Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Tue, 05/07/2024 - 11:32 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၄ ခုနှစ် ဧပြီ ၂၀  ရက်မှ ၂၆ ရက်ထိ လုပ်ငန်း ဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၀ဝ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ဖြစ်သည်။
အနီးစပ်ဆုံး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သွင်းကုန်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု မရှိသော်လည်း ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ သုည ဒသမ ၄၂၇ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။ 
ယခုပတ်တွင် ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှု ကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတို့ တင်ပို့မှုမရှိသော်လည်း လယ်ယာထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်းပိုမိုခဲ့ခြင်းဖြစ်သည်။ သွင်းကုန်ပိုင်းတွင် ယခင်ပတ်နှင့် ယခုပတ်တွင် လုပ်ငန်းဆောင်ရွက်မှုမရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရှိရသည်။                                                                                                              

အိမ့် (DOT)