အမေရိကန်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နံှမှုတိုးမြှင့်စေရန် ရည်ရွယ်လျက် ဗီယက်နမ်နိုင်ငံမှ တာဝန်ရှိသူများနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများရှင် များတွေ့ဆုံသည့် ဖိုရမ်ကို စက်တင်ဘာ ၆ ရက်နေ့က ဝါရှင်တန်ဒီစီ၌ ပြုလုပ်ခဲ့ပါ သည်။အဆိုပါဖိုရမ်သို့ ဗီယက်နမ်နိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန် ကြီး Nguyen Chi Dung တက် ရောက်၍ ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ဆွေးနွေးပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံ၌ အစိုးရသစ်တက်ပြီး လေး
ပြည်ပသံရုံးမှပေးပို့သောသတင်းများ
အိန္ဒိယအစိုးရသည် ပြည်တွင်းပဲ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းထောက်ပံ့ နိုင်ရန်နှင့်ပဲဈေးနှုန်းများ ထိန်းညှိနိုင်ရန် အတွက် ပဲနီလေးနှင့်ပဲစင်းငုံအပါအဝင် ပဲမျိုးစုံတန်ချိန် ၉၀၀၀၀ ခန့်အား ထပ် မံတင်သွင်းနိုင်ရန် သြဂုတ် ၂၆ ရက် တွင် ဆုံးဖြတ်ခဲ့ကြောင်း စားသုံးသူရေး ရာဦးစီးဌာန အတွင်းဝန်က ဈေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေအဖွဲ့ (Price Stabilisation Fund) အစည်းအဝေး၌ အဆိုပါဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစည်းအဝေး တွင် အရန် သိုလှောင်သည့် ပဲများဝယ်ယူမှုနှင့် ဖြန့် ဖြူးမှုအခြေအနေတို့ကို ပြန်လည် လေ့လာသုံးသပ်မှုများလည်း ပြုလုပ်ခဲ့ ကြကြောင်း သိရပါသည်။အိန္ဒိယနိုင်ငံတ
စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရန်သတ်မှတ်ထားသည့် အထူးဧရိယာများသည် ပြည်တွင်းနှင့်နိုင်ငံခြားကုမ္ပဏီများကို လုံလောက်သည့်ဆွဲဆောင်မှုများ၊ မက်လုံးများရရှိမှု နည်းပါးနေသဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆော င်နိုင် ရန်အတွက် တောင်ကိုရီးယားအစိုးရအနေဖြင့် ၎င်းင်း၏လွတ်လပ်သော စီးပွားရေးဇုန်များနှင့်ပတ်သက်သည့် မူဝါဒများကိုပြန် လည်သုံးသပ်၍ ပိုမိုကောင်းမွန်အောင် ပြင်ဆ င်ဆောင်ရွက်သွား မည်ဟု တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။လွတ်လပ်သောစီးပွားရေးဇုန်များသည် တောင်ကိုရီးယားနိုင်ငံ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိသည်ဆိုသည် မှာ ငြင်းဆို၍မရသ
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် သြဂုတ်လ ၂၂ ရက်က တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊Qinghai ပြည်နယ်သို့ သွား ရောက်သည့် ခရီးစဉ်အတွင်း တိဗက်ကုန်းမြင့် ဒေသ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာ၀ သယံဇာတများ ထုတ်ယူသုံး စွဲမှုကို စနစ်တကျ ကန့်သတ်ရန်နှင့် သဘာဝသယံဇာတများ ထုတ်ယူအသုံးပြုရာတွင် ဂေဟစနစ် မပျက်စီးအောင် ဂရုပြုသုံးစွဲ ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ တိဗက်ဒေသရှိ ယန်ဇီမြစ် ၊ မြစ်ဝါမြစ်နှင့် လန်ကန်မြစ် သုံးခု ဆုံရာဒေသဖြစ်သည့် ဆန်းကျန်းယွမ် ဒေသတစ်လျှောက်တွင် ဟေစနစ်များ ပျက်စီးလျက်ရှိကြောင်း၊ ထိုဒေသသည် အဖိုးတန် ရှားပါးသစ်ပင်အမျိုးအစားပေါင်း ၂၂၀၀ ခန့်၊ တိရစ္ဆာန်မျိုးစိတ် ပေါင်း ၈၅ မျိုးနှင့်သဘာ
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ အလွတ်သဘော ဆွေးနွေးပွဲအဖြစ် ဆော်ဒီအာရေးဘီးယားနဲ့ ရုရှားနိုင်ငံတို့ ရေနံထုတ်လုပ်မှုနဲ့ ဈေးနှုန်းကိစ္စကို ဆွေးနွေးခဲ့ရာမှာ ရရှိခဲ့တဲ့ ရလဒ်တွေကို ကာတာနိုင်ငံက စက်တင်ဘာ ၅ရက် တွင် ကြိုဆိုခဲ့ကြောင်း ပင်နင်စူလာ ကာတာ သတင်းမှာ ဖော်ပြပါတယ်။အစည်းအဝေးပြီးနောက် ဆော် ဒီအာရေးဘီးယားနဲ့ ရုရှား နှစ်နိုင်ငံစလုံးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရေနံဈေးကွက်မှာရေနံအပိုအလျှံ မရှိ အောင် ပူးပေါ င်းဆောင် ရွက်မှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ဈေးကွက်ကို ကြီးကြပ်ဖို့နဲ့ ဈေး ကွက် တည်ငြိမ်ပြီး ရေနံထုတ်လုပ်ရေး လုပ်ငန်းမှာပုံမှန်ရင်းနှီး မြှုပ်နှံရေး အတွ
