အိန္ဒိယနိုင်ငံ၌ ယခုနှစ်ရာသီတွင် ပဲပုပ်အထွက်နှုန်း ကောင်းမွန်မည့် အလားအလာရှိရာ အိန္ဒိယပဲပုပ်ထုတ် လုပ်သူများအသင်း (Soybean Processors Association of Indian SOPA) သည် အိန္ဒိယပဲပုပ်အစားအစာ တင်ပို့မှု မြှင့်တင်နိုင်ရန်အတွက် အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများသို့ အဖွဲ့ဝင်ငါးဦးပါဝင်သည့် ကိုယ်စားလှယ်တစ်ဖွဲ့အား စေလွှတ်ခဲ့သည်။ ပို့ကုန်မြှင့်တင် ရေးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ SOPA သို့ ပြည်ထောင်စုအစိုးရ က အထောက်အပံ့များ အပြည့်အဝထပ် တိုးပေးထားသည်ဟုဆိုသည်။ SOPA ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဂျပန်စသည့် ငါးန
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
ထိုင်းနိုင်ငံ၏ ၂၀၁၆-၁၇ စိုက်ပျိုးရာသီတွင် စပါးစိုက် ရိုင် ၂၆ သန်း (၁ ရိုင် = ဝ.၃၉၅ ဧက) ကို သီးနှံအာမခံထားရှိပြီးဖြစ်ပါသည်။ နိုင်ငံ၏ တောင်ပိုင်းခရိုင်များအတွက် သီးနှံအာမခံကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ထားရှိနို င်သဖြင့် သီးနှံအာမခံထားရှိသည့် စိုက်ပျိုးမြေဧကများ တိုးလာမည်ဟု ဖော်ပြထားပါသည်။
အာရှ-ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီချက် (APTA-Asia Pacific Trade Agreement) တွင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ တောင်ကိုရီးယားနှင့်သီရိလင်္ကာနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားရာ အိန္ဒိယအစိုးရ အနေဖြင့် အဆိုပါအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာ၌ အခွန်နှုန်းထား ပိုမိုလျှော့ချပေးနိုင်ရန် စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးက ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခင်ကအခွန်သက်သာ ခွင့်ပြု ထားသည့် ကုန်စည်အရေအတွက် ကုန် စည်လိုင်းပေါင်း ၅၇၀ ရှိရာမှ ယခုအခါ ၃၁၄၂ လိုင်းအထိ တိုးမြှင့်ခွင့်ပြုပေးသွား မည်ဖြစ်သည်။ ထို့ပြင် Margin of preference (MoP)
အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်လျက် ဒုတိယအကြိမ် အမေ ရိကန်-အိန္ဒိယမဟာ ဗျူဟာနှင့် ကုန် သွယ်ရေးဆက်ဆံမှု တိုးမြှင့်ရေး ဆွေး နွေးပွဲတစ်ရပ်ကို ယခု နှစ် သြဂုတ် ၃၀ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် အမေရိကန်ကုန်သွယ်ရေး ဝန်ကြီး ပယ်နီပရစ်ဇာတို့ တက်ရောက်ခဲ့ကြပါ သည်။ ယင်းသို့ရော က်ရှိစဉ်အတွင်း အဆိုပါဆွေးနွေးပွဲ၏ နောက် ဆက်တွဲ အစီအစဉ်ဖြစ်သည့် အမေရိကန်-အိန္ဒိယ အမှုဆောင် အရာရှိများ ဖိုရမ်သို့ အမေ ရိကန် ကုန်သွယ်ရေးဝန်
အရှေ့တောင်အာရှဒေသမှာ စီးပွားရေးသတင်း အချက်အလက်များ လေ့လာစိစစ်ရေး (Big Data and Analytics) အချက်အချာဌာနဖြစ်အောင် မလေးရှား နိုင်ငံက ကြိုးစားဆောင်ရွက်လျက်ရှိရာတိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း အင်နဲအက်စ်တီဝက်ဘ်ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။၂၀၁၆ ခုနှစ် သြဂုတ်လအထိ စာရင်းအရ မလေးရှားနိုင်ငံမှာ နိုင်ငံပေါင်း ခြောက်နိုင်ငံမှ နိုင်ငံစုံBDAကုမ္ပဏီပေါင်း ၂၂ ခုက လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း မလေးရှားဒစ်ဂျစ်တယ် စီးပွားရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဒါတွတ် ယာစမင်မာမွတ်က ပြောပါတယ်။
