Main menu

Background

ငှက်ပျောများ စတင်ထွက်ပေါ်ချိန်တွင် ဈေးကောင်းရ

Mon, 12/04/2023 - 12:42 -- journal_editor

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင်းတွင် သီးနှံမျိုးစုံစိုက် ပျိုးလျက်ရှိရာ ငှက်ပျောသီးနှံကိုလည်း စီးပွားဖြစ်  စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက ၂၉၃၃ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုလက်ရှိ   ရိတ်သိမ်းဧက ၁၂၁၀  ရိတ်သိမ်းပြီးစီးကြောင်း၊ ပျမ်းမျှအထွက် နှုန်းအနေဖြင့် ၉၆၀ဝ၀ဝ ခိုင်ထွက်ရှိကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနစာရင်းများအရ သိရှိရသည်။
ငှက်ပျောတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် ၁၅၀ဝ၀ဝ၀ ကုန်ကျပြီး  တစ်ဧကလျှင် ငှက်ပျော အခိုင် ၈၀ဝ ထွက်ရှိကြောင်း၊ ယခုလက်ရှိဈေးနှုန်းအနေဖြင့် အခိုင် ၄၀ ပါ  ငှက်ပျောလှည်းတစ်စည်းလျှင် ကျပ် ၄၀ဝ၀ဝ၀ ခန့်ရောင်းချရကြောင်း၊ ငွေအဆင် မပြေသော တောင်သူများမှ ငှက်ပျောကြိုတင်ရောင်းလှည်း တစ်စီးလျှင် ကျပ် ၃၀ဝ၀ဝ၀ရောင်းချကြကြောင်း၊ ယခင် ငှက်ပျောသီး ဖီးကြမ်းလက်ရင်း တစ်ဖီး လျှင်ကျပ် ၂၈၀ဝ၊ လက်ဖျားတစ်ဖီးလျှင် ကျပ် ၂၃၀ဝ၊ ယခုလက်ရှိ ငှက်ပျော သီး ဖီးကြမ်းလက်ရင်း တစ်ဖီးလျှင် ကျပ် ၃၀ဝ၀၊ လက်ဖျားတစ်ဖီးလျှင် ကျပ် ၂၅၀ဝဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ ငှက်ပျောဈေးများ  ကောင်း မွန်သောကြောင့် တောင်သူများအကျိုးအမြတ် ပိုမိုရရှိကြောင်း   ငှက်ပျော အများဆုံးစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

မော်မော်အောင်