အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၄၆ ဒသမ ၈၄၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံ မှ တန်ချိန် ၂၅၀ဝ၀ ကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၂၇၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံမှ တန်ချိန် ၈၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၂၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃၈၀ဝ ကျော်၊ တောင် ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၇၀ဝ ကျော်၊မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ ကျော်၊အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၂၀ကျော်၊စပိန်နိုင်ငံမှတန်ချိန် ၁၅ တန်ကျော်နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ငါးတန် ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၃၅၀ဝ၀ ကျော် လျော့ နည်းတင်သွင်းခဲ့ကြောင်း သိရသည်။နယ်စပ်ကုန်သွယ်မှုမှ ယခုတစ်ပတ်အတွင်းအမေရိကန်ဒေါ်လာ ၄ ဒသမ ၂၈၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၁၀ဝ၀ ကျော်တင်သွင်းခဲ့သည်။တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတန်ချိန် ၅၇၀ဝ ကျော်၊ ထိုင်းနိုင်ငံမှတန်ချိန်၃၇၀ဝ ကျော်၊ နှင့် အိန္ဒိယနိုင်ငံမှ တန်ချိန် ၁၁၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာအများဆုံးတင်သွင်းကြောင်း သိရသည်။အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဓာတ်မြေ သြဇာတန်ချိန် ၁၄၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရ သည်။
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၆၀ သန်း တန်ဖိုးရှိဘိလပ်မြေတန်ချိန် ၃၅၀ဝ ကျော်တင်သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှတန်ချိန် ၃၀ဝ၀ကျော်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၄၀ဝကျော်၊ မလေးရှား နိုင်ငံမှ တန်ချိန် ၁၅၀ ခန့်၊ အနီးစပ်ဆုံး ကာလနှင့်နှိုင်းယှဉ်ပါက ဘိလပ်မြေတန်ချိန် ၉၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရ သည်။နယ်စပ်ကုန်သွယ်မှုမှ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက် ထိကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၃၄ သန်း တန်ဖိုးရှိဘိလပ်မြေတန်ချိန် ၂၅၀ဝ၀ ကျော်အား ထိုင်းနိုင်ငံမှတင်သွင်းခဲ့သည်။အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှဓာတ်မြေသြဇာတန်ချိန် ၂၈၀ဝ ကျော်ပိုမို တင် သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)
Background