Main menu

Background

ပြည်မြို့နယ်၏ ရာသီစာ ဝါးဥ(သို့)အာတာလွတ်နှင့် လိမ္မော်သီး ဈေးကွက်

Tue, 11/08/2022 - 13:32 -- journal_editor

ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်မြို့တွင် အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍   မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သော ဝါးဥများရောင်းချလျက်ရှိသည်။ ပြည်မြို့ မြို့မစည်ပင်သာယာ ဈေးကြီး တွင် ရှမ်းပြည်နယ်ဘက်မှ လာသောဝါးဥနှင့် ရွှေတောင်မြို့နယ်ဘက်မှလာသောဝါးဥတို့  အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောဝါးဥမှာတစ်ပိဿာ လျှင်ကျပ်၁၇၀ဝ နှင့် ရွှေတောင်မြို့နယ်ဘက်မှ ဝင် ရောက်လာသော ဝါးဥတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရသလို စားသုံးမှုများသဖြင့် အရောင်းအဝယ် လည်းဖြစ်ကြောင်း သိရသည်။ပြည်မြို့ရှိ လိမ္မော်သီးဈေး ကွက်မှာ  ဈေးနှုန်းများကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ လိမ္မော်ပင်များသည် ဒေသတစ်ခုနှင့်တစ်ခု  စိုက်ပျိုးချိန်နှင့် မြေအနေအထား၊  ရာသီဥတု အခြေ အနေ၊ ဒေသအနေအထားအရ အသီး သီးကွဲ ပြားသည်။ အများအားဖြင့် မတ်လနှင့်ဧပြီလတွင်စတင်အသီးသီး ပြီး အောက်တိုဘာလ အသီးများ လှိုင် လှိုင်ထွက်ရှိသည်။   လိမ္မော်သီးအား တောင်ကြီးနှင့် လားရှိုးတို့ တွင်စိုက်ပျိုး ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်များတွင် လည်း စီးပွားဖြစ်စိုက်ပျိုးကြသည်။ လိမ္မော်ပင်တစ်ပင်လျှင်  အသီး ၂၀-၂၅ ပိဿာခန့်ထွက်ရှိသည်ဟုသိရသည်။ ပြည်မြို့နယ်အတွင်းဝင်ရောက်လာသောလိမ္မော်သီးများမှာတောင်ကြီး၊လားရှိုးဒေသများမှ အလုံး ချော ချောများ ဝင် ရောက် ပြီး ဟင်္သာတမြို့နယ်များမှဝင်ရောက်လာသော အသီးများမှာပိဿာချိန်ဖြင့် ရောင်းချရ သော  အသီးများဖြစ်ကာ  ပြည်မြို့မှ တစ်ဆင့် အခြားမြို့နယ်များပြန်လည်၍  လက် လီ/ လက်ကား ရောင်းချကြောင်း သိရသည်။ ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော လိမ္မော်သီး ဈေးနှုန်းများ မှာ အလုံးချောတစ်လုံးလျှင် ကျပ် ၁၀ဝ၀-၁၅၀ဝ နှင့်အချိန်နှင့်ရောင်းချသော လိမ္မော်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင်ကျပ် ၄၀ဝ၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
အိအိခိုင်၊ ခင်ဆွေဦး(ပြည်)