Main menu

Background

ဘားအံမြို့ မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံ ဈေးနှုန်းများ

Mon, 12/04/2023 - 12:11 -- journal_editor

ဘားအံမြို့ မြို့မဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်  တောင်ကြီးမြို့၊ မန္တလေးမြို့၊  ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီး ဝလံဈေးနှုန်းများမှာ နဂါးမောက်သီး(သေး) တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နဂါးမောက်သီး(ကြီး) တစ်လုံးလျှင် ကျပ် ၃၀ဝ၀၊ စပျစ်သီး (အလုံးကြီး) တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ စပျစ်သီး (အလုံးသေး) တစ် ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊  ပန်းသီး(ရိုးရိုး) တစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ၊ ပန်းသီး (ယိုးဒယား) တစ်လုံးလျှင် ကျပ် ၂၅၀ဝ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် ကျပ် ၁၇၀ဝ မှ ၂၀ဝ၀၊ ြွေကသစ်တော်သီး တစ်လုံးလျှင် ကျပ် ၂၅၀ဝ၊  သရက်သီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀ ၊ မာလကာသီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀၊ ဆန်းကစ်သီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ၊ ဖီးကြမ်းငှက်ပျော တစ်ဖီး လျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ၊ သီးမွှေးငှက်ပျော တစ်ဖီးလျှင် ကျပ် ၃၀ဝ၀ မှ ၃၅၀ဝ ၊ သြဇာသီး တစ်လုံးလျှင် ကျပ် ၅၀ဝ၊ ထောပတ်သီး တစ်လုံးလျှင် ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ၊  ကြက်မောက်သီးတစ်ကီလိုလျှင် ကျပ် ၈၀ဝ၀၊ ဖရဲသီးတစ်လုံးလျှင် ကျပ် ၃၀ဝ၀ မှ ၅၀ဝ၀ ၊ နာနတ်သီး(ကြီး)တစ်လုံးလျှင် ကျပ် ၃၅၀ဝ  နာနတ်သီး (သေး)တစ်လုံးလျှင် ကျပ် ၂၀ဝ၀၊ ကျွဲကောသီး (သေး) တစ်လုံးလျှင်  ကျပ် ၁၅၀ဝ၊ ကျွဲကောသီး(ကြီး) တစ်လုံးလျှင် ကျပ် ၂၅၀ဝ ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရသည်။

ZAR (DOCA Kayin)