Main menu

Background

မလေးရှားစားအုန်းဆီ ဇန်နဝါရီလတင်ပို့ မှု ခုနစ်လအတွင်း အနိမ့်ဆုံးသို့ကျဆင်း

Thu, 02/19/2015 - 18:09 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

        စွမ်းအင်ဈေးနှုန်းများကျဆင်းမှုနဲ့  ကမ္ဘာ့ဟင်းရွက်ဆီ ဝယ်လိုအားကျဆင်းမှုကြောင့်  ဇန်နဝါရီအတွင်း မလေးရှား နိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုက ခုနစ်နှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ကြောင်း၊ ဘီရီကော်ဒါဝက်ဘ်ဆိုဒ်သတင်းမှာ ဖော် ပြပါတယ်။
          စားအုန်းဆီရောင်းချမှုက ဒီဇင်ဘာနဲ့  နှိုင်းယှဉ်ရင် ၂၂ ရာခိုင်နှုန်းကျဆင်းပြီး မက်ထရစ်တန် ၁ ဒသမ ၁၈ သန်းရှိခဲ့ ကြောင်း၊ မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့ (MPOB) ကွာလာလမ်ပူမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်ကပြောပါတယ်။ယခုကျဆင်းမှုက ၂၀၀၈ ခုနှစ် ဇန်နဝါရီနောက်ပိုင်း အများဆုံးကျဆင်းတာဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း တင် ပို့မှုအနည်းဆုံးဖြစ်ကြောင်း MPOBအဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်ကထုတ်ပြန်ခဲ့တဲ့ ဘလွမ်းဘတ်စစ် တမ်းအရ အလယ်အလတ်ခန့်မှန်းချက်က ၁၅ ရာခိုင်နှုန်းဖြစ် ပြီး တန် ၁ ဒသမ၂၉ သန်းရှိပါတယ်။  တင်သွင်းမှုက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး ၈၉၉၀၈ တန်ရှိခဲ့ပါတယ်။
       ရေနံဈေးနှုန်းကျဆင်းမှုနဲ့ ပဲပုပ်အထွက် ထူးထူးကဲကဲ မြင့်တက်မှုက ဇီဝလောင်စာဆီချက်လုပ်ရာမှာ စားအုန်းဆီသုံး စွဲမှုကိုကျဆင်းစေတဲ့အတွက် အစားအစာနဲ့ ဇီဝလောင်စာ အဖြစ်အသုံးပြုတဲ့ စားအုန်းဆီဈေးနှုန်းက ၂၀၁၄ ခုနှစ်အတွင်း မှာ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဇန်နဝါရီလအတွင်း  ပဲပုပ်ဆီဈေးက ခြောက်နှစ် အတွင်း  အနိမ့်ဆုံးဈေးထိ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် အစားထိုးသီးနှံအဖြစ် ပဲပုပ်ရဲ့ ဆွဲဆောင်မှုက မြင့်တက်ခဲ့ပါတယ်။ ဝယ်လိုအားက ပဲပုပ်ဆီဘက်ကို ပြောင်းသွားနိုင်တယ်လို့ DBSဘဏ်က ခန့်မှန်းပါတယ်။
        ကွာလာလမ်ပူရှိ   ဘာဘာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီအကြိုရောင်းဈေးက သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၃၀၀ ရင်းဂစ် (၆၄၂ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်ဆီဈေးက ဇန်နဝါရီ ၂၉ ရက် မှာ တစ်ပေါင်ကို ၂၉ ဒသမ ၃၂ ဆင့်ထိ ကျဆင်းခဲ့ရာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။
UNT