တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အရှိန်အဟုန် နှေးကွေး လာသည့်အပြင် ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် မသေချာ မရေရာမှုများရှိနေသည့်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အလေး ထား၍ ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းကို နိုဝင်ဘာ ၂၈ ရက်တွင် သုည ဒသမ၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချပေးခဲ့သည်။ ပြည်တွင်း ငွေကြေးဖောင်းပွ နှုန်း တည်ငြိမ်လာသည့်အတွက် အတိုးနှုန်း လျှော့ချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟုလည်းThe Korea Times ၏ နိုဝင်ဘာ ၂၈ ရက်နေ့ထုတ်သတင်းစာတွင် ဖော်ပြ ထားသည်။
တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ ငွေကြေးမူဝါဒကော်မတီသည် ပြည်တွင်း အတိုးနှုန်းကို အောက်တိုဘာ ၁၁ ရက်မတိုင်မီအထိ ၃ ဒသမ၅ ရာခိုင်နှုန်း သတ် မှတ်ထားခဲ့သည်။ အောက်တိုဘာ ၁၁ ရက်တွင် ပြည်တွင်းအတိုးနှုန်းကို သုည ဒသမ၂၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီးဖြစ်သည်။ ယခုတစ်ကြိမ် အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချပေးလိုက်သည့်အတွက် လက်ရှိသတ်မှတ် အတိုးနှုန်းမှာ ၃ ရာခိုင်နှုန်းဖြစ်သည်။
ပပ၊ စီးပွားရေးသံမှူး
Source: koreatimes.co.kr