝင်ပြီး နိုင်ငံတကာ ဈေးကွက်သို့ ထုတ်ကုန်များ တင်ပို့နိုင်ရန်အတွက် အစားအသောက် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ (Food Safety Standards)ကို ပြည့်မီဖြည့်ဆည်းပေးရန်  လိုအပ်သည်။  ပို့ကုန်အဆင်သင့်ဖြစ်မှု ((Export Readiness)ကို ရရှိရန် အစားအသောက်ဘေးကင်းလုံခြုံရေး Food Safety သည် အဓိက အခြေခံလိုအပ်ချက် ဖြစ်လာသည်။
World Health Organization (WHO) အဆိုအရ မလုံခြုံသော အစားအစာများ (Unsafe foods)ကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်း လူ သန်းပေါင်းများစွာ ရောဂါများဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု Gross Domestic Product , GDP) နှင့်  အလုပ်အကိုင်များတွင် အရေးပါသော အခန်းကဏ္ဍကို ထမ်းဆောင်နေသောကြောင့် အစား အသောက်နှင့် စိုက်ပျိုးရေးထုတ်ကုန်များသည် နိုင်ငံ၏ ပို့ကုန်ဝင်ငွေ ရရှိရေး (Export income) အတွက် အရေးကြီးသော   အရင်းအမြစ် တစ်ခုဖြစ်သည်။ 
ယခုအခါ  နိုင်ငံတကာဈေးကွက်များတွင် အစားအသောက် လုံခြုံစိတ်ချရမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ (Food Safety Regulations)များ ပိုမိုတင်းကျပ်လာသောကြောင့် မြန်မာ့ထုတ်ကုန် များအတွက် ပို့ကုန်အဆင်သင့်ဖြစ်မှု (Export Readiness)) တိုးတက် ရန် အစားအသောက် လုံခြုံစိတ်ချရမှုစနစ် (Food Safety Systems)များကို တိုးတက်အောင်ပြုလုပ်ရန် လိုအပ်လာသည်။ 
ထို့ကြောင့် အစားအသောက်လုံခြုံစိတ်ချရမှု ဖွံ့ဖြိုးတိုးတက် ရေး  (Food Safety Development သည် မြန်မာ့စိုက်ပျိုးရေးနှင့်  အစားအသောက်ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်း  Myanmar Agri-Food Sector Competitiveness)  တိုးတက်စေရန်   အရေးကြီးသော အကြောင်းရင်း ဖြစ်လာသည်။Myanmar Agri-Food Sector Competitiveness”  သည် မြန်မာ့စိုက်ပျိုးရေးနှင့် အစားအသောက် ထုတ်လုပ်မှုကဏ္ဍများ၏ အရည်အသွေး၊ ထုတ်လုပ်မှုနိုင်မှုနှင့် နိုင်ငံ တကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သောစွမ်းရည်ကို ဆိုလိုသည်။
ပို့ကုန်အဆင်သင့်ဖြစ်မှု (Export Readiness) ဆိုသည်မှာ ထုတ်ကုန်တစ်ခု သို့မဟုတ် ထုတ်လုပ်မှုစနစ်တစ်ခုသည် နိုင်ငံ တကာ ဈေးကွက်၏ စံနှုန်းများ၊ ဥပဒေများနှင့် လိုအပ်ချက်များကို ပြည့်မီပြီး ယုံကြည်စိတ်ချစွာ တင်ပို့နိုင်သော  အခြေအနေကို  ဆိုလိုသည်။ အစားအသောက်  ပို့ကုန်များအတွက်  အဓိကလိုအပ်ချက်များမှာ အစားအသောက်ဘေးကင်းလုံခြုံရေးစံ ချိန်စံညွှန်းများ (Food Safety Standards)၊ အရည်အသွေးထိန်းချုပ်မှု Quality Control)၊ ထုတ် လုပ်မှုမှ စားသုံးသူထံသို့ရောက်သည့်လမ်းကြောင်း အဆင့်ဆင့်ကို အချက်အလက်ဖြင့် မှတ်တမ်းထားရှိမှု  Traceability)၊ သက်သေခံ လက်မှတ်များ (Certification documents))၊ စစ်ဆေးမှု Inspection)) နှင့် စံချိန်စံညွှန်း လိုက်နာမှု ((Compliance with standards) တို့ဖြစ်ပြီး နိုင်ငံတကာအစားအသောက် စံချိန်စံညွှန်းများကို Codex Alimentarius Commission  နှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ သတ် မှတ်ထားသည်။
