Main menu

Background

စက်တင်ဘာလအတွင်း ထိုင်း-ပါကစ္စတန (FTA) ညှိနှိုင်း ဆွေးနွေးပွဲများ ကျင်းပမည်

Wed, 09/02/2015 - 16:41 -- journal_editor

ထိုင်းနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံ တို့အကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် (FTA) ချုပ်ဆိုနိုင် ရေးအတွက် ပထမဆုံးအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလအတွင်း စတင်ကျင်းပမည်ဖြစ်ပါသည်။ နှစ်နိုင်ငံ အကြား (FTA)  ဆိုင်ရာ ညှိနှိုင်းဆွေးနွေး မှုများကို ၂၀၁၇ ခုနှစ်တွင် အပြီးသတ် ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။ပါကစ္စတန်နိုင်ငံ၌ သြဂုတ်လ ၁၂ရက်နှင့်၁၃ ရက်နေ့တို့တွင် ကျင်းပ ခဲ့သော တတိယအကြိမ် ပူးတွဲကုန်သွယ် ရေးကော်မတီ အစည်းအဝေး၌ ထိုင်း နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏   (FTA) ဆိုင်ရာ     ညှိနှိုင်းဆွေးနွေးမှုများကို စက်တင်ဘာလတွင် စတင်မည်ဟု သဘောတူကြေညာခဲ့ကြောင်း သိရှိရပါ သည်။
အဆိုပါ    အစည်းအဝေး၌ နှစ်နိုင်ငံအကြာ (FTA)  သည် နှစ်နိုင်ငံ ပြည်ပတင်ပို့မှုများသာမက ရင်းနှီးမြှုပ်နှံ မှုတိုးချဲ့ရန် အထောက်အကူဖြစ်စေမည် ဟု ယုံကြည်ကြောင်း ပါကစ္စတန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးက ပြောကြားခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံသည် ထိုင်းနိုင်ငံ ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့ သို့ အဓိကပို့ကုန်ဈေးကွက်လည်းဖြစ်ပါ သည်။ ပါကစ္စတန်နိုင်ငံသည် ထိုင်းနိုင်ငံ ၏ ဒုတိယအများဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပါသည်။
ထိုင်း- ပါကစ္စတန်နှစ်နိုင်ငံ ကုန်သွယ်မှုသည် တဖြည်းဖြည်းမြင့် တက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၀ ပြည့်နှစ်၌ အမေရိကန်ဒေါ်လာ ၉၁၆သန်းရှိခဲ့ရာမှ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၂ ဘီလီယံအထိ မြင့်တက်ခဲ့ ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှု ပိုငွေ(Trade Surplus) ရလျက်ရှိ ကြောင်း၊ ပြီးခဲ့သည်နှစ်၌ ထိုင်းနိုင်ငံမှ ပါကစ္စတန်နိုင်ငံသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈၇၆ သန်းရှိပြီး ထိုင်းနိုင်ငံအနေဖြင့် ပါကစ္စတန်မှ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ သန်း ၁၄၀ သာရှိကြောင်း သိရှိရပါ သည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့