ယခုနှစ် နိုဝင်ဘာလတွင် စင်ကာပူ နိုင်ငံရှိ မြေဧရိယာ စတုရန်းပေ သုံး သောင်းပေါ်၌ ဘဏ္ဍာရေးနည်း ပညာ ဗဟိုဌာနတစ်ခုကို ဖွင့်လှစ်မည်ဖြစ် ကြောင်း အာရှဒေသ ပုဂ္ဂလိက ရင်း နှီးမြှုပ်နှံမှုအဖွဲ့အစည်းဖြစ်သည့် မာ ဘယ်စတုန်းက စက်တင်ဘာ ၂၂ရက် တွင်ကြေညာခဲ့ရာ ကမ္ဘာတွင် အကြီး မားဆုံး ဗဟိုဌာနဖြစ်လာနိုင်ကြောင်း စင်ကာပူ ဘိဇနက်ရီဗျူးသတင်းတွင် ဖော်ပြထားသည်။အကျိုးအမြတ် မရှာသော စီမံ ကိန်း၏ အမည်ကို Lattic80 ဟု အမည် ပေးထားပြီး စီမံကိန်းတည်ရာ ဌာနမှာ စီးပွားရေးလုပ်ငန်းများ၏ ဗဟိုအချက် အချာဌာန (Central Business District) တွင်တည်ရှိပြီး စင်ကာပူ စတော့ အိတ်ချိန်း၊ အ
ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းနေဆဲ ဖြစ်သော် လည်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာမူ အထိုက် အလျောက် တိုးတက်ကောင်းမွန်နေသည်ဟု အင်ဒို နီးရှား ဘဏ္ဍာရေးဝန်ကြီး ရှရီမူလျာနီအိန္ဒရာဝတီက ပြောကြောင်း အန်တာရာနယူးစ်သတင်းတွင် ဖော်ပြ သည်။ကမ္ဘာ့စီးပွားရေး အခြေအနေက နာလန်ထူလာ မယ့်လက္ခဏာကို ထူးထူးခြားခြား မတွေ့ရသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်လျက်ရှိပြီး ယခုနှစ်မှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းထိရောက်ရှိမည်ဟုခန့်မှန်းကြောင်း ဝန်ကြီးက ပြော သည်။အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ် ဆောင်ခွင့်လိုင်စင်ရရှိရန်လွယ်ကူမှု၊ လုပ်သားအင်အား တောင့် တင်းမှု
တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများသည် လွန်ခဲ့ သည့်နှစ် အနည်းငယ်မှစတင်၍ ခရီးသွားလုပ်ငန်းမှ စီးပွားရေးအကျိုး အမြတ်ရရှိလာခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်လည်းအထောက် အကူဖြစ် လာကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် တရုတ်-တိဘက် နိုင်ငံတကာခရီးသွား လုပ်ငန်းနှင့် ယဉ်ကျေးမှုပြပွဲ အခမ်းအနား၌တိဘက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက် ရေးဌာန မှ ပြောကြား ပါသည်။တိဘက်ဒေသအစိုးရအဖွဲ့လုပ်ငန်း အစီရင်ခံစာ -၂၀၁၆ အရ ၂၀၁၅ ခုနှစ်အတွင်းက တိဘက်ဒေသသို့ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည် သန်း ၂၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၂ ဘီလီယံ ဝင်ငွေရရှိရာ၊ ဂျီဒီပီ၏
ဒေသတွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ရှင်များအဖွဲ့မှ တည်ထောင်ခဲ့သော ပုဂ္ဂလိက ဥစ္စာဓနစီမံခန့်ခွဲရေးအသင်း သည် ဒေသတွင်း ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရန် ရည် ရွယ်၍တက္ကသိုလ်ကျောင်းသားများ အတွက် အလုပ်သင် အစီအစဉ်အား စတင်ရန် စီစဉ်ခဲ့သည်။ ဟောင်ကောင် တွင် အမေရိကန်ဒေါ်လာ တစ်သန်းမှ သန်းသုံးဆယ်အထိ အခြေ ပစ္စည်းပိုင် ဆိုင်မှုရှိသောလူဦးရေပေါင်း နှစ်သိန်း ခန့်ရှိပြီး၊ ၂၀၂၀ ခုနှစ်တွင် နှစ်သိန်း သုံးသောင်းခန့်အထိ များပြားလာနိုင် ကြောင်း အသင်းဥက္ကဋ္ဌ Amy Lo Choi-wan က ပြောကြားခဲ့သည်။ဤသို့ ဥစ္စာဓနကြွယ်ဝသူ များပြား သော်လည်း ၎င်းင်းတို့၏ဥစ္စာဓနအား စီမံခန့်ခွဲရန် ကျွမ်းကျင်ပညာရှင် ရှားပါး မှုနှင့်
ပို့ကုန်ကျဆင်းမှုနှင့်အတူ အဓိက စီးပွားရေးလုပ်ငန်း ကဏ္ဍများတွင် ရှိသည့် ကုမ္ပဏီများကို ပြန်လည်ဖွဲ့စည်းတည် ဆောက်ရာတွင် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရသည့် တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းများ ပြန်လည်မြင့်တက်လာအောင် ဆောင်ရွက်ရေးအတွက် နောက်ထပ် ဘတ်ဂျက် သုံးငွေ ဝမ် ၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၉ ဒသမ ၆၄ ဘီလီယံ) သုံးစွဲရန် အစိုးရကသတ်မှတ် ထားကြောင်း သိရှိရသည်။