အစားအသောက် ဘေးကင်းလုံခြုံရေး (Food Safety) မပြည့်မီ ပါက ပို့ကုန်များသည် နယ်စပ်တွင် ပယ်ချခံရနိုင်ခြင်း (Exports may be rejected at the border)၊ တင်ပို့ရန် တားမြစ်ထားခြင်း (Export prohibition)) ခံရနိုင်သည်။ ဝယ်ယူသူ ယုံကြည်မှုကျဆင်းနိုင်ခြင်း (Potential decrease in consumer confidence) အပြင် စီးပွားရေး ဆုံးရှုံးမှု (Economic Loss)) ဖြစ်ပေါ်နိုင်သည်။Food and Agriculture Organization (FAO)အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အစားအသောက် ဘေးကင်းလုံခြုံရေး စနစ် (Food Safety System) တိုးတက်မှုသည် အဓိကအချက်ဖြစ် သည်။
အစားအသောက်  ဘေးကင်းလုံခြုံရေးစနစ် (Food Safety System)) ကိုအားကောင်းစေရန် အရေးကြီးသော နည်းလမ်းတစ်ခုမှာ အစားအသောက်ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုစနစ် ((Food Safety Management System - FSMS)ကို ထိရောက်စွာ အကောင် အထည် ဖော်ခြင်းဖြစ်သည်။ FSMS သည် အစားအသောက် ထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုအဆင့်များတွင် ဖြစ်ပေါ် နိုင်သော အန္တရာယ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ် ထားသောစနစ်ဖြစ်သည်။
အစားအသောက်ထုတ်လုပ်မှုနှင့်ပတ်သက်သော ဥပဒေများ သည် ထုတ်ကုန်များ၏  အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို သေ ချာစေရန် အရေးကြီးသည်။ အစားအသောက်စစ်ဆေးမှု စနစ်များ နှင့် ဓာတ်ခွဲခန်းများ၏ စမ်းသပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် လိုအပ် သည်။ အစားအသောက်များတွင် ပိုးမွှားများ၊ အစားအစာ မဟုတ် သော ပြင်ပပစ္စည်းများ၊ ပိုးသတ်ဆေးဓာတြွ်ကင်းများနှင့် ဓာတုပစ္စည်း များ ပါဝင်မှုရှိ/မရှိကို စနစ်တကျ စစ်ဆေးနိုင်ရန် အဆင့်မြင့်နည်း ပညာများ အသုံးပြုရမည်ဖြစ်သည်။
ဓာတ်ခွဲခန်းများတွGas Chromatography (GC)? High Performance Liquid Chromatography (HPLC)    နှင့်Mass Spectrometry (MS) ကဲ့သို့သော နည်းပညာများကို အသုံးပြုခြင်းဖြင့် အစားအသောက် အန္တရာယ်များကို တိကျစွာစစ်ဆေးနိုင်သည်။ ထို့ အပြင် ဓာတ်ခွဲခန်းများ၏ အရည်အသွေးစနစ်ကိုISO/IEC 17025  စံနှုန်းနှင့်ကိုက်ညီအောင် ဆောင်ရွက်ရန် လိုအပ်သည်။
လုပ်ငန်းစဉ်အဆင့်ဆင့်ကို အချက်အလက်ဖြင့် မှတ်တမ်းထား ရှိမှု  (Traceability) သည် အစားအသောက် ဘေးကင်းလုံခြုံရေးစနစ် တွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းတစ်ခု ၏ ထုတ်လုပ်မှုမှ စားသုံးသူထံသို့ ရောက်ရှိသည့်လမ်းကြောင်းတစ် လျှောက်  အချက်အလက်များကို နောက်ကြောင်းပြန်ခြေရာခံလိုက် နိုင်မည်ဖြစ်သည်။Traceability စနစ်ရှိပါက အစားအသောက်များ တွင် ပြဿနာများဖြစ်ပေါ်လာလျှင် အန္တရာယ်ရှိသော ထုတ်ကုန်များ ကို ဈေးကွက်မှ အလျင်အမြန် ပြန်လည်သိမ်းဆည်းနိုင်သည်။             ထို့ကြောင့် အစားအသောက်ထုတ်လုပ် ရေးလုပ်ငန်းများသည်Traceability စနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်သည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစား အသောက်   ထုတ်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဝန်ထမ်းများကို အစားအသောက်ဘေးကင်း လုံခြုံရေးသင်တန်း (Food Safety Training)များ၊ အစားအသောက်ထုတ်လုပ်မှုလုပ်ငန်း စဉ်များတွင် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို ခွဲခြမ်းစိတ်ဖြာပြီး အရေးကြီးသော ထိန်းချုပ်ရမည့်အဆင့်များကို သတ်မှတ်ကာ ဘေး ကင်းလုံခြုံမှုကို  ထိန်းချုပ်သောသင်တန်း Hazard Analysis and Critical Control Point, HACCP Training) ) များနှင့် ကောင်းမွန်သော သန့်ရှင်းရေးအလေ့အကျင့်များ Good Hygiene Practices, GHP) သင်တန်းများကို ပုံမှန်ပို့ချသင့်သည်။  FAO ၏အဆိုအရ အစား အသောက်ထုတ်လုပ်မှုလုပ်ငန်း များတွင် လုပ်ကိုင်နေသော ဝန်ထမ်း များ၏အသိပညာနှင့် ကျွမ်းကျင်မှုများသည် အစားအသောက် ဘေး ကင်းလုံခြုံရေးစနစ်၏  ထိရောက်မှုကို  တိုက်ရိုက်သက်ရောက်မှုရှိ သည်။
ထို့အပြင် စားသုံးသူများ၏ အစားအသောက် ဘေးကင်းလုံခြုံ ရေး အသိပညာကို မြှင့်တင်ခြင်းသည်လည်း အရေးကြီးသော အချက် တစ်ခုဖြစ်သည်။ စားသုံးသူများအနေဖြင့် အစားအသောက်များကို ဝယ်ယူရာတွင် အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို အထူးဂရုပြု လာပါက   ထုတ်လုပ်သူများသည်လည်း  စံချိန်စံညွှန်းများကို ပိုမို လိုက်နာ ဆောင်ရွက်လာမည်ဖြစ်သည်။ ျွှံဥ ၏ အဆိုအရ အစား အသောက် ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်သော ပညာပေး အစီ အစဉ်များသည် လူများ၏ ကျန်းမာရေးအတွက် ကာကွယ်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည် ။
အစားအသောက်ဘေးကင်းလုံခြုံရေးစနစ်ကို အားကောင်း စေရန်  အစားအသောက်  ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုစနစ်ကို ထိရောက်စွာအကောင်အထည်ဖော်ရန် လိုအပ်သည်။  ဥပဒေများ နှင့် စံချိန်စံညွှန်းများခိုင်မာအောင် ဆောင်ရွက်ခြင်း၊ စစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစနစ်များ    ဖွံ့ဖြိုးတိုးတက်စေရန်  ဆောင်ရွက်ခြင်း၊ ွှမခေနဘေငူငအပ စနစ်များတည်ဆောက်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူအသိပညာ  မြှင့်တင်ခြင်းတို့ကို  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။
ဤဆောင်ရွက်မှုများကို အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါက အစား အသောက်များ၏ ဘေးကင်းလုံခြုံမှုကို တိုးတက်စေပြီး စားသုံးသူများ ၏ယုံကြည်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ စိုက်ပျိုး ရေးနှင့် အစားအသောက်ကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း တိုး တက်စေမည်ဖြစ်သည်။
အစားအသောက် ဘေးကင်းလုံခြုံရေးစနစ် (Food Safety System) သည် ပို့ကုန်ဈေးကွက် (Export market) များသို့ ဝင်ရောက် နိုင်ရန် အဓိက လိုအပ်ချက် တစ်ခုဖြစ်သည်။ အဆိုပါစနစ် မရှိပါက ထုတ်ကုန်ပယ်ချခံရခြင်း Product rejection) ၊  ကုန်သွယ်ရေး ကန့် သတ်ချက်များ Trade restrictions) ၊ဈေးကွက်ဝင်ခွင့် ဆုံးရှုံးခြင်း Loss of access to markets)တို့ ဖြစ်နိုင်သည်။
