Main menu

Background

ဈေးကောင်းရနေသော ဖီးကြမ်းငှက်ပျော

Wed, 11/02/2022 - 16:05 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက် ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ၂၅၃၉ ဧက စိုက်ပျိုး ထားရှိပြီး ယခုလက်ရှိအချိန်ထိ  ငှက် ပျော စိုက်ဧက ၄၉၄ ဧကခန့်  ရိတ်သိမ်း ပြီးစီးပြီ ဖြစ်ရာ အထွက်နှုန်း  စုစုပေါင်း ၃၈၆၂၆၈ ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျော တစ်ဧကကုန်ကျစရိတ်မှာကျပ်ကိုးသိန်း ဝန်းကျင်ကုန်ကျပြီး ယခုနှစ်  ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်  ငှက်ပျော တစ် ဧက ကုန်ကျစရိတ် မှာ   ကျပ် ၁၅ သိန်း ဝန်းကျင်ကုန်ကျကြောင်း သိရသည်။ယခင်နှစ်  ငှက်ပျောဈေးနှုန်းများ အနေဖြင့် အခိုင်၄၀ပါလှည်းတစ်စီးလျှင် ကျပ်   ၁၄၀ဝ၀ဝ ဈေးရရှိပြီး    ယခုနှစ် အနေဖြင့် အခိုင် ၄၀ ပါ   လှည်းတစ်စီး လျှင် ကျပ်၂၄၀ဝ၀ဝအထိ  ဈေးနှုန်းများ ရရှိလျက်ရှိရာ  ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်းသိရသည်။ငှက်ပျောသီးစားသုံးသော ပြည် သူများအနေဖြင့်  ငှက်ပျောသီးဖီးကြမ်း လက်ရင်း တစ်ဖီးလျှင် ကျပ်၇၀ဝမှ ၈၀ဝ အထိဝယ်ယူရကြောင်း၊ လက်ဖျားတစ် ဖီးလျှင် ကျပ်၄၀ဝမှ ၅၀ဝအထိ ဝယ်ယူ ရကြောင်း၊  ယခင်နှစ်ထက် ဈေးကောင်း ရနေသော   ဖီးကြမ်း ငှက်ပျောသီးများ အပြင်   သီးမွှေးငှက်ပျောတစ်ဖီးလျှင် ၅၅၀ကျပ်၊   ရခိုင်ငှက်ပျော တစ်ဖီးလျှင် ၄၀ဝကျပ်နှင့် ဘရာဇီးငှက်ပျောတစ်ဖီး လျှင်၁၅၀ဝကျပ်တို့ဖြင့်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။          
     မော်မော်အောင်