Main menu

Background

ရုရှားဆေးဝါးကုမ္ပဏီက အင်ဒိုနီးရှားတွင် ဆေးဝါးများ မှတ်ပုံတင်ခြင်းစတင်

Mon, 06/02/2025 - 12:25 -- journal_editor

ရုရှားနိုင်ငံ Binnopharm Group ကုမ္ပဏိသည် အင်ဒိုနီးရှားနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ခြင်း ဆိုင်ရာ ဆေးဝါးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို စတင်ခဲ့ပြီး ယခုနှစ်အတွင်း ပထမဆုံးရလဒ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် အရှေ့တောင်အာရှတွင် ကုမ္ပဏီ၏လုပ်ငန်းများ ရေရှည် ပူးပေါင်းဆောင်ရွက်မှုနှင့် ချဲ့ထွင်မှုများအတွက်အခြေခံဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Rustem Muratov က ပြောကြားခဲ့သည်။ Binnopharm Group သည် အင်ဒိုနီးရှားရှိ ရုရှားပို့ကုန်စင်တာ၏ စီးပွားရေးမစ်ရှင်နှင့် ျွသျခသညါမနျ ဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် စီစဉ်ကျင်းပသော ရုရှား-အင်ဒိုနီးရှား စီးပွားရေးဖိုရမ်တွင် ပါဝင်ခဲ့သည်။ စီးပွားရေးမစ်ရှင်တွင် ပါဝင်ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအပေါ် တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ငြညညသစ့မောွမသကစ ၏ မဟာဗျူဟာလမ်းစဉ်ကို အတည်ပြုခဲ့သည်။ ကုမ္ပဏီကိုမိတ်ဆက်ရုံသာမက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဒေသတွင်းရှိအခြားနိုင်ငံများမှ အလားအလာရှိသော မိတ်ဖက်များ၊ ဖြန့်ဖြူးသူများနှင့် ထုတ်လုပ်သူအများအပြားနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ရုရှားကုမ္ပဏီများအတွက် အရေးပါသော မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်လာခဲ့သည်။ ၂၀၂၄ခုနှစ်တွင် ရုရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိ
မြင့်တက်လာခဲ့ကြောင်း သိရသည်။
Source :https://www.kommersant.ru/doc/7696128

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)