နိုင်ငံတကာစံချိန်စံညွှန်းများ International standards))များ တွင်HACCP Good Agricultural Practices (GAP)၊ လူ၊ တိရ စ္ဆာန်၊ အပင်တို့ကို ရောဂါ၊ ပိုးမွှား၊ အန္တရာယ်ရှိသော ပစ္စည်းများကနေ ကာ ကွယ်ရန် နိုင်ငံတစ်နိုင်ငံကသတ်မှတ်ထားသည့် စည်းမျဉ်း၊ စစ်ဆေးမှု၊ စံနှုန်းများ (ှSanitary and Phytosanitary (SPS) measuresတို့ ပါဝင် သည်။ ဥပမာအားဖြင့်GAP စနစ်ကို အသုံးပြုခြင်းသည် စိုက်ပျိုးမှုမှ စတင်၍သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအထိ ညစ်ညမ်းမှု အန္တရာယ်များ Contamination risks) များကို လျှော့ချပေးနိုင်သည်။ 
ထို့အပြင် အစားအသောက်  ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှု စနစ် (Food Safety Management System - FSMS)ကို အကောင် အထည်ဖော်ခြင်းသည် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်း များ Small and Medium-sized Enterprises,SMEs)) များကို တန်ဖိုး မြှင့်ထုတ်ကုန်များ လုပ်ငန်းစဉ်  ထောက်ပံ့ပေးခြင်း High-Value Supply Chains) ဖြစ်ပြီး ဈေးကွက်ဝင်ရောက်နိုင်ရန် ကူညီပေးသည်။ သို့သော် မြန်မာ့စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍ Myanmar Agri-Food Sector) တွင် ပို့ကုန်အဆင်သင့်ဖြစ်မှု(Export Readiness) အတွက် စိန်ခေါ်မှုများမှာ ဓာတ်ခွဲခန်းစမ်းသပ်နိုင်စွမ်း Laboratory testing capacity) နည်းပါးခြင်း၊ အစားအသောက်ကြောင့် ဖြစ်ပေါ် လာသော ရောဂါအန္တရာယ်များကို ထိန်းချုပ်ရန် အသုံးပြုသောစနစ် Surveillance systems) အားနည်းခြင်း၊ အစားအသောက်ကြောင့်ဖြစ် ပေါ်သော ရောဂါအချက်အလက်များ (Food-borne disease data)) မပြည့်စုံခြင်းတို့ကြောင့် အစားအသောက်ဘေးကင်းလုံခြုံမှု စောင့် ကြည့်ခြင်း (Food Safety Monitoring) အားနည်းလျက်ရှိသည်။ တောင် သူများနှင့်SMEsလုပ်ငန်းရှင်များတွင် လယ်ယာသီးနှံနှင့် အစားအသောက် ထုတ်ကုန်များ၌ ပိုးသတ်ဆေးများကို မှန်ကန်စွာ အသုံးပြုခြင်း၊ အစားအသောက်သန့်ရှင်းစွာ ထုတ်လုပ်ခြင်း၊ အရည် အသွေး စီမံခန့်ခွဲမှုတို့အတွက် နည်းပညာဆိုင်ရာ အသိပညာ ဗဟု သုတ ြွကယ်ဝခြင်းတို့ လိုအပ်လျက်ရှိသည်။ 
မြန်မာ့စိုက်ပျိုးရေးနှင့်  အစားအသောက်ကဏ္ဍ Myanmar Agri-Food Sector)သည် နိုင်ငံတကာဈေးကွက်တွင် အလားအလာရှိ သော ကဏ္ဍဖြစ်သည်။ ပို့ကုန် အဆင်သင့်ဖြစ်မှု (Export Readiness))ကို တိုးတက်စေရန် အစားအသောက်  လုံခြုံစိတ်ချရမှု  ဖွံ့ဖြိုးတိုးတက် ရေး(Food Safety Development)အရေးကြီးသည်။ အစားအသောက် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများ (Food Safety Standards)များ ကို အကောင်အထည်ဖော်ခြင်း၊ ဓာတ်ခွဲခန်းများ လုပ်ဆောင်နိုင်ရန် လိုအပ်သော အဆောက်အအုံ၊ ပစ္စည်းကိရိယာများနှင့် အခြေခံစနစ်များ Laboratory