Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်  

Mon, 07/17/2023 - 16:13 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက်  အာဂျင်တီးနားနိုင်ငံသည် ယခု တစ်ပတ်တွင်  ၁၀ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နယ်သာလန်နိုင်ငံတွင် ၈ ဒသမ ၄၀ ရာခိုင် နှုန်း၊ ဘရာဇီးနိုင်ငံတွင် ၆ ရာခိုင်နှုန်းနှင့် ဖင်လန်နိုင်ငံတွင် ၅ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင် ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အန်ဒိုရာ၊ ဘာဘေဒို၊ ဂျာမနီ၊ ဂရိ၊ အီတလီ နှင့် ပီရူး စသည့် နိုင်ငံများ  အပါအဝင် နိုင်ငံပေါင်း ၉၀ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီ ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ပိုလန်၊ မိုနာကို၊ ဘယ်လ်ဂျီယံ၊ ဂွါတီမာလာ၊ နော်ဝေနှင့် တန်ဇန်းနီးယား အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ ၅ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏  ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်း များအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံ များအားလုံးတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည်  ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် Global Petrol Prices Website ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက် အာဂျင်တီးနားနိုင်ငံသည် ယခုတစ်ပတ်တွင် ၁၂ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး နယ်သာလန် နိုင်ငံတွင် ၇ ရာခိုင်နှုန်း၊ ဖင်လန်နိုင်ငံတွင် ၅ ဒသမ ၇၀ ရာခိုင်နှုန်းနှင့် ပနားမားနိုင်ငံတွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေး နှုန်း မြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၁ နိုင်ငံရှိကြောင်း  တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ အီဂျစ်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ဂျော်ဒန်၊ ကင်ညာနှင့် ဆွီဒင် စသည့်နိုင်ငံ များ အပါအဝင် နိုင်ငံပေါင်း ၈၆ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်း များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း   ကျဆင်းသွားသည့်    နိုင်ငံများအနေဖြင့် ဖိလစ်ပိုင်၊ ဂွါတီမာလာ၊ လီဆိုသို၊ ဘရာဇီး၊ နော်ဝေ၊ မိုနာကိုနှင့် ယူဂန်ဒါ  အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေး နှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၈၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။   
အာဆီယံနိုင်ငံများ၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက် Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများ အနေဖြင့် ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်းခဲ့ပြီး ကျန်အာဆီယံနိုင်ငံများ အားလုံးတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။  
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၁၆၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၀၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၆၀ ကျပ် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ဟားခါးမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၃၅၀ဝ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၃၅၇၀ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၉၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၉၂၀ ကျပ်ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၀၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၂၀၅၀၊ ပဲခူးမြို့တွင် ဓာတ်ဆီတစ်လီတာ လျှင် ၂၁၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၅၅ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၆၀ ကျပ်နှင့်  ဒီဇယ်တစ်လီတာလျှင်  ၇၀ ကျပ်သို့  ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။