Main menu

Background

ပြည်နှမ်းဈေးငြိမ်နေပြီး အရောင်းအဝယ်ပုံမှန်ဖြစ်

Fri, 06/01/2018 - 12:37 -- journal_editor

ခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးအမြင့်မှာငြိမ်နေတာတွေ့ရပါတယ်။ ဝယ်လက် များကလည်း တဖွဲဖွဲအဝယ်ရှိသဖြင့် ဈေးကွက်တွင်  အရောင်းအဝယ်မပျက် ဘဲပုံမှန်အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ နှမ်းနီကို ဆီစက်များက အဝယ်ရှိပေမယ့်   ဈေးကွက်တွင် နှမ်းနီလက်ကျန်ရှားသဖြင့်  ရှိတဲ့နှမ်းနီကို ဈေးကောင်းပေးဝယ် ယူပြီး ဆီကြိတ်နေရ သဖြင့်  ဈေးကွက်တွင် နှမ်းဆီဈေးမှာမြင့်တက်လာတာတွေ့ရပါတယ်။

နှမ်းနက်ကို မိုးနှမ်းစိုက်ရန်အတွက် မျိုးကောင်းမျိုးသန့်ကို ရွေးပြီးဝယ်ယူနေသဖြင့် ဈေးမြင့်လာတာဖြစ်တယ်လို့လည်းသိရ ပါတယ်။ယခုတစ်ပတ်   နှမ်းဈေးမှာ နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ်၁၂၀၀၀၀ ၊နှမ်းနက်သုံးတင်း တစ်အိတ်လျှင်  ကျပ် ၁၂၀၀၀၀ နှင့်စမုံနက်နှမ်းသုံးတင်းတစ်အိတ်လျှင်  ကျပ် ၁၂၅၀၀၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း  ဈေးငြိမ်နေတာတွေ ရပါ တယ်။နှမ်းဆီ ဈေးမှာ နှမ်းဦးဆီတစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဖြင့်  ဈေးမြင့်လာတာတွေ့ရပါတယ်။

                                     

ဝေေ၀မင်း(ပြည်)