Infrastructure) တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်ခြင်းနှင့် လုပ်သားများ၊ ဝန်ထမ်းများ သို့မဟုတ် အဖွဲ့အစည်းများ ၏ နည်းပညာ၊ အရည်အသွေးနှင့် စွမ်းရည်ကို မြှင့်တင်ရန် ဆောင် ရွက်သည့် သင်တန်း၊ လေ့ကျင့်ရေးနှင့်လုပ်ငန်းဖွံ့ဖြိုးရေးအစီအစဉ်များ Capacity Building Programsများ ပြုလုပ်ခြင်းတို့ဖြင့် မြန်မာ့ထုတ် ကုန်များ၏ အရည်အသွေး Quality)) နှင့် ဈေးကွက်တွင် ယှဉ်ပြိုင် နိုင်စွမ်းရည် (Competitiveness) ကို မြှင့်တင်နိုင်မည်ဖြစ်သည်။   

ထိုအရာများ ဖြည့်တင်းထားခြင်းဖြင့် ပတ်ဝန်းကျင်ကို ထိခိုက် မှုနည်းစွာ၊ လူမှု-စီးပွားရေး အကျိုးကျေးဇူးကို ထိန်းသိမ်းကာ နောင် လာမည့် မျိုးဆက်အတွက် စိုက်ပျိုးရေးကဏ္ဍကို ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း Sustainable Agricultural Development)) နှင့် နိုင်ငံ၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ပြည်ပ ဈေးကွက်များသို့ ပိုမိုတိုးချဲ့ရောင်းချနိုင်ခြင်းနှင့် ကုန်သွယ်မှုအရေ အတွက်ကို တိုးမြှင့်ခြင်း International trade expansion ကို အထောက် အကူပြုမည်ဖြစ်သည်။ 
ဖွံ့ဖြိုးဆဲနိုင်ငံများ Developing countries)အတွက် ပို့ကုန် အဆင်သင့်ဖြစ်မှု(Export Readiness)  တည်ဆောက်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော မဟာဗျူဟာ တစ်ခုဖြစ်သည်။ အစိုးရအဖွဲ့အစည်းများ Government institutions)၊ ပုဂ္ဂလိကလုပ်ငန်းပိုင်း (Private sector)နှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ (International organizations) ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပို့ကုန်အဆင်သင့်ဖြစ်မှု Export Readiness)ကို တိုးတက်စေပြီး ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု Sustainable Economic Development) ကို ရရှိနိုင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့Summit Parkview  တွင်ကျင်းပခဲ့သော မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ဘေးကင်း လုံခြုံစေခြင်းဖြင့် ပို့ကုန်တည်မြဲမှုကို တည်ဆောက်ခြင်း (Building Export Readiness: Food Safety Development in Myanmar’s Agri-Food Sector) အလုပ်ရုံဆွေးနွေးပွဲမှ ကောက်နုတ်၍ ကောင်း နိုးရာရာ တချို့အား စားသုံးသူများ၊ တောင်သူများ၊ တင်ပို့/ တင်သွင်း သူများ၊SMEs လုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများအား နိုင်ငံ အကျိုးသယ်ပိုးနိုင်ရေး မျှော်တွေးကာ မျှဝေလိုက်ရပါသည်။                     
References: 
1.    Export Readiness and Food Safety Development Programs. 
2.    World Trade Organization. 
3.    World Health Organization.
4.    Food and Agriculture Organization.
5.    Sanitary and Phytosanitary Measures and International 
    Trade.
6.    Codex Alimentarius Commission (2020). 

 

ဓဒါက်တာလဲ့လဲ့မိုး (စားသုံးသူရေးရာဦးစီးဌာန)