Main menu

Background

ဧပြီလအတွင်းပဲခူးမြို့ရှိ စားအုန်းဆီဈေးကွက်အခြေအနေ

Fri, 05/20/2022 - 13:34 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက်ရှိသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီ တစ် ပိဿာလျှင် ၅၉၀ဝ- ၆၀ဝ၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀ဝ၀-၆၂၀ဝ ကျပ်ဖြင့် အ‌ရောင်းအဝယ် ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင် ၆၃၀ဝ-၆၆၀ဝ ကျပ်ထိ ဈေးနှုန်းမြင့်မားလာသည်။ ဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့်  စားအုန်းဆီ တစ်ပိဿာလျှင် ၆၉၀ဝ-၇၀ဝ၀ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိသည်။စားအုန်းဆီဈေး မြင့်တက်လာရခြင်းမှာ ပြည်ပတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှ နယ်ဝယ်လက်များသို့ လိုအပ်သည့် ဆီပမာဏ လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်း မရှိခြင်း၊ ပြည်ပစားအုန်းဆီဈေးနှုန်းမြင့်တင်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း  သိရသည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင်မြန်မာနိုင်ငံဆီကုန်သည်လုပ်ငန်းရှင်များအသင်းကလည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာ သောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀ဝ ကျပ်နှုန်းဖြင့်ဆီပိဿာချိန်၁၂၆၅၀ကို ဖြန့်ဖြူးရောင်းချပေးနေကြောင်းသိရသည်။  

ပြည့်စုံဟန်(ပဲခူး)