Main menu

Background

ရွှေဘိုမြို့၏ ပျားလိမ္မော်ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Tue, 11/22/2022 - 14:52 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့   စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင်   ရာသီအလိုက် သစ်သီး မျိုးစုံ ရောင်းချသည့် ဆိုင်ပေါင်း ၂၅ ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီပတ်လုံး ဥပုသ်နေ့နှင့် နေ့ထူးနေ့မြတ် များမှလွဲ၍   ကျန်သောရက်များတွင်   ဈေးကြီး အတွင်း ရောင်းချပါက  နေ့စဉ် နံနက် ၆ နာရီခွဲမှ စတင်၍ ညနေ ၄ နာရီခွဲအထိ ရောင်းချနိုင်ပြီး ဈေး ကြီး အပြင်ဘက်တွင်  ရောင်းချသည့်ဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ တင်၍မှ ညနေ ၅ နာရီခွဲအထိ ရောင်းချကြကြောင်း သိရှိရသည်။
ယခုအချိန်တွင် ရွှေဘိုမြို့ရှိ သစ်သီးရောင်း ချသူများအနေဖြင့်  ပျားလိမ္မော်သီး၊ နဂါးမောက် သီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ တည်သီး၊ ဆေး ပန်းသီး၊ လိမ္မော်သီးနှင့် ကမ္ဗလာသီးများ ရောင်းချ လျက်ရှိသည်ကို    တွေ့ရှိရသည်။  ရွှေဘိုမြို့ တွင် ရောင်းချလျက်ရှိသည့်    ပျားလိမ္မော်သီးများကို မန္တလေးမြို့မှတစ်ဆင့်    မှာယူရောင်းချပြီး ပျားလိမ္မော်သီးများသည်  ယခုကာလ၌ အခြားသစ်သီး များထက် ရောင်းချရသည့် အချိန်ကာလများသော သစ်သီးဖြစ်ကြောင်း၊ ပျားလိမ္မော် တစ်ခြင်းလျှင် ၁၀ ပိဿာပါရှိကြောင်း၊   ရွှေဘိုမြို့သည်  ရွှေဘိုခရိုင် အတွင်းရှိ   မြို့နယ်များအပြင်   ကန့်ဘလူခရိုင် အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ ရောင်းချခြင်း၊ မိမိအိမ်အတွက် လိုအပ်သော ပစ္စည်းများ လာရောက် ဝယ်ယူခြင်းနှင့် တစ်ဆင့် ပြန်လည်ရောင်းချရန် ဝယ်ယူခြင်းများဆောင် ရွက်လျက်ရှိပြီး ဈေးကွက်အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သော်လည်း  ယခုအရောင်းအဝယ် အေးကြောင်း၊ တစ်ပိဿာလျှင်  လက်လီ ကျပ် ၁၁၀ဝ၀ နှင့် လက်ကား ကျပ် ၉၀ဝ၀ ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
နှင်းနှင်းခိုင်(ရွှေဘို)