Main menu

Background

ဖိလစ်ပိုင်နိုင်ငံတွင် တင်သွင်းသည့် ဆန်၏ ရည်ညွှန်းဈေးအား တစ်ကီလိုလျှင် ၄၃ ပီဆိုသို့ လျှော့ချသတ်မှတ်

Mon, 07/07/2025 - 15:47 -- journal_editor

၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ တင် သွင်းသည့် ဆန်ဈေးနှုန်းအား တစ်ကီလိုလျှင် ၄၅ ပီဆိုမှ ၄၃ ပီဆိုသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း ဖိလစ်ပိုင်  စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ သည်။  ထိုသို့ လျှော့ချသတ်မှတ်ရခြင်းမှာ လတ် တလော  ကမ္ဘာ့ဆန်ဈေးနှုန်း  ကျဆင်းနေမှုကို အကာအကွယ်ဖြစ်စေရန်အတွက် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဗဟိုဘဏ်မှလည်း  အလုပ်အကိုင်၊ အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေးလုပ် ဆောင်ချက်များ ပိုမိုဆောင်ရွက်နိုင်ရန် အတိုးနှုန်း များ  လျှော့ချပေးလျက်ရှိပြီး  သို့မှသာ ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး  ဆောင်ရွက်ရာတွင် အကူ အညီ အထောက်အပံ့ဖြစ်စေသည့် ငွေကြေးဖောင်း ပွနှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ 
ဆန်စပါးဆိုင်ရာ  ငွေကြေးဖောင်းပွမှုနှုန်း Rice Inflation) သည်လည်း ကျဆင်းလျက်ရှိပြီး rice-for-all program အောက်မှ ရောင်းချမည့် ရည်ညွှန်းဈေးကို   ညှိနှိုင်းသတ်မှတ်ခြင်းဖြစ် ကြောင်း၊ တင်သွင်းလာသည့်ဆန်များအား ဈေး ကွက်တွင်း  ရောင်းချရမည့် ရည်ညွှန်းဈေး သတ် မှတ်ချက်ကို   ၂၀၂၅ ခုနှစ်  ဇန်နဝါရီမှ  စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အခွန်နှုန်းထားအား ၃၅ရာ ခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်းကို ဆက်လက်သက် တမ်းတိုးခဲ့ခြင်းကြောင့်   ဈေးကွက်ထိခိုက်မှု  မရှိ ကြောင်း ဖော်ပြထားသည်။ 
အိန္ဒိယနိုင်ငံမှ   ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့ခြင်းကို ပြန်လည်ခွင့်ပြုခဲ့သဖြင့် ကမ္ဘာ့ ဆန်ဈေးနှုန်းကျဆင်းခဲ့ခြင်းကြောင့် ရည်ညွှန်းဈေး သတ်မှတ်သည့်  စနစ်ကို အကောင်အထည်ဖော် ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၈ ရက်တွင်  တစ်ကီလို လျှင် ၅၈ ပီဆို သတ်မှတ်ရာမှ မတ် ၃၁ ရက်တွင် တစ်ကီလိုလျှင် ၄၅ ပီဆိုသို့ တဖြည်းဖြည်းချင်း လျှော့ချခဲ့ကြောင်း၊ ယခု တစ်ကီလိုလျှင် ၄၃ ပီဆို အဖြစ် ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 
သမ္မတ  မားကို့စ်ဂျူနီယာ၏ သမ္မတသက် တမ်းပြီးမြောက်မည့် ၂၀၂၈ ခုနှစ်တာကာလအထိ ဆန် တစ်ကီလိုလျှင် ပီဆို ၂၀ သတ်မှတ်ပြီး အစိုးရ မှ  ရောင်းချပေးနေသည့်  rice program များကို လည်း ချဲ့ထွင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အစီအစဉ်များအရ  ဇွန် ၄ ရက်အထိ လူပေါင်း ၄၀ဝ၀ဝ နီးပါး  သို့မဟုတ်  အိမ်ထောင်စုပေါင်း ၉၄၈၇ အတွက်   အထောက်အပံ့ဖြစ်စေခဲ့ ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားထားသည်။  အမျိုးသား စားနပ်ရိက္ခာဖူလုံရေး အာဏာပိုင်အဖွဲ့ ၏ သတ်မှတ်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၃၃ ပီဆို ဖြစ်သဖြင့် ကွာဟချက် ၁၃ ပီဆိုကို ကာမိစေရန် သက်ဆိုင်ရာ   ဒေသအာဏာပိုင်  အစိုးရ  အဖွဲ့ အစည်းများနှင့် Food Terminal Inc. တို့မှ တစ် ကီလိုလျှင် ၆ ဒသမ  ၅၀ ပီဆို ကျခံပေးရန် လိုအပ် သည်။ အစိုးရနောက်ခံ  ဆန်သက်သာဆိုင်များ ဖြစ်သောKadiwa Outlets များတွင် ဆန်တစ် ကီလိုရောင်းချခြင်းမှ ၉ ပီဆိုကို အဆိုပါ Food Ter- minal Inc.   များမှရရှိခံစားကြောင်း ဖော်ပြပါရှိသည်။ 
ယခုကဲ့သို့ အစိုးရမှဆန်သက်သာဆိုင်များ ဖွင့်လှစ်ရောင်းချ ပေးနေခြင်းကို အမြဲတမ်းဆောင် ရွက်ပေးမည်ဆိုပါက အစိုးရ၏ အသုံးစရိတ်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အသေး  စိတ် လေ့လာပြီး မူဝါဒများချမှတ်နိုင်ရေး အောက် လွှတ်တော်ကိုယ်စားလှယ်များသို့  ညွှန်ကြားထား ကြောင်း ဖော်ပြထားသည်။ 
 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)