ထိုင်းအစိုးရ၏ အသုံးစရိတ်များ တိုးမြှင့်မှုကြောင့် ၂၀၁၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၂ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ယခင်က ခန့်မှန်းခဲ့ရာမှ ယခုအခါ ၃ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု ကမ္ဘာ့ဘဏ်က တိုးမြှင့်ခန့်မှန်းခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ခြင်း၊ အစိုးရ၏ စီးပွားရေးစေ့ဆော်မှုများနှင့် ပုဂ္ဂလိကစားသုံးမှု တိုးတက်ခဲ့သဖြင့် ပထမနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှုရရှိခဲ့ပါသည်။ သို့သော် ပို့ကုန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုသည် အားနည်းနေဆဲဖြစ်ပါသည်။ ဒုတိယနှစ်ဝက်တွင်လည်း စီးပွားရေးသည် ဆက်လက်တိုးတက်မည်ဖြစ်ရာ အစိုးရ၏
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်အတွင်း ဒစ်ဂျစ်တယ် ဝန် ဆောင်မှုအစီအစဉ် ဆောင်ရွက်နိုင်ရန် ဒစ်ဂျစ်တယ်တွဲဖက်ဝန်ထမ်း နှစ်ဆ တိုး ချဲ့ခန့်ထားရန်ရှိကြောင်း ဆီလီကွန် ဗယ်လီတွင် ပြုလုပ်သည့် အင်တာနက် အသင်း၏ ဒုတိယနှစ်ပတ်လည်ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းနှင့် ယခုနှစ် အစောပိုင်းတွင် အရှေ့တောင် အာရှနိုင်ငံများ၊ ဘရာဇီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အီးယူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သို့ စမ်းသပ်စေလွှတ် ထားပြီးဖြစ် ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၌ စွမ်းအင်နှင့်သယံဇာတအရင်းအမြစ်သုံးစွဲမှုများအား ချွေတာနိုင်ရန် ကြိုတင်ပုံသွင်းပစ္စည်းဖြင့် ဆောက်လုပ်သော အဆောက်အအုံ Prefab Buildings များ ဆောက်လုပ်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အိုး အိမ်နှင့် ကျေးလက်မြို့ပြဖွံ့ဖြိုးမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါသည်။ Prefab Buildings ဖြင့် ဆောက်လုပ်ရာ၌ အဆောက်အဦး တည်ဆောက်ရန်အတွက် လိုအပ်သည့်ပစ္စည်းကိရိယာများကို ဆောက်လုပ် ရေး လုပ် ငန်းခွင်တစ်ခုထဲ၌ အသင့်တပ်ဆင်သည့်ပုံစံဖြစ်သဖြင့် စွမ်းအင် ချွေတာနိုင်သည့်အပြင် တရုတ်၌လက်ရှိရင် ဆိုင်နေရသည့် ထုတ်လုပ်မှု ပိုလျှံသည့် အခက်အခဲကိုလည်း ဖြေရှင်းရာရောက်ကြောင်း ဖော်ပြထားပါ
ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာ ကုန်သွယ်မှု ပမာဏ ၄ ဒသမ ၄၉ ထရီလီယံ ရှိခဲ့ပြီး ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ သို့သော် ကုန်သွယ်မှုဆောင်ရွက်ချက်အနေနှင့် တိုးတက်မှုများ ရှိ လာကြောင်း အကောက်ခွန်ဌာနက ပြော ကြားခဲ့ပါသည်။ ဇန်နဝါရီမှ စက်တင်ဘာလအထိ ပြည်ပကုန်သွယ်မှုမှာ ယွမ် ၁၇ ဒသမ ၅၃ ထရီလီယံဖြင့် ယခင်နှစ်ထက် ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်မှာ ယွမ် ၇ ဒသမ ၄ ထရီလီယံ ဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ သို့သော် တတိယသုံးလပတ်အတွင်း ပြန်လည်တည်ငြိမ်လာခဲ့ပြီး ယခင်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆက်လက်ဖ
ဟောင်ကောင်တွင် နီပေါအိမ် အကူပေါင်း ၁၀၀၀ ခန့်ရှိရာ ၄၅ ရာခိုင် နှုန်းနီးပါးခန့်မှာ အစိုးရက သတ်မှတ်သော အနိမ့်ဆုံးလုပ်ခလစာ ဟောင် ကောင်ဒေါ်လာ ၄၂၁၀ အောက် လျော့နည်းရရှိလျက်ရှိသည်။ ဟောင်ကောင်ရှိ နီပေါ အိမ်အကူအသင်းမှ အိမ်အကူများအား စစ်တမ်းကောက်ယူခဲ့ရာ ၅၂ ဒသမ ၂ ရာခိုင်နှုန်းခန့်မှာ သင့်တင့်သည့် လစာရရှိ သော်လည်း ၄၄ ဒသမ ၈ ရာခိုင်နှုန်းခန့်မှာ သတ်မှတ်လစာထက် လျော့နည်းရရှိခဲ့သည်။ အချို့အလုပ် ရှင်များမှာ လစာ ငွေပေးပြေစာပေါ်တွင် သတ်မှတ်ထားသော အနည်းဆုံးလုပ်ခလစာအား ရေးသား၍ အိမ်အကူများအနေဖြင့် လက်မှတ်သာထိုးရသော်လည်း လက်တွေ့တွင် သတ်မှတ်လစာအောက် လျော့နည်းရရှိခဲ့သည်။ အချ
အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတစ်ခုကို ၁၅ နှစ်အတွင်း ရေးဆွဲဆောင်ရွက်လျက်ရှိသည့် Niti Aayog စီမံကိန်းကြီး၏ တစ်စိတ်တစ် ဒေသအဖြစ် အိန္ဒိယအစိုးရသည် ူေုျ့ေိတနနစ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဗဖကမန သမုဒ္ဒရာနှင့် အဖြူရောင် သန္တာကျောက်တန်းများရှိရာ ကမ်းခြေများ၊ အက်ဒမန်နှင့်နီကိုဘားဒေသရှိ အပူပိုင်းစိမ်းလန်းတောနေရာများ အပါအဝင် ကျွန်းကိုးကျွန်းအားခရီးသွား လုပ်ငန်းမြှင့်တင်ရေးဇုန်အဖြစ် ရွေးချယ် သ တ်မှတ်ခဲ့ကြောင်း၊ ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် ရေပန်းခြံများနှင့် သဘာဝသယံဇာတ အရင်းအမြစ်များကို အသုံးပြုခဲ့သည့် စင်ကာပူနိုင်ငံကဲ့သို့ အဆိုပါကျွန်းများအား အ
ထိုင်းနိုင်ငံရှိ ပြည်တွင်း e-Commerce လုပ်ငန်းများသည် နိုင်ငံခြား e-Commerce လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်ရန်အတွက် အစိုးရ၏အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိပါသည်။ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနို င်ငံ တို့၌ ပြည်တွင်း e-Commerce လုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းနှင့် အခွန်မက်လုံးများပေးကြောင်း၊ ထိုင်းနိုင်ငံ၏ e-Commerce ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များသည် ပြည်တွင်းလုပ်ငန်း များရှင်သန်ရပ်တည်ရေးကို အထောက်အကူ ပြုသင့် ကြောင်းနှင့် အစိုးရအနေဖြင့်လည်း ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ယှဉ်ပြိုင်မှု မြှင့်တင်နိုင်ရေးတို့ကို ပံ့ပိုးပေးသင့်ကြောင်း ထိုင်း
အိန္ဒိယနိုင်ငံသည် နှစ်နှစ်ဆက် တိုက် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံထုတ် လုပ်နိုင်မှုလျော့နည်းခြင်းနှင့်တွေ့ကြုံ ခဲ့ရာ ပြည်တွင်းပဲလိုအပ်ချက်ပြည့်မီရန် အတွက် ယခုအခါ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းမှုရရှိရန် ကြိုးစားေ နကြောင်း၊ ပိုလျှံနေသောမြေယာများအား ငှားရမ်းခြင်း၊ Contract Farming စနစ်ကဲ့သို့သော နည်းစနစ်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပုံမှန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်ခြင်း တို့ ဆောင်ရွက်ခြင်းအားဖြင့် အြ ခားသော BRICS အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးအခွင့်အလမ်းများကိုလည်း ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ BR
ဟောင်ကောင်ရှိ အငှားယာဉ်များတွင် ယခုနှစ်အတွင်း မသင့်လျော် သော အပြုအမူများကာကွယ်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်း မွန်လာစေရေးအတွက် အငှားယာဉ် အနည်းဆုံး အစီးနှစ်ထောင်ခန့်အား မှတ် တမ်းတင်စက်ကိရိယာများ (Recording devices) တပ်ဆင်ရန်စီစဉ်ခဲ့သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံရေးကော်မရှင်နာ (Privacy commissioner)က ပြည်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအား ချိုးဖောက် မှုအန္တရာယ်နှင့် ပတ်သက်၍ စဉ်းစားရန်လိုအပ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ အာမခံကုမ္ပဏီများသည် ရှန်ဟဲ-ဟောင်ကောင် စတော့ ချိတ်ဆက်မှုမှတစ်ဆင့် ဟောင်ကောင်၏ ရှယ်ယာများဝယ်ခြင်း၊ ရောင်းခြင်း ပြုလုပ်နိုင်ပြီဖြစ်သည်။ တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ရွေးချယ်ရာတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်မှုရှိစေရန် ရည်ရွယ်၍ ဖြေလျော့ ခဲ့ခြင်းဖြစ်ပြီး၊ တရုတ်အာမခံလုပ်ငန်းများ စည်းမျဉ်းချမှတ်ရေး ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ကြော်ငြာထားကြောင်း စည်းမျဉ်းချမှတ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။
