Main menu

Background

ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Fri, 06/10/2022 - 11:39 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံဦးတင်စိန်သည်မေ ၂၀ ရက် ညနေ ၃ နာရီတွင် ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင်  ဆီလုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာ ပေး ဟောပြောခဲ့သည်။အဆိုပါအခမ်းအနားတွင်မြို့နယ်တာဝန်ခံကစီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ် ဒီဇင် ဘာ ၂၂ ရက်မြန်မာ့အလင်း ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဖော်ပြချက်တွင်  စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့်အခြေခံလိုအပ်ချက်အပေါ်စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့် စားအုန်းဆီ  စသည့် ဖြင့် အမျိုးအမည်ကိုတိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့် ဖြစ်ကြောင်း နှင့် လုပ်ငန်းရှင်များအနေဖြင့်စားဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မေ ၁ ရက်မှစတင်ပြီးဆီကန်မှထုတ်ယူသော စားဆီများအား  Food Grade  အဆင့်ရှိ အဝါရောင် ပေပါအသစ်သို့မဟုတ်သန့်စင်ပြီးပေပါအဟောင်း၊စားသုံးဆီသီးသန့်သယ်ဆောင်သော ဘောက်ဆာယာဉ်များအသုံးပြုရန်နှင့်ကိုက်ညီမှုမရှိသည့်ပေပါများ၊ဘောက်ဆာယာဉ်များအတွင်းသို့ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း၊ဈေး ကွက် အတွင်းဖြန့်ဖြူးရာ၌ ဓာတုဗေဒပစ္စည်းများထည့်သွင်းအသုံးပြုထားသည့်ပုံးများ၊ပေပါများတွင် စားအုန်းဆီများထည့်သွင်းသုံးစွဲခြင်းမပြုဖို့လိုကြောင်း၊ ဌာန အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့်  စားသုံး ဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာ ရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့်   ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ပြည်ပမှ စားသုံးဆီများ တင်သွင်း ခြင်း၊ သိုလှောင်ခြင်း၊  ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ထိန်းကျောင်းကြပ်မတ်  ဆောင်ရွက်လျက်ရှိပါကြောင်းလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း  ဌာနက ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။မေ၂၄ရက်ကစားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ခရိုင်ဦးစီးမှူး  ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦး တို့ကလည်း မွန်းလွဲ ၁နာရီက မြောင်းမြမြို့ စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသော စားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
တင်စိန်(ကျိုက်လတ်)
စိုးဝင်း ၊(မြောင်းမြ)
`