ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လိုအပ်ချက်အား ပြည့်မီရန် ပါကစ္စတန်နှင့် အိန္ဒိယနှစ်နိုင်ငံမှ စုစုပေါင်း ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးနေမှုမှာ ပြီးစီးခါနီးအခြေအနေတွင် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံ ဆန်လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်း ဖြစ်သော တစ်သန်းအား နှစ်စဉ်တင်သွင်းခွင့်ရရှိရန် နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။ အလားတူ အိန္ဒိယနိုင်ငံနှင့်လည်း ညှိနှိုင်းဆွေးနွေးနေဆဲဖြစ် ကြောင်းနှင့် ဆန်ရောင်းချသည့်နိုင်ငံများကြား တန်းတူရောင်း ချခွင့်နှင့် ယှဉ်ပြိုင်ခွင့်ရရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။
သမ္မတ မားကို့စ်ဂျူနီယာ၏ ဆန်တင်သွင်းခြင်းဆိုင်ရာ မဟာဗျူဟာမြောက်သော နေရာများမှ ဝယ်ယူခြင်းသည် စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာ ရရှိနိုင်စေနိုင် မည်ဖြစ်သည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံ၏ ထိပ်တန်းဆန်ရောင်းချတင်ပို့နေသူဖြစ်နေပြီး ဆန် တန်ချိန် ၁ ဒသမ ၅ သန်းမှ ၂ သန်းထိ တင်သွင်းရန် ငါးနှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးထား ကြောင်းနှင့် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင် ဝယ်ယူခြင်းကလည်း ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ဈေးနှုန်းနှင့် ပြည်တွင်းဆန်ရိက္ခာ ဖူလုံစေသည့် အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မည်ဟု ပြော ကြားထားသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ျွငခန-်သမ-ဗူ ဏမသါမော အတွက် လည်း ပြည်တွင်းရှိ ဆန်တင်သွင်းသူများမှလည်း ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆန်တစ်ကီလိုလျှင် ပီဆို ၄၀၊ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် ေိုငတေ ှအသမန များကိုလည်း ရည်မှန်းထားသည့်အတိုင်း လာမည့် ဇန်နဝါရီလမတိုင်မီ ဆိုင်ခွဲပေါင်း ၃၀ဝ အထိ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ပြည် တွင်းရှိ ဆန်ကုန်သည်များနှင့် နိုင်ငံတကာမှ ဆန်ရောင်းချသူ များအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး ဝန်ကြီးက ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် တစ်သန်းခန့်အထိ တင်ပို့နိုင် သည်ဟု ပြောကြားထားကြောင်းသိရသည်။
ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)