မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက် ပြည့်မီကျော် လွန်စေရေးအတွက် လစဉ် နောက်ဆုံးရက်သတ္တပတ်တွင် ကုန်သွယ် မှုမြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစည်းအဝေးကို ကျင်းပကာ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်း၍ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်လျက်ရှိ သည်။
အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်မှာ ကုန်သွယ်မှု ချောမွေ့စေရေး၊ ပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်သည် လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို ဌာနဆိုင် ရာများအနေဖြင့် မူဘောင်အတွင်းမှ ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေး နိုင်ရေး၊ လိုအပ်ပါက အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက် တောင်းခံ တင်ပြပေးရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အထောက် အကူဖြစ်စေသည့် သတင်းအချက်အလက်များ၊ အကြံÓဏ်များ ရရှိ ပြီး တရားဝင်ကုန်သွယ်မှု တိုးတက်ရေးနှင့် လစဉ် ကုန်သွယ်မှုလျာ ထားချက်များကို ပြည့်မီကျော်လွန်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဖေဖော်ဝါရီလအတွက် ကျင်းပပြုလုပ်သည့် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်တွင် မြိတ်မြို့ရှိ မြိတ်ကုန် သွယ်ရေးစခန်း၌ ကျင်းပခဲ့သည်။ ထိုကဲ့သို့ စဉ်ဆက်မပြတ် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခု ဖေဖော်ဝါရီလ ၁ ရက်မှ ၂၄ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၄ဒသမ၄၀၁ ဆောင်ရွက်နိုင်သဖြင့် ယခင်ဇန်နဝါရီ ပို့ကုန်ထက် တန်ဖိုး အမေရိကန် ဒေါ်လာသန်း သုည ဒသမ ၄ သန်း ပိုမိုတင်ပို့နိုင်ခဲ့သည်။
ထို့ပြင် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လထိ) လျာထားချက် ပို့ကုန် အမေရိကန် ဒေါ်လာ ၉၃ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၉၀၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၃ သန်းဖြစ်ပြီး လျာ ထားချက်အပေါ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ မှ ဖေဖော်ဝါရီလ ၂၄ ရက်ထိ) ပို့ကုန် အမေရိကန်ဒေါ်လာ ၆၂ သန်း ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၀၆ သန်း ရာခိုင်နှုန်း အားဖြင့် ၁၀၇ ရာခိုင်နှုန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၈ သန်း ရာခိုင်နှုန်းအားဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ လျာထားချက်သည် ပို့ကုန် အမေရိကန် ဒေါ်လာ ကိုးသန်း သွင်းကုန်အမေရိကန်ဒေါ်လာ ၇ သန်း၊ ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ သန်းဖြစ်ပြီး မတ်လတွင် လျာ ထားချက် ပြည့်မီစေရေး တစ်ရက်လျှင် ပို့ကုန် အမေရိကန်ဒေါ်လာ သုံးသိန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ နှစ်သိန်း ရရှိနိုင်ရေးအတွက် ကြိုတင်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မြိတ်ကုန်သွယ်ရေးစခန်း