Main menu

Background

နေပြည်တော်ကောင်စီနယ်မြေ၏ အခြေခံစားကုန်များ ဈေးနှုန်း

Fri, 11/11/2022 - 15:53 -- journal_editor

၂၀၂၂ခုနှစ် နိုဝင်ဘာ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀ဝ ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ(ကြီး)တစ်ပိဿာ ၃၆၀ဝကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀ဝ ကျပ်၊(သေး)တစ်ပိဿာ ၂၈၀ဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀ဝ ကျပ်မှ ၅၂၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၀ဝ ကျပ်မှ ၄၂၀ဝ ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀ဝ ကျပ်မှ ၁၆၅၀ဝ ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀ဝကျပ်မှ ၂၀ဝ၀ဝ ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀ဝ ကျပ်မှ  ၃၀ဝ၀ ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၁၅၀ဝ ကျပ်မှ ၂၄၀ဝ ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်ဥလက်လီဈေးမှာ တစ်လုံး ၁၈၅ ကျပ်မှ ၂၂၀ ကျပ်ထိ ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ  ကြက်သား (CP) တစ်ပိဿာ ၉၀ဝ၀ကျပ်မှ ၁၂၀ဝ၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀ဝ၀ ကျပ်မှ ၁၄၀ဝ၀ ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀ဝကျပ်မှ ၁၄၀ဝ၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၅၀ဝကျပ်မှ ၁၄၀ဝ၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀ဝကျပ်မှ ၈၂၀ဝထိ၊ ငါးကြင်း တစ်ပိဿာ ၉၅၀ဝ ကျပ်မှ ၁၄၀ဝ၀ ကျပ်ထိ ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် ၁၁၀ဝ၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀ဝ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀ဝ၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။                   
ထွန်းမင်းသန့်(နေပြည်တော်)