တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေ သည့် အကျိုးဆက်ကြောင့် ကိုရီးယားဝမ်ငွေသည် အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တန်ဖိုးကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာ လျှင် ၁၄၅၀ ဝမ်အထက်သို့ ရောက်ရှိလာသည်။ ယင်းသို့ ဝမ်ငွေတန်ဖိုး ကျဆင်းမှုသည် ခရီးသွားလုပ်ငန်းများနှင့် ပြည်ပတွင် ကျောင်းတက် နေသူများကိုသာမက ကဏ္ဍအမျိုးမျိုးမှ ပြည်သူများအတွက် စိုးရိမ် စရာတစ်ခုဖြစ်လာသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နောက်ပိုင်း ပြည်တွင်းသို့ ခရီး သည် ဝင်ရောက်မှု လျော့ကျလာခဲ့ပြီး ပြည်ပမှ ခရီးသည်များသာမက တောင်ကိုရီးယားနိုင်ငံသားများက ပြည်ပသို့ခရီးသွားရန် စီစဉ်ထားမှု များကိုလည်း ဖျက်သိမ်းလာကြသည်။ ပြည်တွင်းသို့ တရုတ်နိုင်ငံမှခရီး သည်များ အဝင်များမည်ဟု မျှော်မှန်းထားသော်လည်း ထင်ထားသည် နှင့်ကွဲလွဲပြီး ခရီးသည်ဝင်ရောက်မှု နည်းပါးနေသည်။ နိုင်ငံတကာ ခရီးသွားများအသုံးများသည့် Online Communities များတွင် ဝမ်ငွေ တန်ဖိုး ကျဆင်းနေခြင်းကြောင့် အခြားသော နိုင်ငံများသို့သာ သွား ရောက်ရန် အစီအစဉ်ပြောင်းလိုက်ကြောင်း ရေးသားဖော်ပြနေကြ သည်။
ဝမ်ငွေတန်ဖိုး ဆက်လက်ကျဆင်းမည်ဆိုပါက ပြည်ပတွင် သွားရောက်ပညာသင်ကြားနေကြသော ကိုရီးယားနိုင်ငံသားများ သည်လည်း အိမ်သို့ပြန်လာရမည့် အလားအလာများနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ရှိလာသည်။ သို့ဖြစ်၍ လာမည့်စာသင်နှစ်အတွက် ကျောင်းလခနှင့် အဆောင်လခများ ပေးချေရန် ငွေများကို ကြိုတင် လဲလှယ်ထားကြသည်။
ပြည်တွင်း၌ ဝမ်ငွေဖြင့်လစာရသည့် နိုင်ငံခြားသားလုပ်သား များကလည်း ဝမ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ၎င်းတို့ မိသားစုများ ထံသို့ ငွေလွှဲပို့ရာတွင် လျော့နည်း၍ရရှိလာကြမည်ကို စိုးရိမ်ပူပန်ကြ သည်။ သို့သော် အမေရိကန်ဒေါ်လာဖြင့် ဝင်ငွေရရှိသူများအနေဖြင့် ယခုအချိန်တွင် အကျိုးအမြတ်များနေကြောင်း ဒီဇင်ဘာ ၂၅ ရက် ထုတ် Korea Times သတင်းစာတွင် ဖော်ပြထားပါသည်။
Source: https://www.koreatimes.co.kr/www/biz/2024/12/175_389094.html,
ပပ၊ စီးပွားရေးသံမှူး