Main menu

Background

နယ်စပ်ဂိတ် ငါးခုမှ တရုတ်ထံ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း၁၂၀ဝ ကျော်ရှိနေ

Wed, 11/02/2022 - 16:10 -- journal_editor

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်းနယ်စပ်ဂိတ် ငါးခုမှတရုတ်ထံကုန်သွယ်မှု  အမေရိကန်ဒေါ်လာ သန်း ၁၂၀ဝ ကျော်ရှိနေပြီဖြစ်ကြောင်း    စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန    ကုန်သွယ်ရေးဦးစီး ဌာနမှ  သိရ သည်။ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခြောက်လတာ ကာလအတွင်းအဆိုပါ နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုမှာ စုစု ပေါင်း အမေရိကန်ဒေါ်လာ ၁၂၂၆ သန်း  ကုန်သွယ်မှု ပြုလုပ်ထား ခြင်းဖြစ်သည်။အဆိုပါ ကာလ အတွင်းမူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ကုန်သွယ်မှုမှာအမေ ရိကန်ဒေါ်လာ ၁၁၀၁ ဒသမ ၃၁ သန်းရှိကြောင်း သိရသည်။အလားတူ  ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန် သွယ် မှုမှာ အမေရိကန်ဒေါ်လာ ၇၇ ဒသမ ဝ၃ သန်း ရှိပြီး ကန်ပိုက် တီးနယ်စပ်ကုန်သွယ်ရေးစခန်းအနေနှင့်လည်း    အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၇၆ သန်း ကုန်သွယ်မှု  ပြုလုပ်ထားနိုင်ကြောင်း သိရသည်။ ထို့အတူ ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေး  စခန်းမှလည်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ သန်း ကုန်သွယ်မှုပြုလုပ်ထားနိုင်ခဲ့ ကြောင်း သိရသည်။ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကုန် သွယ်မှုမှာ ယခုဘဏ္ဍာနှစ်   ခြောက်လတာကာလအတွင်း  ထိုင်း နိုင်ငံပြီးလျှင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုမှာ  ဒုတိယအများဆုံးဖြစ် ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့်  လက်ရှိတွင်  နယ်စပ်ကုန်သွယ်ရေး စခန်း ၁၈ခုခန့်မှတစ်ဆင့် တရုတ်၊   ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အစရှိသည့် နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။