Main menu

Background

ယခုတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၆၀၀၀၀ ကျော်တင်သွင်း

Fri, 06/23/2017 - 09:41 -- journal_editor

   ဇွန် ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၃၈၆၁၃ တန်ဖိုးရှိ ဒီဇယ် ၁၄၁၅၈ ဒသမ ၅၂ တန်နဲ့ အမေရိကန်ဒေါ်လာ ၂၈၆၇၅၁၁၆ တန်ဖိုးရှိ ဓာတ်ဆီ ၅၁၂၉၆ ဒသမ ၈၉၉ တန်၊ စုစုပေါင်း ၆၅၄၅၅ ဒသမ ၄၁၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၈၂၅၀၀ ကျော် နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆၈၀၀၀ ကျော် အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က ဒီဇယ်တစ်မျိုး တည်းသာ အဝင်ရှိခဲ့ပြီး ဓာတ်ဆီက ဒီတစ်ပတ်မှ ပြန်လည် တင်သွင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ် လာ ၆၁၀၇၅၅ တန်ဖိုးရှိ ဒီဇယ် ၁၂၄၄ ဒသမ ၇၄၉ တန် နဲ့ အမေရိကန်ဒေါ်လာ ၄၅၆၅၄၈ တန်ဖိုးရှိ ဓာတ်ဆီ ၇၈၈ ဒသမ ၈၄ တန်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ ၁၁၄၇၄၁၃ တန်ဖိုးရှိ ဒီဇယ် ၂၃၈၈ တန် တင် သွင်းခဲ့တယ်လို့ သိရပါ တယ်။  
         ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95) မှာဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတ ယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၆၈၀ ကျပ် ၊ အောက်တိန်း (92) ကျပ် ၆၈၅ ၊ အောက်တိန်း (95) ကျပ် ၇၃၀၊  အဆင့်မြင့်ဒီဇယ် ၇၁၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တ ယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့  ပီပါဈေးများမှာ ဇွန်လ ၁၂ ရက်က  ဒီဇယ် ဝယ်ဈေး ကျပ် ၁၃၅၀၀၀၊ ရောင်းဈေး ကျပ် ၁၃၈၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာဇွန်လ ၁၅ ရက်တွင် ဝယ်ဈေး ၊ ရောင်းဈေး ကျပ် ၅၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၁၂ ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ်၁၅၇၀၀၀၊ ရောင်းဈေး ကျပ် ၁၆၀၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ဇွန် ၁၅  ရက်တွင် ဝယ်ဈေး ကျပ် ၁၀၀၀ ဈေးကျခဲ့သော်လည်း ရောင်းဈေး ဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ နှိုင်းယှဉ်ရင် ဓာတ်ဆီဈေး နည်းနည်းငြိမ်နေသော်လည်း ဒီဇယ်ဈေး ကျခဲ့တယ်လို့ သိရပါတယ်။ပြင်ပလက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ် ကျပ် ၂၉၀၀၊ ဓာတ်ဆီ တစ်ဂါလံကျပ် ၃၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
         မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် အောက်တိန်း (92)၊အောက်တိန်း (95)မှာ ဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်မှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ အောက် တိန်း (95) တစ်လီတာ ကျပ် ၈၃၅၊ ဒီဇယ် တစ်လီတာ ကျပ် ၇၂၀ ၊အဆင့်မြင့်ဒီဇယ် တစ်လီတာ ၇၃၅ ကျပ်၊ အောက်တိန်း (92) တစ် လီတာ ကျပ် ၇၄၀ ၊ ဓာတ်ဆီ တစ်လီတာ ကျပ် ၈၀၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ပီပါဈေးများမှာ ဇွန် ၁၂ ရက်က ဒီဇယ်ဝယ်ဈေးကျပ် ၁၃၂၀၀၀၊ ရောင်း ဈေး ကျပ် ၁၃၅၀၀၀ နဲ့အေ ရာင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ ၁၅ ရက်တွင် ဝယ်ဈေး ကျပ်၊ ရောင်းဈေး ကျပ် ၁၀၀၀ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ အောက်တိန်း (92)ဈေးမှာ ဇွန် ၁၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၅၀၀၀၊ ရောင်းဈေးကျပ် ၁၃၈၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
          မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်ပြီး ဓာတ်ဆီ၊အဆင့်မြင့်ဒီဇယ် ၊ အောက်တိန်း (92) နဲ့ အောက်တိန်း (95)တို့ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ တစ်လီတာျဈေးများမှာအဆင့််မြင့်ဒီဇယ် ကျပ် ၇၆၀ ၊ အောက်တိန်း (92) ကျပ် ၇၄၀၊ အောက်တိန်း (95) ကျပ် ၇၈၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၄၀၀၊ အဆင့်မြင့် ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း(92) တစ်ဂါလံ ကျပ် ၃၄၀၀၊ အောက်တိန်း (95) တစ်ဂါလံ ကျပ် ၃၆၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးများမှာ ဈေး ငြိမ်နေ တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၇၄၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၇၀၊ အောက်တိန်း (92)၇၅၅ ကျပ်၊ အောက်တိန်း (95) ကျပ် ၈၈၀ နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရ ပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဒီဇယ်တစ်ဂါလံ ကျပ်၃၃၀၀၊ အောက်တိန်း (92)ကျပ် ၃၄၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT