Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 07/31/2023 - 12:10 -- journal_editor

ကမ္ဘာ့လောင်စာဆီ  ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင်Global Petrol Prices Website  ၌် ဖော်ပြထားရှိသည့် ဈေးနှုန်းများ အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၂  နိုင်ငံအနက် ဆွီဒင်နိုင်ငံသည် ယခုတစ် ပတ်တွင် ၄ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပေါ်တိုရီကို နိုင်ငံတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဆူရီနမ် နိုင်ငံတွင် ၄ ရာခိုင်နှုန်းနှင့် ဒိန်းမတ်နိုင်ငံတွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ဘာဘေဒို၊ ဘယ်လ်ဂျီယံ၊ အိုက်စလန်၊ အီတလီနှင့် ဂျော်ဒန် စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ယခင်အပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် အိုင်ယာလန်၊ ပိုလန်၊ ဟန်ဂေရီ၊ ဘရာဇီး၊ ဖင်လန်၊ အာဂျင်တီးနား နှင့် ဟေတီအပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၃၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၈၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီ ဈေး နှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ် အာဆီယံနိုင်ငံများအားလုံးတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည် ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ်  ဇူလိုင် ၁၇ ရက်တွင်Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၂ နိုင်ငံအနက် ဆွီဒင်နိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ပေါ်တို ရီကိုနိုင်ငံတွင် ၄ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဂွါတီမာလာနိုင်ငံတွင် ၃ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် နော်ဝေနိုင်ငံတွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေး နှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၃၄ နိုင်ငံရှိကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ နီပေါ၊ ပါကစ္စတန်၊ တောင် ကိုရီးယား၊ ဘာဘေဒို၊ ဟန်ဂေရီ၊ အိုက်စလန်၊ ကင်ညာနှင့် မိုနာကို စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၈၂ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ် နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် သြစတြီးယား၊ ဘရာဇီး၊ ဖင်လန်၊ ပါရာဂွေး၊ စိန့်လူစီယာနှင့် ဟေတီ အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်း ထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၇ ဒသမ ၅၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ ကြောင်း တွေ့ရှိရသည်။   
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင်  Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ် အာဆီယံ နိုင်ငံများအားလုံးတွင်  ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။ ပည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၃၀၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၁၀ ကျပ် အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့၌ ဓာတ်ဆီတစ်လီတာလျှင် ၃၂၀ဝ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၃၃၅၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၁၀ဝ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၁၀ဝ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၃၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၃၂၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၃၅ ကျပ်ဖြင့် အနည်း ဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၄၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၁၀ဝ ကျပ်သို့ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါ သည်။ 

P&S