မြဝတီကုန်သွယ်ရေးဇုန်၏ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၁၁ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄၃ သန်း၊ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃ဒသမ ၆၅၄ သန်းဖြစ်ပြီး ယခင်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ၂၉၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၈၇၆ သန်း လျော့နည်းခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၁ သန်း လျော့နည်းခဲ့ကြောင်းသိရသည်။
အနီးစပ်ဆုံးထက်ပို့ကုန်ပိုင်းတွင် လျော့နည်းခြင်းမှာ လယ်ယာထွက်ပစ္စည်းအုပ်စု၊ ရေထွက်ပစ္စည်းအုပ်စု၊ စက်မှု ကုန်ချောပစ္စည်းအုပ်စုနှင့် အခြားပစ္စည်းအုပ်စုတို့တွင် တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်တစ်ပတ်ထက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၂ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၃ သန်း၊ လူသုံးကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၈၁ သန်းလျော့နည်းခဲ့ခြင်းဖြစ်သည်။
အိမ့် (DOT)