Main menu

Background

ပြည်တွင်းရွှေဈေးကွက် အရောင်းအဝယ်အေးနေ

Wed, 11/02/2022 - 15:54 -- journal_editor

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေးများ ငြိမ်နေခြင်းကြောင့် ရွှေအရောင်းအဝယ်မှာလည်း အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း (YGEA) မှသိရသည်။ယခု ၂၀၂၂ ခုနှစ် သြဂုတ်လက တစ်ကျပ် သား ကို ကျပ် ၃၈ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်းအကယ်ဒမီ (မီးလင်း)အခေါက်ရွှေဈေးမှာ ကျပ် ၁၀ သိန်းကျော်အထိ ပြုတ်ကျသွားပြီးနောက် လက်ရှိတွင် အတက်အကျ မကြမ်းတော့ဘဲဈေးငြိမ်နေခြင်းဖြစ်သည်။
"ဒေါ်လာဈေးတွေငြိမ်နေတဲ့အပြင သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရွှေလုပ်ငန်းရှင်များ အသင်းအဖွဲ့များက ဦးဆောင်ပြီးတော့ ရွှေတွေ ရောင်းချပေးနေတာ ကြောင့်လည်း ပြည်တွင်းရွှေဈေးကအတက်အကျမကြမ်းတော့ဘဲ အရောင်းအဝယ် အေးနေတာဖြစ်ပါတယ်"ဟု  YGEA မှ  တာဝန်ရှိသူတစ်ဦးကပြောသည်။YGEAက ထုတ်ပြန်သည့် တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောပြည်တွင်းရွှေဈေး နှုန်းများမှာ အောက်တိုဘာ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၉၆၁၀ဝ၀၊ ၁၅ ရက်တွင် ကျပ် ၁၉၃၇၀ဝ၀ ၊၁၇ ရက် နှင့် ၁၈ ရက် တွင်  ၁၉၅၀ဝ၀ဝ၊ ၁၉ ရက်တွင် ၁၉၄၀ဝ၀ဝ၊ ၂၀ ရက်တွင် ကျပ် ၁၉၂၀ဝ၀ဝစသည်ဖြင့် အသီးသီး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။                                             
ပန်းဆု