ဆန်တင်ပို့မှု အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် မလား၊သစ်သီးတင်ပို့မှု အင်အားကြီးနိုင်ငံအဖြစ် ဆောင်ရွက်သွားမလားဆိုတာကို ရွေးချယ်ဖို့ ဗီယက်နမ်ခေါင်းဆောင်များကို ကျွမ်း ကျင်ပညာရှင်တို့က နှိုးဆော် ထားေ ကြာင်း ဗီယက်နမ်နက်သတင်း မှာ ဖော်ပြထားပါတယ်။ယခုနှစ်ပထမခုနစ်လမှာ ဗီယက်နမ်ရဲ့ သစ်သီးတင်ပို့မှုမှ ရရှိတဲ့ဝင်ငွေက ဆန်တင်ပို့မှုဝင်ငွေကို ပထမဆုံးအကြိမ်အဖြစ် ကျော်လွန်ခဲ့ကြောင်း၊ အထွေထွေအကောက်ခွ န် ဌာနက အသစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ဗီယက်နမ်သစ်သီးတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံအထိ ရရှိခဲ့ပေမယ့် ဆန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီ
ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွင်း နယ်စပ် ကုန်သွယ်ရေးဇုန် တည်ထောင်ရန် အတွက် မြေနေရာသတ်မှတ်နိုင်ရေးအားIndustrial Estate Authority of Thailand (IEAT)နှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ဘဏ္ဍာရေးဌာန (Treasury Department) ၏ ညွှန်ကြားရေးမှူးချုပ်Mr Chankkrit ကပြောကြားခဲ့ပါသည်။မဲဆောက် အထူးစီးပွားရေးဇုန်၏ အကျယ်အဝန်း မှာ မြေရိုင် ၂၀၀၀(တစ်ရိုင် = သုည ဒသမ ၃၉၅ ဧက) ရှိရာ နယ်စပ်ကုန်သွယ်ရေးဇုန်အတွက် ရိုင် ၆၀၀ ကို လျာထားမည်ဖြစ်ကြောင်းနှင့် ယင်းအထူးစီးပွားရေးဇုန်သည် မြန်မာ နိုင်ငံ မြဝတီမြို့နှင့်ချိတ်ဆက်နိုင်သော ကြောင့် နယ်စပ် ကုန်
တရုတ်(တိုင်ပေ)ကNew Southbound Policy ကို ကျင့်သုံးပြီး အာဆီယံဒေသတွင်းရှိ နိုင်ငံများနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်သုံးနိုင်ငံမှ ခရီး သည်များအတွက် ဗီဇာလျှောက်ထားမှုစည်းမျဉ်းများကို စက်တင်ဘာ ၁ ရက်နေ့ ကလျှော့ချပေးခဲ့ကြောင်း ချိုင်းနားပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ယခုနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ အရန်ဆန်ထား ရှိရေး အစီအစဉ်အရ ပြုလုပ်တဲ့ ဒုတိယအကြိမ် လေလံမှာ ထိုင်းနိုင်ငံက လေလံအောင်မြင်ခဲ့ပြီး ၂၅ မှတ် ဆန်တန် တစ်သိန်း တင်ပို့ခွင့်ရရှိမှာဖြစ် ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၄ သန်း (ဘတ် ၁ ဒသမ ၄၆ ဘီလီယံ) ရှိ ကြောင်းနဲ့ အဆိုပါ လေလံပွဲမှာ ဗီယက်နမ်နိုင်ငံက တန် တစ်သိန်းခွဲလေလံအောင်ခဲ့ကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။ပထမအကျော့လေလံမှာ ထိုင်းနိုင်ငံက စီအိုင်အက်ဖ်ဈေးဖြင့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၃၂ ဒေါ်လာနှုန်း ကမ်းလှမ်းခဲ့ပြီးနောက် ဒုတိယအကြိမ်တွင် ဈေးချ၍ တစ်တန်ကို ၄၂၄ ဒသမ ၈၅ ဒေါ်လာနှုန်းဖြင့် လေလံအောင်ခဲ့တာ ဖြစ်ပါတယ်။ဖိလစ်ပိုင် အမျိုးသား အစ
ထိုင်းနိုင်ငံရှိ Franchises လုပ်ငန်းများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု သည် ယမန်နှစ်က ဘတ် ၂၅၀ ဘီလီယံရှိရာမှ ယခုနှစ်တွင် ဘတ် ၂၇၀ ဘီလီယံသို့ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။ ထိုင်း Franchises လုပ်ငန်းများ အနေဖြင့် ပြည်ပနိုင်ငံများသို့ တိုးချဲ့လုပ်ကိုင်ကြ ရန်လည်း အစိုးရက တွန်းအား ပေးဆောင်ရွက်လျက်ရှိပါသည်။ ယခု နှစ် သြဂုတ်လနှင့် ဒီဇင်ဘာလအတွင်း Franchises လုပ်ငန်းများပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆို ပါပြပွဲမှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်နိုင်မည့် အခွင့် အလမ်းများ ရရှိကြမည်ဖြစ်ပါသည်။
