မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လည်း လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့်ပစ္စည်းများကို ဒေသတွင်းမွေးမြူသည့် နွား၊ ဆိတ်၊ ကြက်၊ ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။
ယခုမေလစတုတ္ထပတ် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များမှ ထုတ်လုပ်သည့် တိရစ္ဆာန်အစာ ဈေးနှုန်းများမှာ ပဲဖတ်အခွံပါ တစ်ပိဿာလျှင် ကျပ် ၅၁၅၀၊ ပဲဖတ် အသန့်တစ်ပိဿာလျှင် ကျပ် ၉၅၀ဝ၊ ဝါဖတ်အပွဖတ် တစ်ပိဿာ လျှင် ကျပ် ၃၅၀ဝ၊ ဝါဖတ်အကျစ်ဖတ် တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ၊ နှမ်းဖတ်တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ၊ ပဲခွံ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ နေကြာဖတ်တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ဆန်ဖွဲနု(ရှယ်) တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ၊ ဆန်ဖွဲနုတစ်ပိဿာ လျှင် ကျပ် ၁၉၀ဝ၊ ဆန်ဖွဲနုကြမ်းတစ်ပိဿာလျှင် ကျပ် ၉၅၀၊ ဆန်ကွဲတစ်ပိဿာလျှင် ကျပ် ၂၄၀ဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။
ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် ပဲဖတ်အခွံပါ တစ်ပိဿာ လျှင် ကျပ် ၁၅၀၊ ပဲဖတ်အသန့် တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၊ ဝါဖတ် အပွဖတ် တစ်ပိဿာလျှင် ကျပ် ၈၀ဝ၊ ဝါဖတ်အကျစ်ဖတ် တစ်ပိဿာ လျှင် ကျပ် ၃၀ဝ၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၊ ပဲခွံ တစ်ပိဿာ လျှင် ကျပ် ၁၃၀ဝ၊ ဆန်ဖွဲနု(ရှယ်) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၊ ဆန်ဖွဲနု တစ်ပိဿာလျှင် ကျပ် ၂၀ဝ၊ ဆန်ဖွဲနုကြမ်း တစ်ပိဿာလျှင် ကျပ် ၃၀ဝ၊ ဆန်ကွဲ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၊ နေကြာဖတ်တစ်ပိဿာလျှင် ကျပ် ၃၀ဝ ခန့် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဈေးနှုန်း မြင့်တက်လာရခြင်းမှာ သယ်ယူစရိတ်များ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ဈေးကွက်အနေဖြင့် ပဲဖတ်၊ နှမ်းဖတ်၊ ဝါကြိတ်ဖတ်၊ ဆန်ကွဲ၊ ဆန်ဖွဲနု၊ ဆန်ဖွဲနုကြမ်းများကို ဒေသတွင်းမွေးမြူရေးလုပ်ငန်းများအပြင် ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်သာ၊ ကျောက်ပတောင်း၊
အောင်ပန်း၊ လွိုင်ကော်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း တိရစ္ဆာန် အစာရောင်းဝယ်ရေး လုပ်ငန်းများမှ သိရှိရသည်။
မြို့ရီ (doca၊ မိတ္ထီလာ)
