Main menu

Background

ပြည်နှမ်းနီဈေးမြင့်လို့ ဆီးဈေးမြင့်ပေမယ့် ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 06/15/2018 - 15:50 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်တွင်  နှမ်းနီနှင့်စမုံနက်နှမ်း ဈေးမြင့်လာပြီး နှမ်းနက်ဈေးကျလာတာ တွေ့ရပါတယ်။  မိုးနှမ်း များ စိုက်ပျိုးနေချိန်ဖြစ်လို့  ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမရှိဘဲ  လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်ကို ဝယ်ယူမှုမရှိဘဲ စမုံနက်နှမ်းနှင့်နှမ်းနီကို ဝယ်ယူမှုရှိတာတွေ့ရပါတယ်။ ဈေးကွက်တွင် နှမ်းနီမှာ မရှိသလောက် ရှားပါးသွားသဖြင့် ဆီစက်သမားအချို့မှာ ပေါက်ခေါင်းနှင့်ပေါင်းတည်ဘက်သို့ သွားရောက်ဝယ်ယူပြီး  ဆီကြိတ်ရတာ ဖြစ်တယ်လို့  သိရပါတယ်။ ဈေးကွက်တွင် နှမ်းနက်လက်ကျန် မရှိပေမယ့် ဆီ ကြိတ်လျှင် အထွက်နည်းခြင်း၊ အရသာမှာ သက်ခြင်းတို့ကြောင့် ဆီစက်သမား များက မနှစ်သက်ကြကြောင်းသိရပါတယ်။

ယခုတစ်ပတ်  နှမ်းနီဈေးမှာ သုံးတင်းတစ်အိတ်လျှင်  ကျပ် ၁၂၅၀၀၀ ဖြင့် လက်ကျန်ရှားပြီး အဝယ်များလို့ ယခင်အပတ် ထက် ဈေးမြင့်တက်လာပြီး နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ဖြစ်လာပြီး အဝယ်မရှိလို့ ဈေးကျလာပေမယ့် စမုံနက်နှမ်းမှာ သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၂၇၀၀၀ ဖြင့် အဝယ်မရှိပေမယ့်  ဈေးမြင့်လာတာတွေ့ရပါတယ်။  နှမ်းဆီဈေးမှာ လည်း နှမ်းနီဈေးမြင့်လို့ တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။

 

ဝေေ၀မင်း(ပြည်)